• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တပ္မေတာ္ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အရပ္သားေသဆံုးမႈအေပၚ ခ်င္းပါတီက အျပင္းအထန္ကန္႔ကြက္႐ႈံ႕ခ်

တပ္မေတာ္ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အရပ္သားေသဆံုးမႈအေပၚ ခ်င္းပါတီက အျပင္းအထန္ကန္႔ကြက္႐ႈံ႕ခ်

0
By Editor on March 17, 2020 Headline

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္၀ျမိဳ႕နယ္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔အၾကားတိုက္ပြဲျဖစ္ပြားမႈတြင္ ျမန္မာ့တပ္မေတာ္မွ ေလေၾကာင္းအသံုးျပဳ၍ ဗံုးက်ဲတိုက္ခိုက္မႈေၾကာင့္ အရပ္သား (၂၁) ဦးေသဆံုးခဲ့ရသည့္ကိစၥကို အျပင္းအထန္ ကန္႔ကြက္႐ံႈခ်သည္ဟု ခ်င္းအမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္ (CNLD) က ေျပာဆိုလိုက္သည္။

တပ္မေတာ္မွ ေလေၾကာင္းျဖင့္ ဗံုးက်ဲတိုက္ခိုက္မႈျပဳလုပ္သည့္ ေက်းရြာမ်ားသည္ ရကိၡဳင့္တပ္ေတာ္ (AA) ႏွင့္ ရခိုင္လူမ်ဴိးမ်ား အေျခခ်ေနထုိင္ျခင္းမရွိဘဲ ခ်င္းလူမ်ဴိးမ်ားသာေနထိုင္ၾကၿပီး ယခုကဲ့သို႔ တပ္မေတာ္မွ မဆင္မျခင္တိုက္ခိုက္မႈအေပၚ အျပင္းအထန္႐ႈံ႕ခ်ကန္႔ကြက္သည္ဟု ခ်င္းအမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္ (CNLD) က မတ္လ (၁၅) ရက္ေန႔တြင္ ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

ျပည္သူလူထုကို ကာကြယ္ရန္တာ၀န္ရွိသည့္ ျမန္မာ့တပ္မေတာ္အေနျဖင့္ ယခုကဲ့သုိ႔ အျပစ္မဲ့ျပည္သူမ်ားအား ဗံုးက်ဲတိုက္ခိုက္မႈသည္ လံုး၀လက္ခံလို႔မရေၾကာင္း CNLD ပူးတြဲဥကၠဌ ပူးႏိုးထန္ကပ္ကေျပာသည္။

“အျပစ္မဲ့ျပည္သူေတြေနတဲ့ရြာမွာ ဘယ္သူပဲျဖစ္ျဖစ္၊ သူပုန္ျဖစ္ျဖစ္၊ ေသာင္းက်န္းသူျဖစ္ျဖစ္၊ ေတာ္လွန္ေရးသမားျဖစ္ျဖစ္၊ ဘာျဖစ္ျဖစ္ ခိုေအာင္းေနတယ္ဆိုရင္ေတာင္မွ ရြာမွာမပစ္ရဘူး၊ အစိုးရတပ္ဆိုတာက ျပည္သူဖက္မွာပါေနရမယ္၊ ျပည္သူေတြနစ္နာမႈျဖစ္ေစမယ့္အရာကို ေရွာင္ရမယ္၊ တကယ္လို႔ အဲဒီမွာ AA ပုန္းေအာင္းေနရင္ေတာင္မွ အဲဒီအခိုက္အတန္႔ေတာ့ ရြာသားေတြကို တနည္းတဖုံနဲ႔ ခ်ည္းကပ္ဖို႔လိုတယ္၊ တစ္ခါတည္း ဗံုးသြားၾကဲတာေတာ့ က်ေနာ္တို႔ လံုး၀လက္မခံႏိုင္ဘူး၊ ေနာက္ျပီးေတာ့ ျပည္တြင္းစစ္မွာ တိုက္ေလယာဥ္ႀကီးေတြ တစ္အားသံုးေနတာကလည္း မသင့္ေတာ္ဘူးလို႔ က်ေနာ္တို႔ျမင္တယ္” ဟု ပူးႏိုထန္ကပ္ကေျပာသည္။

အဆိုပါေလေၾကာင္းတိုက္ခိုက္မႈတြင္ တာ၀န္ရွိသူမ်ားကို တပ္မေတာ္အေနျဖင့္ စစ္ေဆးအေရးယူၿပီး ေသဆံုးသူမ်ား၊ ထိခိုက္ဒဏ္ရာရသူမ်ားႏွင့္ထိခိုက္ပ်က္စီးဆံုးရံႈးမႈမ်ားအားလံုးအတြက္ တာ၀န္ယူေလ်ာ္ေၾကးေပးရန္ႏွင့္ ထိခိုက္နစ္နာသူမိသားစုမ်ားအား တရား၀င္ေတာင္းပန္ရမည္ဟု CNLD ၏ ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

