Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကော်မရှင်က ကလေးငယ်များပညာသင်ကြားရာ စာသင်ကျောင်းများကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုကျူးလွန်နေဟု CDF-Hakha ပြော

စစ်ကော်မရှင်က ကလေးငယ်များပညာသင်ကြားရာ စာသင်ကျောင်းများကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုကျူးလွန်နေဟု CDF-Hakha ပြော

0
By Editor on October 15, 2025 Khonumthung

(004SS)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်ပြီး အပြင်းအထန်ရှုတ်ချသည်ဟု CDF-Hakha Central Council က ထုတ်ပြန် သည်။

အောက်တိုဘာလ ၁၃ ရက်နေ့ကဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုတွင် အသက် ၈ နှစ်အရွယ်ကျောင်းသားတစ်ဦး နှင့် အသက် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦးတို့သေဆုံးခဲ့ရပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CDF-Hakha Central Council က အောက်တိုဘာ ၁၄ ရက်ကထုတ်ပြန်သည်။

ဗန်ဟားကျေးရွာသည် CDF-Hakha ရဲ့ တပ်စခန်းမဟုတ်ဘဲ အရပ်သားပြည်သူ ကလေးများ ပညာသင်ကြားရာနေရာ ဖြစ်သည့် ကျောင်းကို စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဤတိုက်ခိုက်မှုသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများ၊ အခြေခံ လူ့အခွင့်အရေးဆိုင်ရာ နိယာမများနှင့် လက်နက်ကိုင်ပဋိပက္ခဥပဒေများကို ဆိုးရွားစွာ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု CDF-Hakha က ဖော်ပြထားသည်။

စစ်ကော်မရှင်တပ်ဖွဲ့၏ လုပ်ရပ်များအပေါ် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် တာဝန်ရှိသူများကို အရေးယူနိုင်ရေး ဖိအားပေးရန်လည်း CDF-Hakha Central Council က တိုက်တွန်းထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.