Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တမူးဒေသခံ ၃၇ ဦးကို ကူကီးတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ဟု ISP- Myanmar ထုတ်ပြန်ချက် မှားယွင်းနေကြောင်း ကူကီးအမျိုးသားတပ်မတော် ထုတ်ပြန်

တမူးဒေသခံ ၃၇ ဦးကို ကူကီးတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ဟု ISP- Myanmar ထုတ်ပြန်ချက် မှားယွင်းနေကြောင်း ကူကီးအမျိုးသားတပ်မတော် ထုတ်ပြန်

0
By Editor on October 25, 2024 Headline

(006SV)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ သနန်ရွာမှ ဒေသခံ ၃၇ ဦးကို ကူကီးလက်နက်ကိုတပ်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ဟူ၍ ISP- Myanmar က သုတေသနပြုဖော်ပြမှုသည် အချက်အလက် မှားယွင်းဖော်ပြထားမှုဖြစ်ကြောင်း ကူကီးအမျိုးသားအစည်းအရုံး/ ကူကီးအမျိုးသား တပ်မတော် (မြန်မာပြည်) က ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်တွင် တမူးမြို့နယ်၊ သနန်ရွာမှ ဒေသခံ ၃၇ ဦးကို ကူကီးလက်နက်ကိုင်တပ်များက ဖမ်းဆီးသတ် ဖြတ်ခဲ့ဟူ၍ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အောက်တိုဘာလ ၂၃ ရက်က သုတေသန ပြုဖော်ပြခဲ့သည်။

အဆိုပါပြစ်မှုမျိုး ကျူးလွန်ခဲ့ခြင်း လုံးဝ မရှိဘဲ အခြေအမြစ်မရှိ အချက်အလက် မှားယွင်းဖော်ပြထားသည်ကို တွေ့ရှိရပြီး၊ ISP – Myanmar အနေဖြင့် အချက်အလက် မှားယွင်းဖော်ပြမှုကို ပယ်ဖျက်ပေးရန် ကူကီးအမျိုးသားတပ်မတော် KNA- B က အောက်တိုဘာလ ၂၅ ရက်က ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုသည်။

“အခြေအမြစ်မရှိတဲ့ ISP မြန်မာရဲ့ စွပ်စွဲမှုကိုကျနော်တို့ ဖြေရှင်းချက် ထုတ်ထားတယ်။ ကျနော်တို့ ဖြေရှင်းချက်တစ်ခုထဲနဲ့ မလုံ လောက်ဘူးဆိုရင် NUG လက်အောက်ခံ စစ်ဒေသ(၁) ကိုလည်း ဆက်သွယ်မေးမြန်လို့ ရပါတယ်။အခုဟာက သတင်းရင်းမြစ် အမှန်ကို မသိပဲ မီဒီယာမှာ သွေးထိုးလှုံ့ဆော် ရေးသာဖော်ပြနေလို့ တော်လှန်ရေးအဖွဲ့တွေရဲ့ ရှေးဆက်လုပ်ငန်းစဉ်တွေကို ဟန့်တားရာရောက်နေလို့ ဖြေရှင်းချက်ပေးရခြင်းဖြစ်တယ်” ဟု KNA- B မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဖြစ်စဉ်သည် ၂၀၂၃၊ နိုဝင်ဘာလ ၂၄ ရက်က သနန်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံတပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၏ စစ်ဒေသ (၁) မှ ကာကွယ်ရေးတပ်ဖွဲ့များနှင့် KNA- B တို့ အတူ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ အောက်တိုဘာလ ၂၀ ရက်အထိ “ဘုတလင်ဖြစ်စဉ်အပါအဝင် စစ်ကောင်စီ ကျူးလွန်ခဲ့သော အစုအပြုံလိုက်သတ်ဖြတ်မှုများ” ခေါင်းစဉ်ဖြင့် သုတေသနပြုဖော်ပြရာ စစ်ကောင်စီတပ်မဟုတ်သော အခြားလက်နက်ကိုင်များ ကျူးလွန်သည့် အစုအပြုံလိုက်သတ်ဖြတ်မှု ငါးခုထက်မနည်းရှိခဲ့ကာ ယင်းဖြစ်စည်များတွင် အရပ်သား ၉၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ISP- Myanmar က ထုတ်ပြန်သည်။

ယင်းငါးခုထဲက ဖြစ်စဉ်တစ်ခုတွင် ကူကီးအမျိုးသားတပ်မတော် KNA- B က အစုအပြုံလိုက်သတ်ဖြတ်မှုကို သနန်ရွာမှာ ကျူးလွန်ခဲ့သည်ဟု ISP က ဆိုသည်။

ISP – Myanmar ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဧရာဝတီသတင်းဌာနနှင့် RFA အပါအဝင် လွတ်လပ်သည့်သတင်းဌာနများတွင် ရေးသားဖော်ပြထားကြောင်း သိရသည်။

အဖွဲ့အစည်းများ၊ သတင်းဌာနများအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံဖြစ်စေ၊ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များထံဖြစ်စေ သတင်းအချက်အလက်များ စစ်ဆေးအတည်ပြုပြီးမှသာ သတင်းထုတ်ပြန်ပါရန် KNA- B အဖွဲ့က ဆိုသည်။

ကူကီးအမျိုးသား တပ်မတော်KNO/ KNA(B) ကို ၂၀၁၃ ခုနှစ်တွင် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ရည်ရွယ်ချက်မှာ မြန်မာပြည်မှာ ရှိနေသည့် ကူကီးလူမျိုးများ၏ ကိုယ်ကံကြမ္မာကိုယ်ဖန်တီးရေ၊ လူမျိုးစု အခွင့်ရေးတန်းတူရေးနှင့် အာဏာရှင် အမြစ်ပြတ်‌ချေမှုန်းရေးတို့ အတွက် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း KNO/ KNA(B) ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးနှင့်အတူ အသစ်ပေါက်ဖွားလာသည့် PDF များကိုစုစည်းကာ အခြေခံ စစ်သင်တန်းများပေးပြီး တမူးမြို့နယ်ဒေသတခွင် အတူတကွ စစ်ရေးပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် (၁) စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနှင့် ပူးပေါင်းပြီး တမူးခရိုင် အတွင်းရှိ အောင်ဇေယျစစ်စခန်း၊ မြို့သစ် စစ်စခန်း၊ သနန်နှင့် ခမ်ပတ် စစ်စခန်းများကို သိမ်းပိုက်ထားပြီး ဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.