• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အနည်းဆုံး လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီး

တီးတိန်မြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အနည်းဆုံး လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီး

0
By Editor on June 13, 2022 Khonumthung

ချင်းပြည်နယ် တီးတိန်မြို့တွင် ယမန်နေ့ ဇွန်လ ၁၂ ရက်ည ၉ နာရီကစ၍ ည ၁၀ နာရီအချိန်အထိ မြို့တွင်း ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အနည်းဆုံး လူနေအိမ် ၄ လုံးထိခိုက်ဖျက်စီးခဲ့သည်ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

“မနေ့ညကတော့ သေလုနီးပါးပဲ တစ်နာရီလောက်ကြတယ်။ လူထိခိုက်တော့ အခုအချိန်ထိ မသိရသေးဘူး။ ဒါပေမယ့် အိမ်တော့တော်တော်လေးထိခိုက်တယ် သူတို့က (စစ်ကောင်စီ) အမြောက်နဲ့ပစ်တာကိုး။ အိမ်ထိတာ ကတော့လေးအိမ်၊ ငါးအိမ်လောက်တော့ထိမယ်။ တချို့အိမ် တွေကတော့ အိမ်ရှေ့မှာ ကွဲတာအိမ်တိုက်ရိုက်မ ထိပဲနဲ့ အစအနတွေကြောင့်မှန်ကွဲတာ၊ ပြတင်းပေါက်တွေထိ တာရှိတယ်။ တလုံးဆိုရင်မပေါက်လို့ ပေါက်ရင် တော့ အဲ့အိမ်ပြာကျလောက်တယ် အိမ်ရှေ့မှာ ထိုးကျပြီးတော့ မြေကြီးထဲမှာ စိုက်တာမပေါက်ဘူး။” ဟု တီးတိန်မြို့ခံတစ်ဦးကပြောသည်။

ယမန်နေ့ညက တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ၊ ရဲစခန်းနှင့် အ.ထ.က (၁) စာသင်ကျောင်းတို့တွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အကြား အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ တပ်က မြို့ထဲသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ကလေးမြို့တွင်လည်း ယမန်နေ့ညက မြို့တွင်းတိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် စမ်းမြို့ရပ်ကွက်၊ တာဟန်းရပ်ကွက်၊ တောင်ဇလပ် ရပ်ကွက်တို့တွင် လက်နက်ကြီးကျည် ရောက်ပေါက်ကွဲပြီး နေအိမ်များထိခိုက်ပျက်စီးမှုရှိသည်ဟု သိရသော်လည်း အသေးစိတ်မသိရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

ချင်းပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDF-Zoland ထံ ခိုလှုံ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.