• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»စစ်အာဏာသိမ်းမှုကို အိန္ဒိယမြို့တော် နယူးဒေလီတွင် ဒုတိယအကြိမ် ဆန့်ကျင်ဆန္ဒဖော်ထုတ်မည်

စစ်အာဏာသိမ်းမှုကို အိန္ဒိယမြို့တော် နယူးဒေလီတွင် ဒုတိယအကြိမ် ဆန့်ကျင်ဆန္ဒဖော်ထုတ်မည်

0
By Editor on March 3, 2021 Khonumthung
#Unicode
ရစ်ချက် – တပ်မတော်က အရပ်သားအစိုးရထံမှ နိုင်ငံတော်အာဏာသိမ်းယူခဲ့သည့်အပြင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများ အပေါ် လက်နက်အင်အားအသုံးပြုပြီး အကြမ်းဖက်သည့်လုပ်ရက်များကြောင့် အိန္ဒိယနိုင်ငံ နယူးဒေလီရောက် မြန်မာပြည်သားများက မတ်လ ၃ ရက်နေ့တွင် ဒုတိယ အကြိမ် ဆန့်ကျင်ဆန္ဒဖော်ထုတ်သွားမည်ဟု သိရသည်။
အဆိုပါ ဆန့်ကျင်ဆန္ဒဖော်ထုတ်ပွဲကို မတ်လ ၃ ရက်နေ့ မနက် (၁၁းဝ၀) နာရီတွင် Chin Refugee Committee (CRC) အဖွဲ့မှ ဦးဆောင်ပြီး အရင်ဆန္ဒပြခဲ့ကြသည့်နေရာ နယူးဒေလီမြို့ Jantar Mantar ပန်းခြံရှေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း နယူးဒေလီရှိ CHRO ရုံးတာဝန်ခံ Salai Cung Dawt က ပြောသည်။
“ပထမဆန္ဒပြတုန်းကတော့ စစ်အစိုးရကို အလိုမရှိကြောင်း ကန့်ကွက်တဲ့အကြောင်းကို အဓိကထားပြီး ဆန္ဒပြခဲ့တာဖြစ်တယ်။ ယခုတခါတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလိုမရှိတဲ့ကြောင်း၊ မြန်မာ့တပ်မတော်အနေနဲ့ ပြည်သူကို ကာကွယ်မဲ့အစား တိုက်ခိုက်နှိုင်နှင်းတဲ့လုပ်ရက်ကြောင့် အကြမ်းဖက်အဖွဲ့ကဲ့သို့ မှတ်ယူတယ်။ နောက်ပြီး UN ဖြစ်ဖြစ် နိုင်ငံတကာကပါ စီပွားရေးတွေ ပိတ်ဆို့လာတဲ့အတွက် ဒီစစ်တပ်မှသိမ်းယူတဲ့အာဏာကို ကျနော်တို့ အမြန်ဆုံး ဘယ်လို ပြန်လည်ရယူ မလဲ၊ စသဖြင့် အဓိကထားပြီးတော့ ဒီဆန္ဒပြပွဲကို လုပ်သွားမှာဖြစ်တယ်။” လို့ Salai Cung Dawt က ပြောသည်။
အိန္ဒိယအစိုးရအနေဖြင့် ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် အစိုးရရဲ့ ချမှတ်ထားသော လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားဖို့ ပြောထားကြောင်းနှင့် အိန္ဒိယရောက် မြန်မာပြည်သားများအနေဖြင့် ယခု တိုက်နေသော တိုက်ပွဲကို မနိုင်မချင်း တတ်နိုင်သည့်နည်းလမ်းဘက်ကနေ အမြဲတမ်း ရပ်တည်သွားမည်ဟုလည်း ဆက်ပြောသည်။
ယခုမြန်မာနိုင်ငံအတွင်း ဆန္ဒပြနေသည့် Civil Disobedience Movement (CDM) ကို ကူညီပေးနိုင်ရေးအတွက် နယူးဒေလီရောက် မြန်မာနိုင်ငံသားများအနေဖြင့် အလှူငွေများကောက်ခံကြောင်းကိုလည်း Salai Cung Dawt က ယခုလို ဆက်ပြောပါသည်။
“CDM အတွက် ငွေကောက်ခံထားတာလည်းရှိတယ်။ အိန္ဒိယငွေ ရူပီး ၁ သိန်းခွဲ့နီးပါးရတယ်။ CDM အတွက် ကောက်ခံထားတဲ့ငွေကို ပို့တော့မပို့ဖြစ်သေးဘူး။ စာရင်းတွေ သေချာပြုစုပြီးမှဘဲ ပို့ဖြစ်မယ်။ အဓိကအားဖြင့်တော့ ချင်းပြည်နယ်ကို ပစ်မှတ်ထားပြီးတော့ ပို့မယ်။” လို့ ပြောသည်။
တပ်မတော်က အရပ်သားအစိုးရထံမှ နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့က နယူးဒေလီမြို့ရှိ Jantar Mantar ပန်းခြံရှေ့တွင် ပထမအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
