• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တန္ရာတန္ေၾကးေပးမည္ဟုဆိုကာ ေတာင္းခံလာသည့္အတြက္ AA ကို ဆန္အိတ္ (၂၀) ခြဲေ၀ေပးခဲ့ရဟုဆို

တန္ရာတန္ေၾကးေပးမည္ဟုဆိုကာ ေတာင္းခံလာသည့္အတြက္ AA ကို ဆန္အိတ္ (၂၀) ခြဲေ၀ေပးခဲ့ရဟုဆို

0
By Editor on March 31, 2020 Headline

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္ရွိ ျပည္သူမ်ားအတြက္ သယ္ယူလာသည့္ ဆန္အိတ္ (၁၀၀) အနက္ အိတ္ (၂၀) ကို ရကၡိဳင့္တပ္ေတာ္(AA) တပ္ဖြဲ႔က တန္ရာတန္ေၾကးေပးကာ ၀ယ္ယူမည္ဟုဆိုကာ အကူအညီေတာင္း ခံလာသည့္အတြက္ ခြဲေ၀ေပးလိုက္ရသည္ဟု ပလက္၀စားနပ္ရိကၡာသယ္ယူေရးေကာ္မတီ ဥကၠဌ ဦးစိန္ထြန္းလွ ကေျပာသည္။

ပလက္၀ၿမိဳ႕နယ္အတြင္း အရပ္သားျပည္သူမ်ားႏွင့္ စစ္ေဘးဒုကၡသည္မ်ား ခြဲေ၀ရန္အတြက္ ဆန္အိတ္ (၁၀၀) ကို မတ္လ (၂၉) ရက္ေန႔က ဆမီးၿမိဳ႕မွ ပလက္၀ၿမိဳ႕သို႔ သယ္ယူလာသည့္ ကားကို AA တပ္ဖြဲ႔ ရပ္တန္႔စစ္ေဆးကာ ဆန္အိတ္မ်ားလုယူသြားသည္ဟု ယမန္ေန႔က ခ်င္းျပည္နယ္အစိုးရအဖြဲ႔က ေျပာဆိုခဲ့ သည္။

ထိုကိစၥႏွင့္ပတ္သက္၍ ပလက္၀စားနပ္ရိကၡာသယ္ယူေရးေကာ္မတီ ဥကၠဌ ဦးစိန္ထြန္းလွကို ခိုႏူမ္းသုန္သတင္းဌာနမွ ဆက္သြယ္ေမးျမန္းၾကည့္ရာ AA တပ္ဖြဲ႔အေနျဖင့္ ဆန္အိတ္မ်ားကို အတင္းအဓမၼလုယူျခင္းမဟုတ္ဘဲ အိတ္ (၂၀) ကို တန္ရာတန္ေၾကးေပးကာ ၀ယ္ယူမည္ဟုဆိုကာ ေတာင္းခံလာသည့္အတြက္ ခြဲေပးလိုက္ရျခင္းျဖစ္သည္ဟု ေျပာဆိုသည္။

“က်ေနာ္ေျပာမယ္ အိတ္ (၂၀) ကိုေတာ့ သူတို႔ကတန္ရာတန္ေၾကးေပးျပီး ခြဲေပးဖို႔ က်ေနာ္တို႔ဆီအကိုအညီေတာင္းတယ္ေလ၊ အတင္းအဓမၼလုယူတာမဟုတ္ဘူး၊ က်ေနာ္တို႔ဆီအခြင့္ေတာင္းတယ္၊ ဒီလိုေတြ ဒီလိုေၾကာင့္ အခက္အခဲရိွတယ္၊ ျပည္သူလူထုအတြက္လည္း နစ္နာစရာမလိုဘူး၊ က်ေနာ္တို႔ကို အိတ္ (၂၀) ေရာင္းေစ်းနဲ႔ ေရာင္းေပးပါလို႔ခြင့္ေတာင္းတယ္၊ အဲဒါက်ေနာ္တို႔ ေကာ္မတီ၀င္ေတြက ခြင့္ျပဳလုိက္တာ” ဟု ဦးစိန္ထြန္းလွကေျပာသည္။

