• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တီးတိန်နှင့် တွန်းဇံမြို့နယ်နှစ်ခုကို တီးတိန်ခရိုင်အဖြစ်တိုးမြှင့်ပေးရန် ZCD တောင်းဆို

တီးတိန်နှင့် တွန်းဇံမြို့နယ်နှစ်ခုကို တီးတိန်ခရိုင်အဖြစ်တိုးမြှင့်ပေးရန် ZCD တောင်းဆို

0
By Editor on January 23, 2019 Headline

ချင်းပြည်နယ် တီးတိန်နှင့် တွန်းဇံမြို့နယ်နှစ်ခုကို တီးတိန်ခရိုင်အဖြစ် တိုးမြှင့်ပေရေး ကူညီဆောင်ရွက်ပေးရန် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဇန်န၀ါရီလ (၂၁) ရက်နေ့က တောင်းဆိုလိုက်သည်။

တီးတိန်နှင့် တွန်းဇံမြို့နယ်တို့သည် ချင်းပြည်နယ်လူဦးရေ၏ လေးပုံတစ်ပုံခန့်ရှိသော မြို့နယ်များဖြစ်ကြသည့်အပြင် ဖလမ်းခရိုင်တွင် နှစ်ပေါင်း (၆၀) ခန့်တွဲထားလျက် ပြည်သူလူထုနှင့် ဌာနဆိုင်ရာအစိုးရရုံးများသည် မိုင်ပေါင်း (၁၅၀) ကျော် ဝေးကွာသော ခရိုင်သို့ သွားလာနေရသော အခက်အခဲများကြုံနေရသည်အတွက် ခရိုင်အဆင့်သို့ တိုးမြှင့်ပေးရန် ZCD လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိပ်ဖွင့်ပေးစာပေးပို့ကာ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ZCD အတွင်းရေးမှူးလည်းဖြစ် တီးတိန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပူးဂင့်ကမ်းလျန်းက “လူဦးရေအနေအထားအရရော ပထ၀ီအနေအထားအရရော ခရိုင်ပေးသင့်ပါတယ်၊ ခရိုင်ကိစ္စဆိုရင် ဖလမ်းအထိ သွားရတာလေ၊ တိုက်ရိုက်လိုင်းကားလည်းမရှိဘူး ဌာနဆိုင်ရာနဲ့ ပြည်သူလူထုတွေ အတော်လေးအခက်ကြုံနေရတယ် လေ’’ ဟု ပြောသည်။

တီးတိန်ခရိုင်အဆင့်တိုးမြှင့်ရေးကိစ္စနှင့်ပတ်သက်၍ တီတိန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပူးကျင့်ရှန်းထန်နှင့် တွန်းဇံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပူးခမ်ခန့်ထန်တို့သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တင်ပြခဲ့ပြီးဖြစ်ကြောင်း ယခုအခါ အတိုင်ပင်ခံပုဂ္ဂိုလ် ချင်းပြည်နယ်သို့လာရောက်သည့်ခရီးစဉ်တွင် ထပ်လောင်း တင်ပြဆောင်းဆိုခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ယခုလက်ရှိတွင် ချင်းပြည်နယ်တွင် ဟားခါး၊ ဖလမ်း၊ မင်းတပ် နှင့် မတူပီခရိုင် စုစုပေါင်းခရိုင် (၄) ခုရှိပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦးဓားထိုးခံရ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.