#Zawgyi
ရစ္ခ်က္ – တပ္မေတာ္က အရပ္သားအစိုးရထံမွ ႏိုင္ငံေတာ္အာဏာသိမ္းယူခဲ့သည့္အျပင္ ၿငိမ္းခ်မ္းစြာဆႏၵျပေနသည့္ ျပည္သူမ်ား အေပၚ လက္နက္အင္အားအသံုးျပဳၿပီး အၾကမ္းဖက္သည့္လုပ္ရက္မ်ားေၾကာင့္ အိႏိၵယႏိုင္ငံ နယူးေဒလီေရာက္ ျမန္မာျပည္သားမ်ားက မတ္လ ၃ ရက္ေန႕တြင္ ဒုတိယ အႀကိမ္ ဆန္႕က်င္ဆႏၵေဖာ္ထုတ္သြားမည္ဟု သိရသည္။
အဆိုပါ ဆန္႕က်င္ဆႏၵေဖာ္ထုတ္ပြဲကို မတ္လ ၃ ရက္ေန႕ မနက္ (၁၁း၀၀) နာရီတြင္ Chin Refugee Committee (CRC) အဖြဲ႕မွ ဦးေဆာင္ၿပီး အရင္ဆႏၵျပခဲ့ၾကသည့္ေနရာ နယူးေဒလီၿမဳိ႕ Jantar Mantar ပန္းျခံေရွ႕တြင္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း နယူးေဒလီရွိ CHRO ရံုးတာဝန္ခံ Salai Cung Dawt က ေျပာသည္။
“ပထမဆႏၵျပတုန္းကေတာ့ စစ္အစိုးရကို အလိုမရွိေၾကာင္း ကန္႕ကြက္တဲ့အေၾကာင္းကို အဓိကထားၿပီး ဆႏၵျပခဲ့တာျဖစ္တယ္။ ယခုတခါေတာ့ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို အလိုမရွိတဲ့ေၾကာင္း၊ ျမန္မာ့တပ္မေတာ္အေနနဲ႕ ျပည္သူကို ကာကြယ္မဲ့အစား တိုက္ခိုက္ႏွိုင္ႏွင္းတဲ့လုပ္ရက္ေၾကာင့္ အၾကမ္းဖက္အဖြဲ႕ကဲ့သို႕ မွတ္ယူတယ္။ ေနာက္ၿပီး UN ျဖစ္ျဖစ္ ႏိုင္ငံတကာကပါ စီပြားေရးေတြ ပိတ္ဆို႕လာတဲ့အတြက္ ဒီစစ္တပ္မွသိမ္းယူတဲ့အာဏာကို က်ေနာ္တို႕ အျမန္ဆံုး ဘယ္လို ျပန္လည္ရယူ မလဲ၊ စသျဖင့္ အဓိကထားၿပီးေတာ့ ဒီဆႏၵျပပြဲကို လုပ္သြားမွာျဖစ္တယ္။” လို႕ Salai Cung Dawt က ေျပာသည္။
အိႏိၵယအစိုးရအေနျဖင့္ ကိုဗစ္-၁၉ ကာလျဖစ္သည့္အတြက္ အစိုးရရဲ႕ ခ်မွတ္ထားေသာ လမ္းညႊန္ခ်က္မ်ားအတိုင္း လိုက္နာေဆာင္ရြက္သြားဖို႕ ေျပာထားေၾကာင္းႏွင့္ အိႏိၵယေရာက္ ျမန္မာျပည္သားမ်ားအေနျဖင့္ ယခု တိုက္ေနေသာ တိုက္ပြဲကို မႏိုင္မခ်င္း တတ္ႏိုင္သည့္နည္းလမ္းဘက္ကေန အျမဲတမ္း ရပ္တည္သြားမည္ဟုလည္း ဆက္ေျပာသည္။
ယခုျမန္မာႏိုင္ငံအတြင္း ဆႏၵျပေနသည့္ Civil Disobedience Movement (CDM) ကို ကူညီေပးႏိုင္ေရးအတြက္ နယူးေဒလီေရာက္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ အလွဴေငြမ်ားေကာက္ခံေၾကာင္းကိုလည္း Salai Cung Dawt က ယခုလို ဆက္ေျပာပါသည္။
“CDM အတြက္ ေငြေကာက္ခံထားတာလည္းရွိတယ္။ အိႏိၵယေငြ ရူပီး ၁ သိန္းခြဲ႕နီးပါးရတယ္။ CDM အတြက္ ေကာက္ခံထားတဲ့ေငြကို ပို႕ေတာ့မပို႕ျဖစ္ေသးဘူး။ စာရင္းေတြ ေသခ်ာျပဳစုၿပီးမွဘဲ ပို႕ျဖစ္မယ္။ အဓိကအားျဖင့္ေတာ့ ခ်င္းျပည္နယ္ကို ပစ္မွတ္ထားၿပီးေတာ့ ပို႕မယ္။” လို႕ ေျပာသည္။
တပ္မေတာ္က အရပ္သားအစိုးရထံမွ ႏိုင္ငံေတာ္အာဏာသိမ္းယူမႈကို ဆန္႕က်င္ကန္႕ကြက္သည့္အေနျဖင့္ အိႏိၵယႏိုင္ငံ နယူးေဒလီၿမဳိ႕တြင္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၅ ရက္ေန႕က နယူးေဒလီၿမဳိ႕ရိွ Jantar Mantar ပန္းၿခံေရွ႕တြင္ ပထမအႀကိမ္ ဆႏၵေဖာ္ထုတ္ခဲ့ၾကသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

ချင်းပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDF-Zoland ထံ ခိုလှုံ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.