(004SS)
ချင်းပြည်နယ် ဟားခါးမြို့တွင် တစ်ပါတ်နီးပါး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြို့သစ်ရပ်ကွက်ရှိ ပျဉ်ေထာင်အိမ်တစ်လုံး ပြိုကျပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။
လွန်ခဲ့သည့်အပါတ်ကစ၍ ယနေ့အထိ မိုးဆက်တိုက်ရွာသွန်းကာ ယမန်နေ့ စက်တင်ဘာ ၁၈ ရက်နေ့က Amazon ကိုယ်ပိုင်ကျောင်းအနီး RC ဘုရားကျောင်းအောက်ရှိ ဦး ခွါအိရ် နေအိမ်ပြိုကျခြင်းဟု သိရသည်။
“အိမ်တစ်လုံးပြိုတယ်၊ အိမ်ကတော့ ဟိုလိုမျိုးယူစရာမရှိအောင်ပျက်ဆီးတာမျိုးေတာ့ မဟုတ်ဘူး သူတို့ ပစ္စည်းတွေကိုတော့ ပြောင်းရွှေ့ထားကြတယ်၊ လူထိခိုက်တာ မရှိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါပြိုကျသည့် နေအိမ်အထက် လမ်းမပေါ်ရပ်ထားသည့် မြေတူးစက်ကြီးတစ်စီးလည်း မြေပြိုမှုထဲပါသွားကြောင်း သိရသည်။
ထိုသို့ နေအိမ်ပြိုပျက်ရခြင်းမှာ လမ်းများပြုပြင်ရာ၌ လမ်းဘေးရေမြောင်းများ သေချာတူးဖော်ထားခြင်းမရှိဘဲ ရေမြာင်းများလျှံထွက်ကာ မြေပြိုမှုများဖြစ်ပွားလာခြင်းကြောင့်ဟု ဒေသခံတစ်ဦးက ပြောသည်။
ချင်းပြည်နယ်သည် တောင်တန်းဒေသဖြစ်သည်နည်းတူ နှစ်စဉ် မိုးရာသီအချိန်တွင် မြေပြိုမှုများ လမ်းပြိုမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပါသည်။