Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ဘေးရှောင်ရင်း (၇) ရက်သားအရွယ်ကလေးငယ်တစ်ဦးနှင့် အသက် (၆၀) ရွယ် အမျိုးသမီးတစ်ဦးသေဆုံး
Photo - Mindat Township IDPs Camp Management Committee

စစ်ဘေးရှောင်ရင်း (၇) ရက်သားအရွယ်ကလေးငယ်တစ်ဦးနှင့် အသက် (၆၀) ရွယ် အမျိုးသမီးတစ်ဦးသေဆုံး

0
By Editor on June 12, 2023 Headline

(01RB)

ချင်းပြည်နယ် မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း ထိုးစစ်ဆင်မှုကြောင့် နေရပ်စွန့်ခွါထွက်ပြေးကြသော စစ်ဘေးရှောင်ထဲမှ (၇) ရက်သားအရွယ်ကလေးငယ်နှင့် အသက် (၆၀) ရွယ်အမျိုးသမီးတို့ နာမကျန်းဖြစ်ကာ သေဆုံးခဲ့သည်ဟု သိရသည်။ 

မတူပီမြို့အခြေစိုက် ခလရ (၁၄၀) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့သည် မတူပီ-မင်းတပ်လမ်းမကြီးဘက်သို့ ဇွန်လဆန်းပိုင်းကစ၍ စစ်ကြောင်းထိုးလာခြင်းကြောင့် မင်းတပ်-မတူပီလမ်းမကြီးပေါ်ရှိ မိုင်တိုင်(၉၀) ခြမ်းပြန်းရွာ၊ မိုင်တိုင် (၈၄) ရမ်တိန်းရွာ နှင့် မိုင်တိုင် (၈၁) မွှန်တုန်းရွာတို့မှ ဒေသခံပြည်သူများသည် မင်းတပ်မြို့နယ်ဘက်သို့ စစ်ဘေးတိမ်းရှောင်လာခဲ့ကြသည်ဟု သိရသည်။ 

ထိုကဲ့သို့ စစ်ဘေးတိမ်းရှောင်နေကြစဉ်တွင် ဇွန်လ (၅) ရက်နေ့က အသက် (၆၀) ရွယ် အမျိုးသမီးတစ်ဦးနှင့် ဇွန်လ ၉ ရက်နေ့က (၇) ရက်သားအရွယ် ကလေးငယ်တစ်ဦးတို့သည် နာမကျန်းဖြစ်ကာ သေဆုံးခဲ့သည်ဟု Mindat Township IDPs Camp Management Committee က ထုတ်ပြန်သည်။ 

စစ်ဘေးရှောင်ပြည်သူများသည် အဝတ်အစားအချို့နှင့် အစားအသောက်အနည်းငယ်များသာ ယူဆောင်လာကြသည့်အတွက် အရေးပေါ်အစားအသောက်နှင့် ဆေးဝါးများလည်း လိုအပ်သည်ဟု သိရသည်။ 

Mindat Township IDPs Camp Management Committee အနေဖြင့် ဇွန်လ ၉ ရက်နေ့က အဆိုပါစစ်ဘေးရှောင်များထံ ဆိုးရွားလှသည့် ရာသီဥတုကြားမှ သွားရောက်ကာ ဆန်အိတ် (၆၁) အိတ်နှင့် ဆီ ဗူး(၄၀) တို့ကို ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.