ယင္းကိစၥႏွင့္ပတ္သက္ျပီး AA တာဝန္ရွိပုဂၢိဳလ္မ်ားထံသို႔ ခိုႏူမ္းသုန္သတင္းဌာနမွ ဆက္သြယ္ေမးျမန္းလိုေသာ္လည္း ျပီးခဲ့သည့္ မတ္လ (၂၃) ရက္ေန႔မွစတင္ကာ AA အဖြဲ႔အား တရားမဝင္အသင္း/အၾကမ္းဖက္အဖြဲ႔အျဖစ္ ျမန္မာႏိုင္ငံအစိုးရမွ တရားဝင္သတ္မွတ္ခဲ့သည့္အတြက္ ဆက္သြယ္ေမးျမန္းျခင္း မျပဳလုပ္ႏိုင္ခဲ့ေပ။

အဆိုပါဆန္အိတ္မ်ားကို တအိတ္လွ်င္ က်ပ္ေငြ ၂၅၅၀၀ ႏႈန္းျဖင့္ ပခုကၠဴၿမိဳ႕တြင္ ၀ယ္ယူကာ မင္းတပ္-မတူပီ-ဆမီးၿမိဳ႕အထိ ကားသမားမ်ားက ေစတနာျဖင့္ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္သည္ဟုသိရသည္။

ဆမီးၿမိဳ႕မွတဆင့္ ပလက္၀ၿမိဳ႕သို႔ ျပန္သယ္လာသည့္အခ်ိန္တြင္ ပလက္၀ၿမိဳ႕အေရာက္ေပါက္ေစ်းမွာ ဆန္သယ္ခအပါအ၀င္ က်ပ္ေငြ ၃၂၀၀၀ က်ပ္ရိွသည္ဟု သိရသည္။

အဆိုပါေပါက္ေစ်းအတိုင္း ဆန္အိတ္ ၂၀ ကို ၃၂၀၀၀ က်ပ္ျဖင့္ ၀ယ္ယူမည္ဟုဆိုကာ AA တပ္ဖြဲ႔က ဆန္အိတ္မ်ားကို ယူသြားခဲ့ေသာ္လည္း က်သင့္ေငြအား တပါတည္းေပးေခ်ျခင္းမရွိေသးေၾကာင္း၊ AA တပ္ဖြဲ႔၀င္မ်ားက လာေရာက္ေပးေခ်မည္ဟု ကားသမားမ်ားထံ မွာၾကားခဲ့သည္ဟု ဦးစိန္ထြန္းလွကေျပာသည္။

က်န္ရွိသည့္ ဆန္အိတ္ (၈၀) မွာ မတ္လ (၂၉) ရက္ညက ပလက္၀ၿမိဳ႕ေပၚသို႔ ေရာက္ရွိသြားၿပီဟုသိရသည္။

ဦးစိန္ထြန္းလွက “ပိုက္ဆံေတာ့ က်ေနာ္တို႔ျပန္ွရွင္းလိုက္မယ္တဲ့၊ ကားသမားမ်ားကိုလည္း သူတို႔မွာလိုက္ပါတယ္၊ တန္ရာတန္ေၾကးကို သူတို႔ျပန္လည္ရွင္းေပးမွာပါေပါ့ေနာ္၊ အျပင္မွာထက္ေတာ့ ေစ်းသက္သာပါတယ္၊ အားလုံးက်န္းက်န္းမာမာနဲ႔ ဆန္အိတ္လည္း အားလံုးေရာင္းလိုက္တယ္၊ အဆင္ေျပပါတယ္၊ ေလာေလာဆယ္ေတာ့ က်ေနာ္တို႔က (၁၀၀) ေလာက္ပဲသယ္ပါတယ္၊ ေလာေလာဆယ္ေတာ့ ခုစတဲ့ ဗိုင္းရပ္စ္ေၾကာင့္ လူစုလူေ၀းမရေတာ့ သယ္ဖို႔အတြက္ ရပ္ဆိုင္းထားလိုက္တယ္” ဟု ေျပာသည္။

