• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့တွင် မိုင်းပေါက်ကွဲမှုကြောင့် လင်မယားနှစ်ဦးထိမှန်ပြီး ယောကျာ်းဖြစ်သူသေဆုံး

တီးတိန်မြို့တွင် မိုင်းပေါက်ကွဲမှုကြောင့် လင်မယားနှစ်ဦးထိမှန်ပြီး ယောကျာ်းဖြစ်သူသေဆုံး

0
By Editor on October 7, 2022 Headline

ချင်းပြည်နယ်၊ တီးတိန်မြို့ စကောလမ်းရပ်ကွက်တွင် အောက်တိုဘာလ ၃ ရက်နေ့ ည ၉ နာရီကျော်ကျော်ခန့်က မိုင်းပေါက်ကွဲမှုကြောင့် လင်မယားနှစ်ဦးထိမှန်ပြီး ယောကျာ်းဖြစ်သူ ပွဲချင်းသေဆုံးကာ ဇနီးဖြစ်သူမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“ညမှာ သူတို့အိမ်ရှေ့မှာ ကွဲတယ်။ သူကတော့ ဆုံးသွားတယ် သူ့အမျိုးသမီးတော့ တော်တော်လေးပြင်းထန်တယ်၊ အခြေအနေက စိုးရိမ်စရာဖြစ်တယ်လို့ပြောတယ်၊ ၂၆၉ တပ်ရင်းအောက် တပ်ရင်းနဲ့ နီးနီးလေးပဲ အဲ့ကနေလမ်းလျှောက်ရင် မကြာဘူး။ အခုဖြစ်တဲ့နေရာက လမ်းမကြီးရဲ့ဘေး တပ်ရင်းက အပေါ်နားလေး။ သူ့ကတော့ ဗမာလူမျိုးပါ ဒီမှာနေတာကြာပြီ ကျွန်တော်ငယ်ငယ်လေးကတည်းကပဲ သူ့ကိုလည်း ကျွန်တော်တွေ့ဖူးပါတယ်” ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်ပွာသည့်နေရာမှာ တီးတိန်မြို့၊ စကောလမ်းရပ်ကွက် စစ်ကောင်စီတပ်ရင်း ၂၆၉ တပ်ရင်းအောက် ဒေါ်စန်းချိုထမင်းဆိုင်ရှေ့တွင်ဖြစ်သည်။

ယခုမိုင်းပေါက်ကွဲမှုသည် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားသည့်မိုင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။

သေဆုံးသူအမျိုးသားမှာ အသက် (၅၀) ဝန်းကျင်ရှိသည်ဟု သိရပြီး ဒဏ်ရာရှိသူအမျိုးသမီးမှာ ကလေးမြို့ ကုတင် (၁၀၀) ဆံ့ စစ်ဆေးရုံသို့ ဆေးကုသမှုခံယူနေသည်ဟု သိရသည်။

ပြီးခဲ့သည့်ရက် အောက်တိုဘာလ ၁ ရက်နေ့ကလည်း ဟားခါးမြို့ပေါ်ရှိ၊ ဟားခါးထာရ်ရပ်ကွက်တွင်နေထိုင်သော အသက် ၃၀ အရွယ် ဦးဗျက်ကျုံးသည် တောထဲတွင် ဟင်းရှာသွားစဉ် မြေမြုပ်မိုင်းနင်းမိပြီး ဘယ်ဖက်ခြေထောက် ဖြတ်ခံခဲ့ရသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့၏ ဖော်ပြချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းကြောင့် ဒေသခံ အနည်းဆုံး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦးဓားထိုးခံရ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.