• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တရုတ္ႏုိင္ငံတြင္ ခ်င္းလူမ်ဴိးတစ္ဦး Coronavirus ကူးစက္ခံရသည္ဟု ယူဆၿပီး ကုမၸဏီတာ၀န္ရွိသူမ်ားက ေတာထဲသို႔ပစ္ထား

တရုတ္ႏုိင္ငံတြင္ ခ်င္းလူမ်ဴိးတစ္ဦး Coronavirus ကူးစက္ခံရသည္ဟု ယူဆၿပီး ကုမၸဏီတာ၀န္ရွိသူမ်ားက ေတာထဲသို႔ပစ္ထား

0
By Editor on February 14, 2020 Headline

Zawgyi

By လားႏြန္ – တရုတ္ႏိုင္ငံ၊ ရွန္ဒံုးျပည္နယ္၊ ၀ဲဟိုင္ျမိဳ႕ရွိ ေရညွိထုတ္လုပ္သည့္ ကုမၸဏီတစ္ခုတြင္ သြားေရာက္အလုပ္လုပ္ကိုင္ရင္း ေနထိုင္မေကာင္းျဖစ္ေနေသာ ခ်င္းအမ်ိဳးသားတစ္ဦးကို ကုမၸဏီတာ၀န္ရိွသူမ်ားက (Coronavirus) ၀ူဟန္ဗိုင္းရပ္စ္ကူးစက္သည္ဟုယူဆကာ ေဖေဖာ္၀ါရီလ (၁၃) ရက္ေန႔က ေတာထဲတြင္ သြားေရာက္ပစ္ထားခဲ့ၾကသည္ဟု သိရသည္။

အဆိုပါအမ်ိဳးသားသည္ ကေလးျမိဳ႕ တာဟန္းရပ္ကြက္ေနထိုင္သူ Pu Vanlaldika ႏွင့္ Pi Lallianpuii တို႔၏ သား အသက္ (၂၃) ႏွစ္အရြယ္ ေမာင္ဗန္လားေမာယာျဖစ္သည္။  

၎သည္ ျပီးခဲ့သည္အပတ္မွစ၍ ေနမေကာင္းျဖစ္သည့္အတြက္ ကုမၸဏီရိွတာ၀န္ရိွသူမ်ားမွ ေဆးခန္းသို႔ျပခိုင္းထားျပီး လွ်ာထံုကာ စကားေျပာရန္ခက္ခဲျခင္း၊ အသက္ရႈအနည္းငယ္က်ပ္ျခင္းႏွင့္ ေျခလက္မ်ား ထံုက်င္ကိုက္ခဲမႈတို႔ ခံစားေနရျပီး ကုမၸဏီတာ၀န္ရွိသူမ်ားက ယခုရက္ပိုင္းအတြင္း တရုတ္ႏို္င္ငံတြင္ ျပန္႔ပြားေနသည့္ Coronavirus ကူးစက္ခံရသည္ဟု ယူဆၾကေသာေၾကာင့္ ေတာထဲသို႔ သြားေရာက္ပစ္ထားၾကသည္ဟု ဗန္လားေမာယာ၏ အမျဖစ္သူကေျပာသည္။

“သူကအရင္ကတည္းက ေျခေထာက္မခုိင္တာ ဒါေပမဲ့ တရုတ္ျပည္သြားေတာ့ သူေတာ္ေတာ္ေလးေကာင္းပံုရိွတယ္ သူတို႔ကုမၸဏီကအခုအလုပ္ရံုက အလုပ္နားေနတယ္ သူကအရက္လည္းျဖတ္ထားတယ္ဆိုေတာ့  ေလျဖတ္ခ်င္တာလားမသိဘူး ပိုျပီးေတာ့ ေျခေထာက္ကမခိုင္လာတာ လ်ာကလည္းေလးေနတယ္လို႔သိရတယ္၊ ဖ်ားတာ ေခ်ာင္းဆိုးတာလည္းဘာမွေတာ့မရိွဘူးဆိုေတာ့ ကုမၸဏီကလည္း ႏွစ္ရက္ေလာက္ေတာ့ေဆးေတြေတာ့ေပးတယ္ ဒါေပမဲ့ ေနာက္ေတာ့ သူတို႔မျပဳစုခ်င္ေတာ့တာလား အဲလိုကားနဲ႔တင္ျပီး ျမိဳ႕ျပင္ဘက္မွထားခဲ့ၾကတယ္ အဲဒီထိက်မတို႔စကားေျပာလို႔ရေသးတယ္ ဖုန္းနဲ႔ဆက္သြယ္ၾကတယ္” ဟု အစ္မျဖစ္သူ မဇားဇိုးအီးကေျပာသည္။

