• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် ပလက်ဝမြို့နယ် ကျေးရွာ ၃ ရွာက ပြည်သူများ စစ်ဘေးတိမ်းရှောင်

တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် ပလက်ဝမြို့နယ် ကျေးရွာ ၃ ရွာက ပြည်သူများ စစ်ဘေးတိမ်းရှောင်

0
By Editor on November 4, 2022 Headline

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေမှုကြောင့် သာယာကုန်းကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာက ပြည်သူများသည် မီးဇာကျေးရွာသို့ ကြိုတင်စစ်ဘေးတိမ်းရှောင်လာကြသည်ဟု ၎င်းစစ်ဘေးရှောင်ကူညီပေးနေသူ ပလက်ဝမြို့က အသင်းတော်ဆရာတပါးက ပြောသည်။

“စကစနဲ့ တိုက်ပွဲဖြစ်လာရင် သေနတ်တွေကပြောလို့မရဘူး ရွာထဲကိုရောက်ကောင်းရောက်နိုင်တယ် ဒါကြောင့် လုံခြုံတဲ့နေရာကိုပြောင်းရင်တော့ ပိုကောင်းတယ်လေ သူတို့က ကြောက်လို့ ပြောင်းလာတာပေါ့။ တိုက်ပွဲတော့ မဖြစ်ရသေးဘူး၊ ရွာရဲ့တဖက်ကမ်းမှာ AA လည်းရှိတယ် ဒီဖက်ကျတော့လည်း စကစတွေ ကြားမှာရှိတဲ့ရွာဖြစ်နေတော့ တခုခုဖြစ်ရင်တော့ ကြောက်လို့ထွက်လာတာ။ နောက်ပြီးတော့ အသွားလာကလည်း ပိတ်မှာစိုးလို့ ကြောက်တာလည်းပါတယ်။” ဟု စစ်ဘေးရှောင်ကူညီပေးနေသူ ပလက်ဝမြို့က အသင်းတော်ဆရာတပါးက ပြောသည်။

မီးဇာကျေးရွာသို့ ကြိုတင်စစ်ဘေးရှောင်လာကြသော ကျေးရွာများမှာ သာယာကုန်း၊ ကျောက်ပလ္လနှင့် ဆပ်သာလ၀ကျေးရွာတို့ဖြစ်ကြသည်။

သာယာကုန်းကျေးရွာသည် မီးဇာနှင့် ၄ မိုင်ခန့်ကွာဝေးပြီး အိမ်ထောင်စု ၄၅ စု၊ လူဦးရေ ၂၀၀ ကျော်၊ ကျောက်ပလ္လကျေးရွာသည်လည်း အိမ်ထောင်စု ၃၀၊ လူဦးရေ ၁၀၀ ဝန်းကျင်နှင့် ဆပ်သာလဝကျေးရွာ သည် အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၅၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

မီးဇာတွင် ကြိုတင်စစ်ဘေးတိမ်းရှောင်လာသောပြည်သူများ နေထိုင်ရေးအတွက် အရေးပေါ်တဲအိမ်များဆောက်လုပ်ရန် လိုအပ်လျှက်ရှိသည်ဟု ယင်းအသင်းတော်ဆရာက ပြောသည်။

“အခု သူတို့က လောလောဆယ် နေဖို့အိမ်မရှိဘူး၊ တအိမ်ကို ဝါးက သုံးရာလောက်လိုတာကိုး အမိုးအကာနဲ့ဆိုရင် အနည်းဆုံး အိမ်တအိမ်ဆောက်ဖို့ နှစ်သိန်းလောက်လိုနေတယ်၊ ကျွန်တော်တို့အသင်းတော်က အခု ပို့တာက ဆယ်သိန်းလောက်ရှိတယ် မလောက်ဘူးလေ တရွာလုံးလိုအပ်နေတာကိုး အိမ်ခြေကများတော့ အနည်းဆုံး သိန်းတစ်ရာကျော်လိုမှာ” အသင်းတော်ဆရာက ပြောသည်။

ယခုလက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများသည် မီးဇာကျေးရွာက ဆွေမျိုး၊ ဘုရားကျောင်း၊ ဘော်ဒါအဆောင်တို့တွင် နေထိုင်လျှက်ရှိကြပြီး စားနပ်ရိက္ခာပိုင်းတွင်လည်း အကူအညီလိုအပ်လျှက်ရှိကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာခဲ့ပြီးနောက် ပလက်၀မြို့နယ်ထဲက ဒေသခံပြည်သူများသည် ပလက်ဝမြို့ပေါ်တွင်လည်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယခုလက်ရှိ ပလက်၀မြို့ပေါ်တွင် စစ်ဘေးရှောင်ပြည်သူ ၅ ထောင်ကျော်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

မိုခါမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများအတွက် KIO က ကျပ်သိန်း ၂၀၀၀ လှူဒါန်း

ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းတက်သူဦးရေ ၃၅၀၀၀ ကျော်ရှိ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.