Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ဘေးရှောင်နေကြသော ပလက်ဝမြို့ခံအများစု နေရပ်မပြန်နိုင်ကြသေး

စစ်ဘေးရှောင်နေကြသော ပလက်ဝမြို့ခံအများစု နေရပ်မပြန်နိုင်ကြသေး

0
By Editor on February 9, 2024 Headline

(002MG)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော မြို့ခံပြည်သူအများစုမှာ ယနေ့ချိန်ထိ နေရပ်သို့ မပြန်နိုင်ကြသေးကြောင်း သိရသည်။

ပလက်၀မြို့ပေါ်တွင် ဇန်န၀ါရီလဆန်းပိုင်းကစ၍ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် မြို့ခံအများစုမှာ ကုလားတန်မြစ်အထက်ပိုင်းနှင့် အောက်ပိုင်းက ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ယခုအခါ ပလက်၀မြို့ပေါ်နှင့် မြို့နယ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ထားသည်မှာ ၃ ပတ်ခန့် ရှိလာခဲ့ပြီဖြစ်သော်လည်း စစ်ရေးအခြေအနေကြောင့် စစ်ဘေးရှောင်ပြည်သူများကို ရက္ခိုင့်တပ်တော်က နေရပ်ပြန်ခွင့် မပြုသေးခြင်းဖြစ်သည်ဟု ပလက်၀မြို့ဒေသခံတစ်ဦးကပြောသည်။

“မြို့ထဲက လူတွေက မများသေးဘူး။ပလက်ဝမြို့ပေါ်ကနေ ကုလာတန်အထက်ပိုင်းမှာ ပြေးတဲ့သူတွေလည်း ဝင်ခွင့်မပေးသေးဘူး၊ နောက် အောက်ဖက်ကိုပြေးတဲ့သူတွေကိုလည်း ဝင်ခွင့်မပေးသေးဘူး၊ ကျန်တဲ့သူတွေလည်း အခုလာရင်လည်း ဝင်ခွင့်မပေးသေးဘူး၊ သူတို့အကြောင်း ပြတာကတော့ မြို့ထဲမှာ လူတွေများလာရင် ဗုံးကျဲတဲ့အခါမှာ အသေအပျောက်များမယ် အဲ့တာကြောင့်မို့ ပြန်မလာသေးတာက ကောင်းတယ်လို့ပြောတယ်” ဟု ပလက်ဝမြို့ခံတဦးက ပြောသည်။

ပလက်၀မြို့ပေါ်တွင် အိမ်ထောင်စု (၁၇၀၀) ၀န်းကျင်ခန့်ရှိရာ လက်ရှိမြို့တွင်း နေထိုင်သည့်ပြည်များသည် အိမ်ထောင်စု ၃၀၀ ခန့်သာရှိပြီး ၎င်းတို့မှာလည်း တိုက်ပွဲအတွင်း မတိမ်းရှောင်ပဲ ကျန်နေကြသူများနှင့် ပလက်ဝမြို့ အနီးအနားတွင် ထွက်ပြေးတိမ်းရှောင်ကာ ပြန်လာကြသူများဖြစ်သည်ဟု ဆိုသည်။

ယခုလက်ရှိတွင် ပလက်ဝမြို့နယ်တခုလုံး ဆက်သွယ်ရေးဖုန်းလိုင်းများပြတ်တောက်နေဆဲဖြစ်ကာ ဖုန်းပြောဆိုလိုပါက ပလက်၀မြို့မှ ၅ နာရီခန့်သွားရသော မီးဇာကျေးရွာဘက်သို့သော်လည်းကောင်း၊ ဖုန်းလိုင်းမိသည့် တောင်ကုန်းပေါ်သို့ တက်သွားရသည်ဟု သိရသည်။

ရန်ကုန်မြို့ကို စစ်ဘေးရှောင်နေသော ပလက်ဝမြို့ခံတဦးက ”ဖုန်းလိုင်းရတာက သူတို့ခေါ်ခဲ့ရင်ရတယ် တောင်ပေါ်ကနေ ဖုန်းလိုင်းမိတဲ့နေရာကနေပေါ့။ ကျွန်တော်တို့ဖက်နေ ခေါ်လို့မရသေးဘူး ပလက်ဝမြို့ပေါ်မှာ မရသေးဘူး၊ အထက်ပိုင်း မီးဇာမှာတော့ရတယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် ဖုန်းလိုင်းပြတ်တောက်နေသည်မှာ ၂ လနီးပါးခန့်ရှိလာသည့်အပြင် ပလက်ဝ-ကျောက်တော် ရေလမ်း၊ ကုန်လမ်းများ ပိတ်ထားဆဲဖြစ်ကာ ဒေသခံပြည်သူများသည် ဆန်အပါအဝင် အခြားအခြေခံ စားသောက်ကုန်များကို မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ဘက်မှ ဝယ်ယူစားသုံးနေကြရသည်ဟု သိရသည်။

ထိုကဲ့သို့ မီဇိုရမ်ပြည်နယ်ဘက်က ၀င်လာသည့် ကုန်စည်များကို ရက္ခိုင့်တပ်တော်က ရှင်းလက်၀ကျေးရွာတွင် ဂိတ်ဖွင့်ပြီး အခွန်ကောက်ခံနေသည်ဟု သတင်းများထွက်ပေါ်နေပြီး ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြု၍ မရသေးပေ။

ရက္ခိုင့်တပ်တော် AA သည် ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းအားလုံးကို အပြီးသတ်တိုက်ခိုက်သိမ်း ပိုက်ခဲ့ပြီးနောက် ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် ပလက်၀သည် စစ်ကောင်စီကင်းစင်သည့်နေမြေဖြစ်ပြီဟု ထုတ်ပြန်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.