ကုမၸဏီမွ ျမိဳ႕ျပင္ဘက္၊ ေတာထဲတြင္ထားခဲ့ျပီးေနာက္ပိုင္း ျမိဳ႕ျပင္ရိွ အိမ္ေဟာင္းတစ္ခုအတြင္း တစ္ညလံုးေနခဲ့ရကာ ယေန႔မနက္ပိုင္းတြင္မွ ျမိဳ႕ထဲသို႔ျပန္ေရာက္ႏိုင္ခဲ့ေသာ္လည္း ေျခေထာက္ထံုက်င္မႈမ်ားေၾကာင့္ အေတာ္ေလးပင္ပန္းေနျပီး တရုတ္ႏိုင္ငံရိွ ျမန္မာႏုိင္ငံသားမ်ားမွ ကူညီေပးရန္ မိသားစုမ်ားက ေတာင္းဆိုထားၾကသည္။

ဗန္လားေမာယာသည္ ျမန္မာႏုိင္ငံမွ တရုတ္ႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရန္ ၂၀၁၉ ေဖေဖာ္၀ါရီမွထြက္ခြာျပီး အလုပ္လုပ္ကိုင္ေနသည္မွာ တစ္ႏွစ္တိတိရွိျပီျဖစ္ျပီး ယခုအလုပ္လုပ္သည့္ ကုမၸဏီတြင္ အလုပ္၀င္သည္မွာ တစ္လေလာက္သာရိွေသးေၾကာင္းသိရသည္။

သူ႔မိသားစု၀င္မ်ား၏ ေျပာျပခ်က္အရ ယခုလက္ရိွအခ်ိန္တြင္ တရုတ္ႏိုင္ငံတြင္းေနထိုင္ေနၾကသည္ ခ်င္းလူမ်ိဳးအခ်ိဳ႕မွ ကူညီရန္လုပ္ေဆာင္ေနေၾကာင္း၊ ဗန္လားေမာယာသည္လည္း သူေနထိုင္သည့္ ျမိဳ႕အနီးအနား ျမိဳ႕ထဲတစ္ေနရာတြင္ရိွျပီး သူ၏အသိမိတ္ေဆြ Remruata ဆိုသူက သြားေရာက္ေခၚေဆာင္ရန္ စီစဥ္ေနဆဲျဖစ္ေၾကာင္းသိရသည္။

ဗန္လားေမာယာသည္ လက္ရိွလုပ္ကိုင္ေနသည့္ကုမၸဏီ၌ ပင္လယ္ေရညိဳမ်ားထုပ္လုပ္ျခင္းမ်ား လုပ္ကိုင္ေနေၾကာင္း မိသားစုမ်ားကေျပာသည္။

Unicode

By လားနွန် – တရုတ်နိုင်ငံ၊ ရှန်ဒုံးပြည်နယ်၊ ဝဲဟိုင်မြို့ရှိ ရေညှိထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုတွင် သွားရောက်အလုပ်လုပ်ကိုင်ရင်း နေထိုင်မကောင်းဖြစ်နေသော ချင်းအမျိုးသားတစ်ဦးကို ကုမ္ပဏီတာဝန်ရှိသူများက (Coronavirus) ဝူဟန်ဗိုင်းရပ်စ်ကူးစက်သည်ဟုယူဆကာ ဖေဖော်ဝါရီလ (၁၃) ရက်နေ့က တောထဲတွင် သွားရောက်ပစ်ထားခဲ့ကြသည်ဟု သိရသည်။

အဆိုပါအမျိုးသားသည် ကလေးမြို့ တာဟန်းရပ်ကွက်နေထိုင်သူ Pu Vanlaldika နှင့် Pi Lallianpuii တို့၏ သား အသက် (၂၃) နှစ်အရွယ် မောင်ဗန်လားမောယာဖြစ်သည်။  