ပလက္၀ၿမိဳ႕နယ္သည္ ဆန္၊ ဆီ၊ ဆား ႏွင့္ အေျခခံစားကုန္ေသာက္ကုန္မ်ားကို ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ဘက္မွတဆင့္ အဓိက သယ္ယူေလ့ရွိၾကၿပီး တပ္မေတာ္ႏွင့္ AA အၾကားတိုက္ပြဲျပင္းထန္လာသည့္အတြက္ ၿပီးခဲ့သည့္ ေဖေဖာ္၀ါရီလဆန္းပိုင္းကစ၍ ပလက္၀ႏွင့္ ေက်ာက္ေတာ္အၾကားဆက္သြယ္သည့္ ေရလမ္း၊ ကုန္လမ္းမ်ားျပတ္ေတာက္ခဲ့ေသာေၾကာင့္ စားနပ္ရိကၡာခက္ခဲမႈႏွင့္ရင္ဆုိင္ေနၾကရျခင္းျဖစ္သည္။

#Unicode

By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ပြည်သူများအတွက် သယ်ယူလာသည့် ဆန်အိတ် (၁၀ဝ) အနက် အိတ် (၂၀) ကို ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့က တန်ရာတန်ကြေးပေးကာ ဝယ်ယူမည်ဟုဆိုကာ အကူအညီတောင်း ခံလာ သည့်အတွက် ခွဲဝေပေးလိုက်ရသည်ဟု ပလက်ဝစားနပ်ရိက္ခာသယ်ယူရေးကော်မတီ ဥက္ကဌ ဦးစိန်ထွန်းလှ ကပြောသည်။

ပလက်ဝမြို့နယ်အတွင်း အရပ်သားပြည်သူများနှင့် စစ်ဘေးဒုက္ခသည်များ ခွဲဝေရန်အတွက် ဆန်အိတ် (၁၀ဝ) ကို မတ်လ ၂၉ ရက်နေ့က ဆမီးမြို့မှ ပလက်ဝမြို့သို့ သယ်ယူလာသည့် ကားကို AA တပ်ဖွဲ့ ရပ်တန့်စစ်ဆေးကာ ဆန်အိတ်များလုယူသွားသည်ဟု ယမန်နေ့က ချင်းပြည်နယ်အစိုးရအဖွဲ့က ပြောဆိုခဲ့ သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပလက်ဝစားနပ်ရိက္ခာသယ်ယူရေးကော်မတီ ဥက္ကဌ ဦးစိန်ထွန်းလှကို ခိုနူမ်းသုန်သတင်းဌာနမှ ဆက်သွယ်မေးမြန်းကြည်ရာ AA တပ်ဖွဲ့အနေဖြင့် ဆန်အိတ်များကို အတင်းအဓမ္မလုယူခြင်းမဟုတ်ဘဲ အိတ် (၂၀) ကို တန်ရာတန်ကြေးပေးကာ ဝယ်ယူမည်ဟုဆိုကာ တောင်းခံလာသည့်အတွက် ခွဲပေးလိုက်ရခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“ကျနော်ပြောမယ် အိတ် (၂၀) ကိုတော့ သူတို့ကတန်ရာတန်ကြေးပေးပြီး ခွဲပေးဖို့ ကျနော်တို့ဆီအကိုအညီတောင်းတယ်လေ အတင်းအဓမ္မလုယူတာမဟုတ်ဘူး ကျနော်တို့ဆီအခွင့်တောင်းတယ် ဒီလိုတွေ ဒီလိုကြောင့် အခက်အခဲရှိတယ် ပြည်သူလူထုအတွက်လည်း နစ်နာစရာမလိုဘူး ကျနော်တို့ကို အိတ် (၂၀) ရောင်းဈေးနဲ့ ရောင်းပေးပါလို့ခွင့်တောင်းတယ် အဲဒါကျနော်တို့ ကော်မတီဝင်တွေက ခွင့်ပြုလိုက်တာ” ဟု ဦးစိန်ထွန်းလှကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး AA တာဝန်ရှိပုဂ္ဂိုလ်များထံသို့ ခိုနူမ်းသုန်သတင်းဌာနမှ ဆက်သွယ်မေးမြန်းလိုသော်လည်း ပြီးခဲ့သည့် မတ်လ (၂၃) ရက်နေ့မှစတင်ကာ AA အဖွဲ့အား တရားမဝင်အသင်း/အကြမ်းဖက်အဖွဲ့အဖြစ် မြန်မာနိုင်ငံအစိုးရမှ တရားဝင်သတ်မှတ်ခဲ့သည့်အတွက် ဆက်သွယ်မေးမြန်းခြင်း မပြုလုပ်နိုင်ခဲ့ပေ။

