Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့တွင် ကိုဗစ်ပိုးရောဂါကူးစက်ခံရသူနှင့် ထိတွေ့သူထဲမှ (၉) ဦးထံတွင် ကိုဗစ်ပိုးတွေ့ရှိ

တီးတိန်မြို့တွင် ကိုဗစ်ပိုးရောဂါကူးစက်ခံရသူနှင့် ထိတွေ့သူထဲမှ (၉) ဦးထံတွင် ကိုဗစ်ပိုးတွေ့ရှိ

0
By Editor on December 22, 2020 Khonumthung

#Unicode

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တွီးထန်းကျေးရွာတွင် ကိုဗစ်ပိုးတွေ့ရှိသူနှင့်ထိစပ်ပြီး ကွာရန်တင်း ဝင်ရောက်နေသူထဲတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ (၉) ဦးထပ်မံတွေ့ရှိကြောင်း တီးတိန်မြို့ ကိုဗစ်-၁၉ Volunteer အဖွဲ့ မှ ကိုမုန်နိုးကပြောသည်။

“(၉) ယောက်ထပ်တွေ့တယ်၊ တွီးထန်ကပါ၊ အရင်တခေါက်ဟားခါးမှာ ကိုဗစ်ပိုးတွေ့တဲ့ ကလေးထိန်းတယောက်လေ သူက တွီးထန်းထိသွားတယ်ဆိုတော့၊ သူနဲ့ထိစပ်တဲ့သူက (၃၂) ယောက်ရှိတယ်၊ သူတို့ကို FQ အကုန်ဝင်ခိုင်းတာ၊ သူတို့အားလုံးကမိသားစုအသိုင်းအဝိုင်းကပဲလို့သိရတယ်၊ ခုပိုးတွေ့တဲ့သူတွေကို ဆေးရုံကိုခေါ်နိုင်မယ်မထင်သေးဘူး၊ သူတို့ကိုထားမဲ့အခန်းတွေပြင်ဆင်ပြီးမှ တွီးထန်ကနေခေါ်မယ်ထ ယ်ခုတွီးထန်မှာပဲရှိသေးတယ်” ဟု ကိုမုန်နိုးကပြောသည်။

အဆိုပါပိုးတွေ့လူနာ (၉) ဦးမှာ တွွီးထန်းကျေးရွာတွင်နေထိုင်သူများဖြစ်ကြပြီး ဒီဇင်ဘာလ (၁၆) ရက်နေ့မှ တီးတိန်မြို့တွင်အလည်ခရီိးသွားရောက်ပြီး ဟားခါးမြို့ Centre တည်းခိုခန်းတွင် Facility Quarantine ဝင်ပြီး ကိုဗစ်ပိုးတွေ့ရှိခဲ့သူနှင့်ထိစပ်ခဲ့သူများ ဖြစ်ကြကာ ၎င်းနှင့်ထိစပ်သူ (၃၂) ဦးထိရှိခဲ့ပြီး ၎င်းတို့ကို တွီးထန်းကျေးရွာတွင် Facility Quarantine ထားရှိခဲ့ပြီး (၉) ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

တီးတိန်မြို့နယ်နှင့် တွီးထန်ကျေးရွာတို့တွင် ကိုဗစ်ပိုး ဒေသအတွင်းကူးစက်မှု မြင့်တက်လာသည့်အတွက် Stay at Home ချမှတ်မည်ဆိုပါက ဒေသအတွင်းကူးစက်မှုနှုန်း ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဟု ကိုမုန်နိုးကဆက်ပြောသည်။

“တီးတိန်မြို့နယ်မှာ တွီးထန်ကျေးရွာကဖြစ်များနေတာဆိုတော့ အရင်တုန်းက ကပ်တဲလ်ကျေးရွာကို lock down ချသလိုမျိုးလုပ်ရင် ပိုးပြီးတော့မှ ကူးစက်နှုန်း ထိန်းချုပ်နိုင်မယ်လို့ ကျွန်တော်ထင်တယ်၊ မြို့ပေါ် မှာက Stay at Home လုပ်ဖို့ တော်တော်လေးကို သင့်တော်နေတဲ့အခြေအနေဖြစ်နေတယ် ကူးစက်မှုနှုန်းကလည်း တအားမြန်နေပြီဆိုတော့ ၂ ပတ်လောက် Stay at Home ထားမယ်ဆိုရင် ကူးစက်မှု နည်းနည်းလေးသက်သာမယ်လို့ထင်တယ်၊ ခရစ္စမတ်နှင့်နှစ်သစ်ကူးလဲ ရောက်လာတော့မယ်ဆိုတော့ Stay at Home မထားရင်တော့ ဒေသအတွင်းကူးစက်မှု၊ ရောဂါပြန့်ပွားနှုန်းက တော်တော်လေးကို ဒီထက်အဆမတန်တိုးများလာမယ်လို့ထင်တယ်” ဟုပြောသည်။

