• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ဘေးရှောင်များအတွက် အခမဲ့ဆေးခန်းရက်တိုးဖွင့်လှစ်မည်

စစ်ဘေးရှောင်များအတွက် အခမဲ့ဆေးခန်းရက်တိုးဖွင့်လှစ်မည်

0
By Editor on July 7, 2022 Headline

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းရောက်ရှိနေကြသော စစ်ဘေးရှောင်များအတွက် ဖွင့်လှစ်ထားသည့် အခမဲ့ဆေးခန်းကို ယခင်က တပတ်လျှင် ၃ ရက်ဖွင့်လှစ်ခဲ့ရာမှ ၅ ရက်အထိ ထပ်တိုးဖွင့်လှစ်တော့မည်ဟု သိရသည်။

အဆိုပါဆေးခန်းသည် ယခင်က တပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ၃ ရက်သာဖွင့်လှစ်ပြီး ရက်အကန့်အသတ်ကြောင့် လူနာများအခက်ကြုံခဲ့ရသည့်အပြင် ယခုရက်ပိုင်းအတွင်း လာရောက်ပြသသည့်လူနာ များလာသည့်အတွက် ယခုဇူလိုင်လမှစတင်ကာ တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်သွားရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။

ဆေးခန်းတာဝန်ခံတစ်ဦးက “အရင်က ၃ ရက်ပဲဖွင့်တဲ့အချိန်ကျတော့ တချိူ့က မသိလိုက်လို့ ဆေးခန်းပိတ်တဲ့နေမှာ လာတဲ့သူတွေရှိရင် ဒုက္ခရောက်ကြတယ် အဲဒါကြောင့် ရက်တိုးဖွင့်လိုက်ရအောင်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာ” ဟု ပြောသည်။

လာရောက်ပြသသည့်လူနာများကို သမားတော်နှင့် တာဝန်ခံဆရာဝန်များမှ တပတ်လျှင် ၅ ရက်ကြည့်ရှုမည်ဖြစ်ကာ သမားတော်ဆရာဝန်မှ ၃ ရက်ကြည့်ရှုမည်ဟု သိရသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် အခမဲ့ ဖွင့်လှစ်သည့် အဆိုပါဆေးခန်းကို Mizo Student Union (MSU), BN Hospital, Myanmar Refugee Relief Committee (MRRC) နှင့် Chin Health Organization (CHO) တို့ပူးပေါင်းပြီး အိုင်ဇောလ်မြို့ ကူလီကွန်ရပ်ကွက် BN Hospital တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.