(005MK)
မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီး Lengpui လေဆိပ်တွင် လေယာဉ်ပြေးလမ်းချော်ကာ မတော်တဆဖြစ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီတပ်ဖွဲ့၀င်များကို သွားကယ်သည့် အရေးပေါ်လူနာတင်ယာဉ်သည်လည်း လေဆိပ်အထွက်တွင် ယာဉ်မတော်တဆ ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။
မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးကြသော စစ်ကောင်စီတပ်သားများကို သယ် ဆောင်ရန် Lengpui လေဆိပ်သို့ ဆင်းသက်လာသော စစ်ကောင်စီလေကြောင်းလိုင်းသည် ယနေ့ မနက်ပိုင်း ၁၀ နာရီခွဲ၀န်းကျင်ခန့်က ပြေးလမ်းချော်မှုကြောင့် လေယာဉ်ပေါ်ပါလာသော လေယာဉ်မှူးနှင့် အမှုထမ်း ၁၄ ဉီးအနက် ၈ ဦး ဒဏ်ရာရရှိခဲ့ကြသည်။
ဒဏ်ရာရရှိသော လေယာဉ်အမှုထမ်းများကို ဆေးရုံသို့ပို့ဆောင်ရန် လေဆိပ်သို့သွားကြိုသော အရေးပေါ်လူနာတင်ကား သည် လေဆိပ်အထွက် ခုံးကျော်တံတားနှင့်ငြိပြီး အချိန်အတော်ကြာ ဆွဲထုတ်၍မရဖြစ်ကာ သောင်တင်ခဲ့ရသည်ဟု ဒေသ တွင်းမီဒီယာများကဖော်ပြသည်။
အဆိုပါဖြစ်စဉ်ကြောင့် လူနာယာဉ်ပေါ်ပါလာသော လူနာများ ထပ်မံထိခိုက်မှုရှိ/မရှိ မသိရသော်လည်း အရေးပေါ် လူနာတင်ကားမှာ အတော်လေးပျက်စီးသွားခဲ့ရသည် ဆိုသည်။
ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ရှုံးမှုကြောင့် အရာရှိ ၃၆ အပါအ၀င် စစ်ကောင်စီတပ်သား ၂၇၆ ယောက်သည် ဇန်န၀◌ါရီလ ၁၇ ရက်က မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးလာခဲ့ကြသည်။
အဆိုပါ စစ်ကောင်စီတပ်သား ၂၇၆ ဉီးထဲက ၁၈၄ ဦးကို ယမန်နေ့ ဇန်န၀◌ါရီလ ၂၂ ရက်က စစ်ကောင်စီလေကြောင်းက Lengpui လေဆိပ်တွင် လာရောက်ခေါ်ယူသွားခဲ့ပြီး ယနေ့ ဒုတိယအသုတ် လာရောက်သယ်ဆောင်မည့်အချိန်တွင် လေယာဉ်မတော်တဆ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်သိရသည်။