• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဆူရ္ဘုန္ေလဆိပ္အား ေ၀ွဟင္မွ စမ္းသပ္မႈ ယေန႔စတင္

ဆူရ္ဘုန္ေလဆိပ္အား ေ၀ွဟင္မွ စမ္းသပ္မႈ ယေန႔စတင္

0
By Editor on June 25, 2020 Khonumthung

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္၊ ဖလမ္းျမိဳ႕အနီးတြင္ တည္ေဆာက္လ်က္ရိွသည့္ ဆူရ္ဘုန္ေလယာဥ္ကြင္းသည္ ၉၅ ရာခိုင္ႏႈန္းၿပီးစီးၿပီျဖစ္၍ ယေန႔ဇြန္လ (၂၅) ရက္ေန႔တြင္ ေလေၾကာင္းပို႔ေဆာင္ေရးဌာနက ေလယာဥ္ျဖင့္ စတင္စမ္းသပ္မႈမ်ားျပဳလုပ္ၿပီျဖစ္သည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႔ေျပာခြင့္ရပုဂၢိဳလ္ စည္ပင္၀န္ႀကီး ဦးစိုးထက္က “ေလယာဥ္က ဒီေန႔က ကြင္းမဆင္းဘူး ကြင္းကို ေပ ၁၅၀၀ ေပ ၁၀၀၀ ေပ ၈၀၀ အဲဒီကေန ကြင္းရဲ႕အေနအထား ေလတိုက္ႏႈန္း ေနာက္ဆက္သြယ္ေရးစနစ္ ဒါေလးေတြစမ္းတာ၊ အခုမနက္ပိုင္း ၉ နာရီခြဲကေန ၁၁ နာရီခြဲထိတစ္ေခါက္စမ္းသပ္တယ္၊ ညေနကလည္း ၃ နာရီေလာက္ကေနစမ္းသပ္တယ္၊ ေလယာဥ္က ကြင္းေတာ့မဆင္းဘူး ေတာင္ကေနေျမာက္ ေျမာက္ကေနေတာင္ အဲလိုေလးေတြနဲ႔ သူတို႔ျဖတ္သန္း စမ္းသပ္တယ္ ျပီးေတာ့ ဆက္သြယ္ေရးတာ၀ါေတြ စမ္းသပ္တာရိွတယ္ ေနာက္ေလေၾကာင္းျပစက္ေတြကို စမ္းသပ္တယ္ ေနာက္ျပီးေတာ့ ကြင္းရဲ႕အေနအထားအဲဒါေ လးကို ေလာေလာဆယ္ေတာ့ စမ္းသပ္တယ္” ဟု ေျပာသည္။

အဆိုပါေေလယာဥ္ကြင္း စမ္းသပ္စစ္ေဆးမႈကို ျမန္မာ့ေလေၾကာင္းလိုင္းမွ BEEK -2900 ေလယာဥ္အမ်ိဳးအစား ျဖင့္ ျပဳလုပ္ခဲ့ၾကျခင္းျဖစ္ၿပီး ဇြန္လ (၂၇) ရက္ေန႔အထိ စမ္းသပ္ၿပီးေနာက္ Flight Test အစီရင္ခံစာထြက္လာၿပီးမွသာ ေလယာဥ္ကြင္းေျပးလမ္းေပၚ ဆင္းသက္ႏိုင္မည္ဟု ၀န္ႀကီးကဆက္ေျပာသည္။

ခ်င္းျပည္နယ္တြင္ ပထမဦးဆံုးျဖစ္လာမည့္ ဆူရ္ဘုန္ေလဆိပ္သည္ လြန္ခဲ့သည့္ ၂၀၁၅-၂၀၁၆ ဘ႑ာေရးႏွစ္ကစတင္ေဆာင္ရြက္ခဲ့ၾကျပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ေပ (၆၀၀၀) တြင္တည္ရိွသည့္ ေလဆိပ္ျဖစ္လာမည္ျဖစ္သည္။

ဆူရ္ဘုန္ေလယာဥ္ကြင္းတည္ေဆာက္ေရးပိုင္းသည္ ျမန္မာ့ေလေၾကာင္းလိုင္းမွ တာ၀န္ယူတည္ေဆာက္ျပီး ေလဆိပ္တည္ေဆာက္မႈကုန္က်စရိတ္မွာ က်ပ္ေငြ (၃၄) ဘီလီယံခန္႔ရိွသည္။

