• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တိုင္းရင္းသားပါတီကိုဦးစားေပးသည့္အေနျဖင့္ ခ်င္းျပည္နယ္တြင္ ၃၆ ေနရာသာဝင္ၿပိဳင္မည္ဟု USDP ပါတီေျပာ

တိုင္းရင္းသားပါတီကိုဦးစားေပးသည့္အေနျဖင့္ ခ်င္းျပည္နယ္တြင္ ၃၆ ေနရာသာဝင္ၿပိဳင္မည္ဟု USDP ပါတီေျပာ

0
By Editor on August 6, 2020 Headline

#Unicode

လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင် ဒေသတွင်းတိုင်းရင်းသားပါတီကို ဦးစာပေးသည့်အနေဖြင့် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၃၆ နေရာမှာသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခွဲယန်ကပြောသည်။

မဲဆန္ဒနယ်မြေစုစုပေါင်း (၃၉) နေရာရှိသည့် ချင်းပြည်နယ်တွင် USDP ပါတီက မတူပီ၊ ဖလမ်းမြို့နယ်တို့မှ ပြည်နယ်လွှတ် တော်တစ်နေရာစီနှင့် ဟားခါးမြို့နယ် အမျိူးသားလွှတ်တော်တစ်နေရာ စသည့် (၃) နေရာကို ကျန်ထားပြီး ကျန် (၃၆) နေရာတွင် ယှဉ်ပြိုင်မည်ဟု ဆလိုင်းခွဲယန်ကပြောသည်။

ယခုကဲ့သို့ မဲဆန္ဒနယ်မြေ (၃) နေရာကျန်ထားရသည့်ကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် USDP ပါတီပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခွဲယန်က “ကိုယ့်ဘက်က လွှတ်တော်ကိုယ်စားလှယ်အခြေအနေနဲ့ သူ့ဘက် (ဒေသတွင်းတိုင်းရင်းသားပါတီ) က လွှတ်တော်ကိုယ်စားလှယ်နဲ့နှိုင်းယှဉ်ပြီးမှ သူတို့လွှတ်တော်ကိုယ်စားလှယ်ဘဲဖြစ်သင့်တယ်ဆိုပြီး သူတို့လွှတ်တော်ကိုယ်စားလှယ်ကို ဦးစားပေးတာဖြစ်ပါတယ်၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း ဒီလိုမပြိုင်ဘဲ ထားခဲ့တာတွေရှိတယ် ဒီအစဉ်အလာကိုထိန်းသိမ်းတာလည်းပါပါတယ်” ဟု ပြောသည်။

USDP ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပြည်နယ်အဆင့်ထက် ပြည်သူ့လွှတ်တော်နှင့် အမျိူးသားလွှတ်တော်တွင် ပိုမိုအနိုင်ရရှိနို််င်ရေးကို မျှော်မှန်းထားသည်ဟု ဆလိုင်းခွဲယန်ကပြောသည်။

“ကျနော်တို့ကတော့ အမျိူးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ များများနိုင်ဖို့မျှော်မှန်းထားတာဖြစ်ပါတယ်၊ အဲဒါကြောင့် ဒေသအချေစိုက်ပါတီတွေကလည်း နိုင်ပါစေ သူတို့လည်း ကိုယ့်ဒေသအတွက် အကျိူးပြုမယ့် ပါတီတွေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ပါတီကြီးလည်းဖြစ်တော့လေ တစ်နိုင်ငံလုံးမှာ ပြည်သူ့နဲ့ အမျိူးသားလွှတ်တော်မှာအနိုင်ရဖို့စီစဉ်ဆွဲထားတာရှိပါတယ် ဒါကြောင့် ပြည်နယ်အဆင့်မှနိုင်တာထက် ပြည်ထောင်စုအဆင့်မှာ နိုင်ဖို့ကြိုတင်ပြင်ဆင်ထားပါတယ်” ဟု ဆလိုင်းခဲယန်ကပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေသည် ပြီးခဲသည့် ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်အနိုင်ရရှိခဲပြီး ချင်းပြည်နယ်တွင်လည်း ဗိုလ်ချုပ်ဟုန်းငိုင်း ဝန်ကြီးချူပ်ဖြစ်လာကာ ၅ နှစ်အစိုးရ ဖွဲ့ကာအုပ်ချူပ်ခဲ့သည်။

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် USDP ပါတီသည် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၅ နေရာသာအနိုင်ရရှိကာ NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်။

#Zawgyi

လာမည့္နိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္အေထြေထြေရြးေကာက္ပြဲတြင္ ေဒသတြင္းတိုင္းရင္းသားပါတီကို ဦးစာေပးသည့္အေနျဖင့္ ခ်င္းျပည္နယ္တြင္ မဲဆႏၵနယ္ေၿမ ၃၆ ေနရာမွာသာ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ဟု ခ်င္းျပည္နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ (USDP) ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းခြဲယန္ကေျပာသည္။