အဆိုပါဆန်အိတ်များကို တအိတ်လျှင် ကျပ်ငွေ ၂၅၅၀ဝ နှုန်းဖြင့် ပခုက္ကူမြို့တွင် ဝယ်ယူကာ မင်းတပ်-မတူပီ-ဆမီးမြို့အထိ ကားသမားများက စေတနာဖြင့်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ဆမီးမြို့မှ တဆင့် ပလက်ဝမြို့သို့ပြန်သယ်လာသည့်အချိန်တွင် ပလက်ဝမြို့အရောက်ပေါက်ဈေးမှာ ဆန်သယ်ခအပါအဝင် ကျပ်ငွေ ၃၂၀ဝ၀ ကျပ်ရှိသည်ဟု သိရသည်။

အဆိုပါပေါက်ဈေးအတိုင်း ဆန်အိတ် ၂၀ ကို ၃၂၀ဝ၀ ကျပ်ဖြင့် ဝယ်ယူမည်ဟုဆိုကာ AA တပ်ဖွဲ့က ဆန်အိတ်များကို ယူသွားခဲ့သော်လည်း ကျသင့်ငွေအား တပါတည်းပေးချေခြင်းမရှိသေးကြောင်း AA တပ်ဖွဲ့ဝင်များက လာရောက်ပေးချေမည်ဟု ကားသမားများထံ မှာကြားခဲ့သည်ဟု ဦးစိန်ထွန်းလှကပြောသည်။

ကျန်ရှိသည့် ဆန်အိတ် (၈၀) မှာ မတ်လ ၂၉ ရက်ညက ပလက်ဝမြို့ပေါ်သို့ရောက်ရှိသွားပြီဟုသိရသည်။

ဦးစိန်ထွန်းလှက “ပိုက်ဆံတော့ ကျနော်တို့ပြနှ်ရှင်းလိုက်မယ်တဲ့ ကားသမားများကိုလည်း သူတို့မှာလိုက်ပါ တယ် တန်ရာတန်ကြေးကို သူတို့ပြန်လည်ရှင်းပေးမှာပါပေါ့နော် အပြင်မှာထက်တော့ ဈေးသက်သာပါတယ်၊ အားလုံးကျန်းကျန်းမာမာနဲ့ ဆန်အိတ်လည်း အားလုံးရောင်းလိုက်တယ် အဆင်ပြေပါတယ် ၊ လောလောဆ ယ်တော့ ကျနော်တို့က (၁၀ဝ) လောက်ပဲသယ်ပါတယ်၊ လောလောဆယ်တော့ ခုစတဲ့ ဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမရတော့ သယ်ဖို့အတွက်ရပ်ဆိုင်းထားလိုက်တယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ်သည် ဆန်၊ ဆီ၊ ဆား နှင့် အခြေခံစားကုန်သောက်ကုန်များကို ရခိုင်ပြည်နယ် ကျောက်တော်ဘက်မှတဆင့် အဓိက သယ်ယူလေ့ရှိကြပြီး တပ်မတော်နှင့် AA အကြားတိုက်ပွဲပြင်းထန်လာ သည့်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ ပလက်ဝနှင့် ကျောက်တော်အကြားဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများပြတ်တောက်ခဲ့သောကြောင့် စားနပ်ရိက္ခာခက်ခဲမှုနှင့်ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ဦးစီးအရာရှိအဆင့် ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်က ကလေးငယ်တစ်ဦး ခြေတဖက်ပြတ်သွား

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.