၎င်းသည် ပြီးခဲ့သည်အပတ်မှစ၍ နေမကောင်းဖြစ်သည့်အတွက် ကုမ္ပဏီရှိတာဝန်ရှိသူများမှ ဆေးခန်းသို့ပြခိုင်းထားပြီး လျှာထုံကာ စကားပြောရန်ခက်ခဲခြင်း၊ အသက်ရှုအနည်းငယ်ကျပ်ခြင်းနှင့် ခြေလက်များ ထုံကျင်ကိုက်ခဲမှုတို့ ခံစားနေရပြီး ကုမ္ပဏီတာဝန်ရှိသူများက ယခုရက်ပိုင်းအတွင်း တရုတ်နိ်ုင်ငံတွင် ပြန့်ပွားနေသည့် Coronavirus ကူးစက်ခံရသည်ဟု ယူဆကြသောကြောင့် တောထဲသို့ သွားရောက်ပစ်ထားကြသည်ဟု ဗန်လားမောယာ၏ အမဖြစ်သူကပြောသည်။

“သူကအရင်ကတည်းက ခြေထောက်မခိုင်တာ ဒါပေမဲ့ တရုတ်ပြည်သွားတော့ သူတော်တော်လေးကောင်းပုံရှိတယ် သူတို့ကုမ္ပဏီကအခုအလုပ်ရုံက အလုပ်နားနေတယ် သူကအရက်လည်းဖြတ်ထားတယ်ဆိုတော့  လေဖြတ်ချင်တာလားမသိဘူး ပိုပြီးတော့ ခြေထောက်ကမခိုင်လာတာ လျာကလည်းလေးနေတယ်လို့သိရတယ်၊ ဖျားတာ ချောင်းဆိုးတာလည်းဘာမှတော့မရှိဘူးဆိုတော့ ကုမ္ပဏီကလည်း နှစ်ရက်လောက်တော့ဆေးတွေတော့ပေးတယ် ဒါပေမဲ့ နောက်တော့ သူတို့မပြုစုချင်တော့တာလား အဲလိုကားနဲ့တင်ပြီး မြို့ပြင်ဘက်မှထားခဲ့ကြတယ် အဲဒီထိကျမတို့စကားပြောလို့ရသေးတယ် ဖုန်းနဲ့ဆက်သွယ်ကြတယ်” ဟု အစ်မဖြစ်သူ မဇားဇိုးအီးကပြောသည်။

ကုမ္ပဏီမှ မြို့ပြင်ဘက်၊ တောထဲတွင်ထားခဲ့ပြီးနောက်ပိုင်း မြို့ပြင်ရှိ အိမ်ဟောင်းတစ်ခုအတွင်း တစ်ညလုံးနေခဲ့ရကာ ယနေ့မနက်ပိုင်းတွင်မှ မြို့ထဲသို့ပြန်ရောက်နိုင်ခဲ့သော်လည်း ခြေထောက်ထုံကျင်မှုများကြောင့် အတော်လေးပင်ပန်းနေပြီး တရုတ်နိုင်ငံရှိ မြန်မာနိုင်ငံသားများမှ ကူညီပေးရန် မိသားစုများက တောင်းဆိုထားကြသည်။

ဗန်လားမောယာသည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ၂၀၁၉ ဖေဖော်ဝါရီမှထွက်ခွာပြီး အလုပ်လုပ်ကိုင်နေသည်မှာ တစ်နှစ်တိတိရှိပြီဖြစ်ပြီး ယခုအလုပ်လုပ်သည့် ကုမ္ပဏီတွင် အလုပ်ဝင်သည်မှာ တစ်လလောက်သာရှိသေးကြောင်းသိရသည်။

သူ့မိသားစုဝင်များ၏ ပြောပြချက်အရ ယခုလက်ရှိအချိန်တွင် တရုတ်နိုင်ငံတွင်းနေထိုင်နေကြသည် ချင်းလူမျိုးအချို့မှ ကူညီရန်လုပ်ဆောင်နေကြောင်း၊ ဗန်လားမောယာသည်လည်း သူနေထိုင်သည့် မြို့အနီးအနား မြို့ထဲတစ်နေရာတွင်ရှိပြီး သူ၏အသိမိတ်ဆွေ Remruata ဆိုသူက သွားရောက်ခေါ်ဆောင်ရန် စီစဉ်နေဆဲဖြစ်ကြောင်းသိရသည်။

ဗန်လားမောယာသည် လက်ရှိလုပ်ကိုင်နေသည့်ကုမ္ပဏီ၌ ပင်လယ်ရေညိုများထုပ်လုပ်ခြင်းများ လုပ်ကိုင်နေကြောင်း မိသားစုများကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.