တီးတိန်မြို့တွင်လက်ရှိအချိန်ထိ ကိုဗစ်ပိုးကူးစက်ခံရသူ (၅၄) ဦးအထိရှိပြီး ဆေးကုသမှုခံယူနေဆဲ (၁၇) ဦးနှင့် ကွာရန်တင်းဝင်နေသူ (၁၈၈) ဦးရှိကြောင်းသိရသည်။

ချင်းပြည်နယ်တွင်ကိုဗစ်ကူးစက်၊ ပြန့်ပွားမှု တိုးများလာသောကြောင့် ပြည်သူများအနေဖြင့် အခြား မည်သည့်ဒေသမှဝင်ရောက်လာသည်ဖြစ်စေ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှ ထုတ်ပြန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်ချင်းပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

#Zawgyi

ချင်းပြည်နယ်၊တီးတိန်မြို့နယ် တွီးထန်းကျေးရွာတွင် ကိုဗစ်ပိုးတွေ့ရှိသူနှင့်ထိစပ်ပြီး ကွာရန်တင်း ဝင်ရောက်နေသူထဲတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ (၉) ဦးထပ်မံတွေ့ရှိကြောင်း တီးတိန်းမြို့ ကိုဗစ်-၁၉ Volunteer အဖွဲ့ မှ ကိုမုန်နိုးကပြော သည်။


အဆိုပါပိုးတွေ့လူနာ (၉) ဦးမှာတွီးထန်းကျေးရွာတွင်နေထိုင်သူများဖြစ်ကြပြီး ဒီဇင်ဘာလ (၁၆) ရက်နေ့မှ တီးတိန်မြို့တွင်အလည်ခရီိးသွားရောက်ပြီး ဟားခါးမြို့ Centre တည်းခိုခန်းတွင် Facility Quarantine ဝင်ပြီးကိုဗစ်ပိုးတွေ့ရှိခဲ့သူနှင့်ထိစပ်ခဲ့သူများ ဖြစ်ကြကာ၎င်းနှင့်ထိစပ်သူ (၃၂) ဦးထိရှိခဲ့ပြီး ၎င်းတို့ကို တွီးထန်းကျေးရွာတွင် Facility Quarantine ထားရှိခဲ့ပြီး ၉ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။


“တီးတိန်မြို့နယ်မှာ တွီးထန်ကျေးရွာကဖြစ်များနေတာဆိုတော့ အရင်တုန်းကပ်တဲလ်ကျေးရွာကို lock  down ချသလိုမျိုးလုပ်ရင် ပိုးပြီးတော့မှကူးစက်နှုန်းထိန်းချုပ်နိုင်မယ်လို့ ကျွန်တော်ထင်တယ်၊ မြို့ပေါ် မှာက Stay at Home လုပ်ဖို့တော်တော်လေးကိုသင့်တော်နေတဲ့အခြေအနေဖြစ်နေတယ် ကူးစက်မှုနှုန်းကလည်းတအားမြန်နေပြီဆိုတော့ ၂ ပတ်လောက် Stay at Home ထားမယ်ဆိုရင် ကူးစက်မှုနည်းနည်းလေးသက်သာမယ်လို့ထင်တယ်၊ ခရစ္စမတ်နှင့်နှစ်သစ်ကူးလဲရောက်လာတော့ မယ်ဆိုတော့ Stay at Home မထားရင်တော့ ဒေသအတွင်းကူးစက်မှု၊ ရောဂါပြန့်ပွားနှုန်းက တော်တော်လေးကို ဒီထက်အဆမတန်တိုးများလာမယ်လို့ထင်တယ်” ဟုပြောသည်။ 



Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.