မဲဆႏၵနယ္ေျမစုစုေပါင္း (၃၉) ေနရာရွိသည့္ ခ်င္းျပည္နယ္တြင္ USDP ပါတီက မတူပီ၊ ဖလမ္းၿမိဳ႕နယ္တို႔မွ ျပည္နယ္လႊတ္ ေတာ္တစ္ေနရာစီႏွင့္ ဟားခါးၿမိဳ႕နယ္ အမ်ိဴးသားလႊတ္ေတာ္တစ္ေနရာ စသည့္ (၃) ေနရာကို က်န္ထားၿပီး က်န္ (၃၆) ေနရာတြင္ ယွဥ္ၿပိဳင္မည္ဟု ဆလိုင္းခြဲယန္ကေျပာသည္။

ယခုကဲ့သို႔ မဲဆႏၵနယ္ေၿမ (၃) ေနရာက်န္ထားရသည့္ကိစၥႏွင့္ပတ္သက္၍ ခ်င္းျပည္နယ္ USDP ပါတီေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းခြဲယန္က “ကိုယ့္ဘက္က လႊတ္ေတာ္ကိုယ္စားလွယ္အေျခအေနနဲ႔ သူ႔ဘက္ (ေဒသတြင္းတိုင္းရင္းသားပါတီ) က လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ႏွိုင္းယွဥ္ၿပီးမွ သူတို႔လႊတ္ေတာ္ကိုယ္စားလွယ္ဘဲျဖစ္သင့္တယ္ဆိုၿပီး သူတို႔လႊတ္ေတာ္ကိုယ္စားလွယ္ကို ဦးစားေပးတာျဖစ္ပါတယ္၊ ၂၀၁၈ ၾကားျဖတ္ေရြးေကာက္ပြဲတုန္းကလည္း ဒီလိုမၿပိဳင္ဘဲ ထားခဲ့တာေတြရွိတယ္ ဒီအစဥ္အလာကိုထိန္းသိမ္းတာလည္းပါပါတယ္” ဟု ေျပာသည္။

USDP ပါတီအေနျဖင့္ လာမည့္ေရြးေကာက္ပြဲတြင္ ျပည္နယ္အဆင့္ထက္ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဴးသားလႊတ္ေတာ္တြင္ ပိုမိုအနိုင္ရရွိနို္္င္ေရးကို ေမၽွာ္မွန္းထားသည္ဟု ဆလိုင္းခြဲယန္ကေျပာသည္။

“က်ေနာ္တို႔ကေတာ့ အမ်ိဴးသားလႊတ္ေတာ္နဲ႔ ျပည္သူ႔လႊတ္ေတာ္မွာ မ်ားမ်ားနိုင္ဖို႔ေမၽွာ္မွန္းထားတာျဖစ္ပါတယ္၊ အဲဒါေၾကာင့္ ေဒသအေခ်စိုက္ပါတီေတြကလည္း နိုင္ပါေစ သူတို႔လည္း ကိုယ့္ေဒသအတြက္ အက်ိဴးျပဳမယ့္ ပါတီေတြျဖစ္တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔က ပါတီႀကီးလည္းျဖစ္ေတာ့ေလ တစ္နိုင္ငံလုံးမွာ ျပည္သူ႔နဲ႔ အမ်ိဴးသားလႊတ္ေတာ္မွာအနိုင္ရဖို႔စီစဥ္ဆြဲထားတာရွိပါတယ္ ဒါေၾကာင့္ ျပည္နယ္အဆင့္မွနိုင္တာထက္ ျပည္ေထာင္စုအဆင့္မွာ နိုင္ဖို႔ႀကိဳတင္ျပင္ဆင္ထားပါတယ္” ဟု ဆလိုင္းခဲယန္ကေျပာသည္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီအေနသည္ ၿပီးခဲသည့္ ၂၀၁၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲတြင္တစ္နိုင္ငံလုံး အတိုင္းအတာျဖင့္အနိုင္ရရွိခဲၿပီး ခ်င္းျပည္နယ္တြင္လည္း ဗိုလ္ခ်ဳပ္ဟုန္းငိုင္း ဝန္ႀကီးခ်ဴပ္ျဖစ္လာကာ ၅ ႏွစ္အစိုးရ ဖြဲ႕ကာအုပ္ခ်ဴပ္ခဲ့သည္။

၂၀၁၅ ခုႏွစ္အေထြေထြေရြးေကာက္ပြဲတြင္ USDP ပါတီသည္ ခ်င္းျပည္နယ္တြင္ မဲဆႏၵနယ္ေၿမ ၅ ေနရာသာအနိုင္ရရွိကာ NLD ပါတီကို အျပတ္အသတ္ရႈံးနိမ့္ခဲ့သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး ညီလာခံကို အားကောင်းသည့် ချင်းကာကွယ်ရေး (၄) ဖွဲ့က တက်ရောက်မည်မဟုတ်ဟု ကြေညာ

မြန်မာစစ်ဘေးရှောင်များအရေး အတတ်နိုင်ဆုံး ဆက်လက်ဆောင်ရွက်မည်ဟု မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်သစ်ဖြစ်လာမည့် ပူးလာလ်ဒိုအောမ်မာကပြော

ခမ်းပတ်မြို့ကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆောင်ရွက်လာဖွယ်ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 6, 2023

တောင်ဇလပ်မြေပေါ်က စစ်အာဏာရှင်ကို တွန်းလှန်နေကြသော ရဲမေများ………

December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.