Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ဆင်ရေးသွားနေစဉ် မိုင်မတော်တဆမှုကြောင့် CNF/ CNA မှ ဒု-ဗိုလ်တစ်ဦးအပါအဝင် ရဲဘော် ၃ ဦးကျဆုံး

စစ်ဆင်ရေးသွားနေစဉ် မိုင်မတော်တဆမှုကြောင့် CNF/ CNA မှ ဒု-ဗိုလ်တစ်ဦးအပါအဝင် ရဲဘော် ၃ ဦးကျဆုံး

0
By Editor on November 8, 2023 Khonumthung

(006SV)

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်တွင် ယမန်နေ့က မိုင်းမတော်တဆမှုဖြစ်ပြီး ကားပေါ်ပါလာသည့် ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ရဲဘော် ၃ ဦးကျဆုံးသွားသည်ဟု CNF/CNA မှ သတင်းရင်းမြစ်နှင့် တီးတိန်ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၇ ရက်က ညနေ ၆နာရီခွဲကျော်တွင် တီးတိန်မြို့၊ Lawi Bual ရပ်ကွက်တွင် ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ရဲဘော်များ စီးနင်းလာသည့် တိုယိုတာဟိုင်းလတ်ကားတွင် မိုင်းမတော်တဆဖြစ်၍ ပေါက်ကွဲသွားခြင်းဖြစ်ပြီး ကားတစ်စီးလုံး ကြေမွပျက်စီးသွားသကဲ့သို့ ကားပေါ်ပါလာသည့် ရဲဘော်များလည်း ကျဆုံးသွားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

“တီးတိန်ဘက်ကို စစ်ဆင်ရေးအတွက် သွားတဲ့အချိန်မှာ ကားထဲမှာ မိုင်းတွေ သယ်သွားရတယ်။ အဲဒီမှာ မိုင်းက မတော်တဆဖြစ်ပြီး ပေါက်ကွဲသွားတဲ့သဘောလို့ သိရတယ်၊ ကားထဲမှာပါတဲ့ ရဲဘော် ၃ ဦးလည်း ကျဆုံးသွားတာပေါ့” ဟု CNF/CNA မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ဒု-ဗိုလ် ဆလိုင်း အဲလစ်မာ (Salai Elishma )၊ ဆလိုင်း ရိုနာလ် (Salai Ronald)၊ ဆလိုင်းဂျိုးဆွ (Salai Joshua) တို့ ကျဆုံးသွားသည်။

ထို့အပြင် ဘေးအနီးက နေအိမ်ငါးလုံးခန့်သည် အမိုးအကာနှင့် မုန်ပြတင်းများ အနည်းငယ် ပျက်စီးသွားပြီး ဆိုင်ကယ်တစ်စီးလည်း ပျက်စီးသွားသည်ဟု သိရသည်။

“မနေ့က ပေါက်ကွဲအသံကြားတာပဲ ရှိတယ်။ အနီးဝန်းကျန်က လူတွေ ပြောတာက ပေါက်ကွဲပြီးတော့ ကားကို မီးလောင်သွားတာပေါ့နော်။ ဒီနေ့ မနက်တွေ့တာက ဦးခေါင်းအရွက်တွေ၊ ဆံပင်ပါတာတွေ တွေ့တယ်။ ဘယ်ဘက်ခြေထောက်စတဲ့ အသား အစအနတွေပဲ တွေ့တယ်။ မြို့ပေါ်မှာကတော့ အခုက ငြိမ်နေတယ် ပုံမှန်ပါပဲ” ဟု တီးတိန်ဒေသခံတစ်ဦးက ပြောသည်။

တီးတိန်မြို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF Zoland က ထိန်းချုပ်စိုးမိုးထားပြီး ယမန်နေ့က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တီးတိန်မြို့ပေါ် ပြည်သူတချို့မှာ စိုးရိမ်နေကြသည်ဟု သိရသည်။

တီးတိန်မြို့သည် ချင်းပြည်နယ်၊ မြောက်ပိုင်းတွင် တည်ရှိပြီး အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ် တွင် တည်ရှိသည်မြို့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အတုအယောင်ရွေးကောက်ပွဲကို တားဆီးရေး လုပ်ထုံးလုပ်နည်းဥပဒေကို ချင်းပြည်ကောင်စီ ပြဌာန်းကြောင်း ကြေညာ

ရွေးကောက်ပွဲဝင်ကြမည့် ပါတီဝင်ဟောင်း ၄ ဦး နှင့် သက်ဆိုင်မှုမရှိတော့ကြောင်း CNLD ကြေညာ

ကူကီးအမျိုးသမီးအဖွဲ့က တမူးမြို့နယ်ရှိ စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများ ကူညီထောက်ပံ့

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.