• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တမူးမြို့တွင် ကိုဗစ် ၁၉ ရောဂါကြောင့် ရက်သားအရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး၊ ကူးစက်ခံရသူ ၁၅၀ ကျော်ရှိ

တမူးမြို့တွင် ကိုဗစ် ၁၉ ရောဂါကြောင့် ရက်သားအရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး၊ ကူးစက်ခံရသူ ၁၅၀ ကျော်ရှိ

0
By Editor on June 4, 2021 Khonumthung

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ကိုဗစ် ၁၉ ရောဂါကြောင့် ၂၈ ရက်သားအရွယ် ကလေးငယ်တစ်ဦး ယနေ့နံနက်ပိုင်းကသေဆုံးခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၁၅၀ ကျော်ရှိသွားပြီဟု တမူးမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းကပြောသည်။

တမူးမြို့တွင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ကစ၍ RDT Test Kit ဖြင့် ကိုဗစ် ၁၉ ရောဂါရှိမရှိ စစ်ဆေးခဲ့ရာ ဇွန်လ ၂ ရက်နေ့အထိ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၁၅၀ ကျော်ခန့်ရှိခဲ့ပြီး ယနေ့နောက်ဆုံး စစ်ဆေးချက်အရ ၂၁ ဦးထပ်မံတွေ့ရှိကာ စုစုပေါင်း ၁၇၁ ဦးထိ Positive လူနာရှိသွားပြီဖြစ်သည်။

“ကိုဗစ်ကူးစက်လူနာ ဒီနေ့ဆိုရင် ၂၁ ဦးထပ်တိုးတယ် ပိုးတွေ့လူနာများလာတော့ ဒီနေ့ဆို မနက် ၃ နာရီ လောက် ၂၈ ရက်သားလေးသေဆုံးတာရှိတယ်၊ သူ့အမေကလည်း Positive လူနာလည်းဖြစ်တော့ အဲလို ဖြစ်သွားတာ” ဟု တမူးမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးကပြောသည်။

ကိုဗစ် ပိုးတွေ့လူနာများကို တမူးမြို့ပြည်သူ့ဆေးရုံကြီးနှင့် မင်းသားတိုက်နယ်ဆေးရုံတို့တွင် ကြပ်မတ်ကုသပေးလျှက်ရှိကာ သံသယလူများကိုမူ အစိုးရဆောက်လုပ်ရေးဝန်းထဲတွင် ကွာရန်တင်းအဖြစ် ထားရှိသည်ဟုသိရသည်။

ကိုဗစ် ၁၉ ရောဂါကူးစက်မှုမြင့်တက်လာခြင်းကြောင့် ပါဆယ်စနစ်ကျင့်သုံးခြင်း မြို့အဝင်/ထွက် ခရီးသွား လုပ်ငန်းများ ပိုမိုကြတ်ပေးရန်တိုင်းဒေသကြီးသို့ တင်ပြထားကြောင်း ဒု အုပ်ချုပ်ရေးမှူးကပြောသည်။

အိန္ဒိယ-မြန်မာအမှတ် (၁) နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာမြို့ဖြစ်သည့် တမူးမြို့တွင် ယခင် ကိုဗစ်ပထမလှိုင်းဖြစ်ပွားချိန်ကတည်းက နယ်စပ်ကုန်သွယ်ရေးအားပိတ်ထားကာ ယနေ့ချိန်ထိ တရားဝင်ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.