ေလယာဥ္ေျပးလမ္းမွာ အလ်ား (၆၀၀၀) ေပ၊ အက်ယ္ ေပ (၁၀၀) ေပရိွျပီး Flexible Pavement ေျပးလမ္းအမ်ိဳးအစားျဖစ္တည္ေဆာက္ထားျပီး ေျပးလမ္းအရွိန္သတ္စြန္း Over Run အလ်ား ေပ (၂၀၀) ၊ အက်ယ္ ေပ (၁၀၀) ႏွင့္ ေလယာဥ္ရပ္နားရာေနရာအလ်ား (၂၅၀) ေပရိွ၍ ေျပးလမ္းခံႏိုင္ရည္ေပါင္ (၅၀၀၀၀) ရိွကာ ATR 72 (MTOW-49604) ေလယာဥ္အမ်ိဳးအစား ဆင္းသက္အသံုးျပဳႏုိင္မည္ျဖစ္သည္။

#Unicode

By လားနွန် – ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးတွင် တည်ဆောက်လျက်ရှိသည့် ဆူရ်ဘုန်လေယာဉ်ကွင်းသည် ၉၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ ယနေ့ဇွန်လ (၂၅) ရက်နေ့တွင် လေကြောင်းပို့ဆောင်ရေးဌာနက လေယာဉ်ဖြင့် စတင်စမ်းသပ်မှုများပြုလုပ်ပြီဖြစ်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “လေယာဉ်က ဒီနေ့က ကွင်းမဆင်းဘူး ကွင်းကို ပေ ၁၅၀ဝ ပေ ၁၀ဝ၀ ပေ ၈၀ဝ အဲဒီကနေ ကွင်းရဲ့အနေအထား လေတိုက်နှုန်း နောက်ဆက်သွယ်ရေးစနစ် ဒါလေးတွေစမ်းတာ၊ အခုမနက်ပိုင်း ၉ နာရီခွဲကနေ ၁၁ နာရီခွဲထိတစ်ခေါက်စမ်းသပ်တယ်၊ ညနေကလည်း ၃ နာရီလောက်ကနေစမ်းသပ်တယ်၊ လေယာဉ်က ကွင်းတော့မဆင်းဘူး တောင်ကနေမြောက် မြောက်ကနေတောင် အဲလိုလေးတွေနဲ့ သူတို့ဖြတ်သန်း စမ်းသပ်တယ် ပြီးတော့ ဆက်သွယ်ရေးတာဝါတွေ စမ်းသပ်တာရှိတယ် နောက်လေကြောင်းပြစက်တွေကို စမ်းသပ်တယ် နောက်ပြီးတော့ ကွင်းရဲ့အနေအထားအဲဒေါ လးကို လောလောဆယ်တော့ စမ်းသပ်တယ်” ဟု ပြောသည်။

အဆိုပါလေယာဉ်ကွင်း စမ်းသပ်စစ်ဆေးမှုကို မြန်မာ့လေကြောင်းလိုင်းမှ BEEK -2900 လေယာဉ်အမျိုးအစား ဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဇွန်လ (၂၇) ရက်နေ့အထိ စမ်းသပ်ပြီးနောက် Flight Test အစီရင်ခံစာထွက်လာပြီးမှသာ လေယာဉ်ကွင်းပြေးလမ်းပေါ် ဆင်းသက်နိုင်မည်ဟု ဝန်ကြီးကဆက်ပြောသည်။

ချင်းပြည်နယ်တွင် ပထမဦးဆုံးဖြစ်လာမည့် ဆူရ်ဘုန်လေဆိပ်သည် လွန်ခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကစတင်ဆောင်ရွက်ခဲ့ကြပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၆၀ဝ၀) တွင်တည်ရှိသည့် လေဆိပ်ဖြစ်လာမည်ဖြစ်သည်။

ဆူရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်ရေးပိုင်းသည် မြန်မာ့လေကြောင်းလိုင်းမှ တာဝန်ယူတည်ဆောက်ပြီး လေဆိပ်တည်ဆောက်မှုကုန်ကျစရိတ်မှာ ကျပ်ငွေ (၃၄) ဘီလီယံခန့်ရှိသည်။

လေယာဉ်ပြေးလမ်းမှာ အလျား (၆၀ဝ၀) ပေ၊ အကျယ် ပေ (၁၀ဝ) ပေရှိပြီး Flexible Pavement ပြေးလမ်းအမျိုးအစားဖြစ်တည်ဆောက်ထားပြီး ပြေးလမ်းအရှိန်သတ်စွန်း Over Run အလျား ပေ (၂၀ဝ) ၊ အကျယ် ပေ (၁၀ဝ) နှင့် လေယာဉ်ရပ်နားရာနေရာအလျား (၂၅၀) ပေရှိ၍ ပြေးလမ်းခံနိုင်ရည်ပေါင် (၅၀ဝ၀ဝ) ရှိကာ ATR 72 (MTOW-49604) လေယာဉ်အမျိုးအစား ဆင်းသက်အသုံးပြုနိုင်မည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင်စစ်ဘေးရှောင်များကူညီရေးအတွက် မီဇိုရမ်ဝန်ကြီးချုပ်ထံ ရူပီး ၃ သိန်းလှူဒါန်း

နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း CNDF ရဲဘော် ၃၂ ဦးကျဆုံး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.