Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကော်မရှင် ရွေးကောက်ပွဲကို လုံးဝလက်ခံမည်မဟုတ်ဟု တိုင်းရင်းသားလူမျိုးများ ကောင်စီ ကြေညာ

စစ်ကော်မရှင် ရွေးကောက်ပွဲကို လုံးဝလက်ခံမည်မဟုတ်ဟု တိုင်းရင်းသားလူမျိုးများ ကောင်စီ ကြေညာ

0
By Editor on September 22, 2025 Khonumthung

(006SV)

စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲကို နိုင်ငံရေးအရ လုံးဝ လက်ခံမည် မဟုတ်သည့်အပြင် နိုင်ငံတကာ ကလည်း အသိအမှတ်ပြု၊ ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန် တိုင်းရင်းသားလူမျိုးများ ကောင်စီ (MEC) နှင့် ဖက်ဒရယ်ယူနစ်အဖွဲ့အစည်းမျာက ကြေညာသည်။

“ဒီရွေးကောက်ပွဲက ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြသနာတွေ ဖြေရှင်းနိုင်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး။ အတုအယောင်နဲ့ တရားမဝင် ရွေးကောက်ပွဲသာဖြစ်တယ်။ ဒီရွေးကောက်ပွဲက စစ်အာဏာရှင် သက်ဆိုးရှည်ဖို့နဲ့ ပြည်သူလူထုရဲ့ ဒုက္ခ ပိုရှည်ကြာဖို့ပဲ ဖြစ်တယ်။ အဲဒီအတွက် ကျနော်တို့က လက်ခံမှာ မဟုတ်ဘူး။ ထွက်ပေါ်လာတဲ့ ဘာရလဒ်ပဲ ဖြစ်ဖြစ် လက်မခံဘူး။ ကျနော်တို့ တော်လှန်ရေးက ရှိနေမှာပါပဲ။ ကျနော်တို့က ပြည်တွင်းပြည်ပကို တွန်းအားပေးသွားမယ်။ ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ လက်မခံဖို့ လက်ရှိ အခြေအနေတွေနဲ့ တင်ပြသွားဖို့ ရှိပါတယ်” ဟု အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ (KNPP)မှ ဦးအောင်ဆန်းမြင့်က ပြောသည်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်သူ့ ဆန္ဒနှင့်အညီ လက်ရှိတော်လှန်ရေး အင်အားစုများ အကောင်အထည်ဖော်နေသည့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး ချဉ်းကပ်မှုအခြေခံဖြင့် ဖက်ဒရယ် တည်ဆောက်ရေး လုပ်ငန်းစဉ်ကို နိုင်ငံတကာမှ အသိအမှတ်ပြု ထောက်ခံရန် တောင်းဆိုထားသည်။

စစ်တပ်၏ ရွေးကောက်ပွဲအပေါ် တိုင်းရင်းသား လူမျိုးများကောင်စီ နှင့် ဖက်ဒရယ်ယူနစ်အဖွဲ့အစည်းများက စက်တင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုခြင်းဖြစ်သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (NMSP – AD) ၊ တအာင်းပြည်ကောင်စီ (TLC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (MSFC)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)၊ အမျိုးသမီးများအဖွဲ့ချုပ် (WLB)၊ လားဟူဒီမိုကရေတစ် အစည်းအရုံး(LDU)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် တော်လှန်ရေးအင်အားစုများ၊ မန္တလေးနိုင်ငံရေး စင်္ကြံဖြစ်မြောက်ရေးအဖွဲ့ (OFMPP) တို့က ပူးပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပျက်ပြယ်သွားပြီဖြစ်၍ စစ်တပ်သည် ရွေးကောက်ပွဲ ကျင်းပရန် အခွင့်အာဏာမရှိကြောင်း၊ နိုင်ငံရေး ထွက်ပေါက်အဖြစ် အတုအယောက် ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းခြင်းသည် လူထု နိုင်ငံရေးစိတ်ဆန္ဒကို ဆန့်ကျင်ပြီး အချုပ်အခြာအာဏာကို မတရား ရယူရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

စစ်တပ်၏ ရွေးကောက်ပွဲ ရလဒ်များသည် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် ဖက်ဒရယ်ယူနစ် အဖွဲ့ အစည်းများ လိုလားသော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ မဟုတ်ဘဲ မြန်မာ့ပဋိပက္ခကို ရေရှည် ဖြစ်ပေါ်စေပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူးရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးကို ဖော်ဆောင်ရန် ပိုမိုခက်ခဲလာစေသည်ဟု ဆိုသည်။

လက်ရှိတွင် အသွင်ကူးပြောင်း ရေးကာလ ဖက်ဒရယ်ဒီမိုကရက်တစ် အစိုးရတစ်ရပ် ပေါ်ပေါ်လာရေးအတွက် ဖက်ဒရယ် အသွင်းကူးပြောင်းရေးကာလဆိုင်ရာ အခြေခံဥပဒေ ရေးဆွဲရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဖက်ဒရယ် ယူနစ်များသည် မဏ္ဍိုင်ကြီး ၃ ရပ်ကို တည်ဆောက်၍ လက်တွေ့ကျင့်သုံးနေပြီဖြစ်ကြောင်း ကြေညာသည်။

“ကျနော်တို့ကတော့ ကျနော်တို့ အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် အခုကတည်းက စပြီးတော့ ပြင်ဆင်နေတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ ကျနော်တို့ ပြည်ထောင်စုအတွက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြင်ဆင်နေပါတယ်။ ကျနော်တို့ ပြည်နယ်တွေမှာလည်း ဖွဲ့စည်းပုံ ရေးဆွဲရေး လုပ်ငန်းတွေ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းတွေ ကျနော်တို့ ထူထောင်နေပြီဖြစ်တယ်။ ကျနော်တို့ ပြည်နယ်တွေ၊ ဖက်ဒရယ်ယူနစ်တွေမှာ ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကိုယ်ဟာကို အုပ်ချုပ်သွားဖို့ပါပဲ” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။

အာဏာသိမ်း စစ်ကော်မရှင်သည် ၎င်းတို့ လိုချင်သော ရွေးကောက်ပွဲ ရလဒ်ကို ပုံဖော်ရယူနိုင်ရေးအတွက် ရွေးကောက် ပွဲကို ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်မှစတင်၍ အပိုင်းအလိုက် ကျင်းပသွားမည်ဟု ကြေညာထားသည်။

တိုင်းရင်းသားလူမျိုးများ ကောင်စီ (MEC) သည် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်ရေး ဖက်ဒရယ် အခြေခံ ချဉ်းကပ်မှုဖြင့် ခေတ်ပြောင်း၊ စနစ်ပြောင်း နိုင်ငံသစ် တည်ဆောက်သွားမည်ဟု ၂၀၂၅ ဖေဖော်ဝါရီမှာ ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

ချင်းလူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ကင်ဆာရောဂါဖြင့်ကွယ်လွန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.