ပလက္၀ၿမိဳ႕ႏွင့္ ဆမီးၿမိဳ႕အၾကားတြင္တည္ရွိသည့္ မိတ္စာ၀ ၂ ႏွင့္ ၃ ေက်းရြာတြင္ မတ္လ (၁၄) ရက္ေန႔က ျမန္မာ့တပ္မေတာ္မွ ေလေၾကာင္းျဖင့္ ဗံုးက်ဲတိုက္ခိုက္မႈေၾကာင့္ ရြာသား (၁၂) ဦးေသဆံုးကာ (၁၅) ဦးဒဏ္ရာရရွိခဲ့သည္။

မတ္လ (၁၅) ရက္ေန႔တြင္လည္း ျမန္မာ့တပ္မေတာ္မွ ေလေၾကာင္းစစ္ဆင္မႈမ်ား ဆက္လက္ျပဳလုပ္ၿပီး ၀က္မေက်းရြာမွ ရြာသား (၈) ဦးေသဆံုးကာ (၁၂) ဦးဒဏ္ရာရရွိၿပီး ၿပိဳင္တိန္ေက်းရြာတြင္လည္း ရြာသားတစ္ဦးေသဆံုးကာ တစ္ဦးဒဏ္ရာရရွိခဲ့သည္။

#Unicode

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြားတိုက်ပွဲဖြစ်ပွားမှုတွင် မြန်မာ့တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား (၂၁) ဦးသေဆုံးခဲ့ရသည့်ကိစ္စကို အပြင်းအထန် ကန့်ကွက်ရှုံချသည်ဟု ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) က ပြောဆိုလိုက်သည်။

တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်သည့် ကျေးရွာများသည် ရက္ခိုင့်တပ်တော် (AA) နှင့် ရခိုင်လူမျိူးများ အခြေချနေထိုင်ခြင်းမရှိဘဲ ချင်းလူမျိူးများသာနေထိုင်ကြပြီး ယခုကဲ့သို့ တပ်မတော်မှ မဆင်မခြင်တိုက်ခိုက်မှုအပေါ် အပြင်းအထန်ရှုံ့ချကန့်ကွက်သည်ဟု ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) က မတ်လ (၁၅) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပြည်သူလူထုကို ကာကွယ်ရန်တာဝန်ရှိသည့် မြန်မာ့တပ်မတော်အနေဖြင့် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအား ဗုံးကျဲတိုက်ခိုက်မှုသည် လုံးဝလက်ခံလို့မရကြောင်း CNLD ပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်ကပြောသည်။

“အပြစ်မဲ့ပြည်သူတွေနေတဲ့ရွာမှာ ဘယ်သူပဲဖြစ်ဖြစ်၊ သူပုန်ဖြစ်ဖြစ်၊ သောင်းကျန်းသူဖြစ်ဖြစ်၊ တော်လှန်ရေးသမားဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ခိုအောင်းနေတယ်ဆိုရင်တောင်မှ ရွာမှာမပစ်ရဘူး၊ အစိုးရတပ်ဆိုတာက ပြည်သူဖက်မှာပါနေရမယ်၊ ပြည်သူတွေနစ်နာမှုဖြစ်စေမယ့်အရာကို ရှောင်ရမယ်၊ တကယ်လို့ အဲဒီမှာ AA ပုန်းအောင်းနေရင်တောင်မှ အဲဒီအခိုက်အတန့်တော့ ရွာသားတွေကို တနည်းတဖုံနဲ့ ချည်းကပ်ဖို့လိုတယ်၊ တစ်ခါတည်း ဗုံးသွားကြဲတာတော့ ကျနော်တို့ လုံးဝလက်မခံနိုင်ဘူး၊ နောက်ပြီးတော့ ပြည်တွင်းစစ်မှာ တိုက်လေယာဉ်ကြီးတွေ တစ်အားသုံးနေတာကလည်း မသင့်တော်ဘူးလို့ ကျနော်တို့မြင်တယ်” ဟု ပူးနိုထန်ကပ်ကပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် တာဝန်ရှိသူများကို တပ်မတော်အနေဖြင့် စစ်ဆေးအရေးယူပြီး သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရသူများနှင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများအားလုံးအတွက် တာဝန်ယူလျော်ကြေးပေးရန်နှင့် ထိခိုက်နစ်နာသူမိသားစုများအား တရားဝင်တောင်းပန်ရမည်ဟု CNLD ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပလက်ဝမြို့နှင့် ဆမီးမြို့အကြားတွင်တည်ရှိသည့် မိတ်စာဝ ၂ နှင့် ၃ ကျေးရွာတွင် မတ်လ (၁၄) ရက်နေ့က မြန်မာ့တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရွာသား (၁၂) ဦးသေဆုံးကာ (၁၅) ဦးဒဏ်ရာရရှိခဲ့သည်။

မတ်လ (၁၅) ရက်နေ့တွင်လည်း မြန်မာ့တပ်မတော်မှ လေကြောင်းစစ်ဆင်မှုများ ဆက်လက်ပြုလုပ်ပြီး ဝက်မကျေးရွာမှ ရွာသား (၈) ဦးသေဆုံးကာ (၁၂) ဦးဒဏ်ရာရရှိပြီး ပြိုင်တိန်ကျေးရွာတွင်လည်း ရွာသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.