• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့နယ်မှာ CNF/CNA နဲ့ ZRA တို့ တိုက်ပွဲဖြစ်ပွား

တီးတိန်မြို့နယ်မှာ CNF/CNA နဲ့ ZRA တို့ တိုက်ပွဲဖြစ်ပွား

0
By Editor on December 18, 2021 Headline

ချင်းပြည်နယ်တီးတိန်မြို့နယ် Gawsing ကျေးရွာမှာ ယနေ့နံနက်ပိုင်း ၃ နာရီဝန်းကျင်လောက်မှာ ချင်းအမျိုးသားတပ်မေတာ် CNF/CNA တပ်ဖွဲ့နဲ့ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

Gawsing ကျေးရွာဟာ တီးတိန်မြို့ကနေ မိုင် ၃၀ လောက်ဝေးပြီး အိန္ဒိယ-မြန်မာနယ်စပ်ဘက်မှာတည်ရှိတဲ့ကျေးရွာတစ်ရွာ ဖြစ်ပြီး ယနေ့နံနက်ပိုင်း ၃ နာရီဝန်းကျင်လောက်ကဖြစ်ပွားတဲ့ အဲဒီတိုက်ပွဲကြောင့် ရွာသား ၂ ဦးထိခိုက်ဒဏ်ရာရရှိတဲ့အပြင် တရွာလုံးထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ တီးတိန်ဒေသခံတစ်ဦးကပြောပါတယ်။

“မနက်ပိုင်း ၃ နာရီလောက်စဖြစ်တာလို့ကြားတယ် ရွာသားတွေကတော့ အကုန်လုံးထွက်ပြေးကြတယ်လို့ပြောတယ် ရွာထဲက ၂ ယောက်တော့ ဒဏ်ရာရတယ်လို့တော့ကြားတယ်” ဟု တီးတိန်မြို့မှဒေသခံတစ်ဦးက ပြောပါတယ်။

ယခုကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်မတော်ဘက်ကို ဆက်သွယ်ရန်ကြိုးစားကြည့်ပေမယ့် မေးမြန်းလို့မရသေးပါဘူး။

နောက်ထပ်သတင်းရင်းမြစ်တစ်ခုရဲ့အဆိုအရတော့ ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့တွေဟာ တီးတိန်မြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ကိုသွားရောက်ပစ်ခတ်တဲ့အချိန်မှာ ZRA တပ်ဖွဲ့ဘက်က စစ်ကောင်စီဘက်ကနေ ဝင်ပစ်ကူတာကြောင့် ZRA နဲ့ပါတိုက်ပွဲဖြစ်ပွားရတာလို့သိရပါတယ်။ သို့သော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးသန့်အတည်ပြုချက်တော့မရသေးပေ။

ဇိုမီးတော်လှန်ရေးတပ်မတော် ZRA တပ်ဖွဲ့ဟာ ၁၉၉၃ ခုနှစ်မှစတင်ဖွဲ့စည်းပြီး ၂၀၀၅ ခုနှစ်မှာ အိန္ဒိယဗဟိုအစိုးရနဲ့ သဘောတူစာချုပ်ချုပ်ဆိုကာ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲခဲ့ပြီးတော့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာအခြေစိုက်တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

ZRA တပ်ဖွဲ့ဟာ စစ်အာဏာရှင် စနစ်ကို ခုခံတော်လှန်နေတဲ့ တီးတိန်မြို့နယ်ထဲက ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကိုလည်း ယခင်ကလည်း တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလ ၂၂ ရက်နေ့က တီးတိန်မြို့နယ်မှာအခြေစိုက်တဲ့ PDF တပ်စခန်းတစ်ခုကို ဝင်ရောက်သိမ်းပိုက်ခဲ့သလို ဇွန်လ ၁၆ ရက်နေ့မှာလည်း PDF-Zoland တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ သေနတ်၊ ရိက္ခာ၊ ဆေးဝါးနဲ့ အသုံးအေဆာင်ပစ္စည်းစုစုပေါင်း သိန်း ၆၀ ကျော်လောက်ကို ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာလတုန်းကလည်း တီးတိန်မြို့နယ်ထဲက CDF-Hualngo တပ်စခန်းတစ်ခုကို ZRA က ထပ်မံဝင် ရောက်စီးနင်းခဲ့သလို ဒီဇင်ဘာလ ၅ ရက်နေ့မှ PDF-Zoland ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦး ကျင်ရှန်းဆွမ်ကိုလည်း တီးတိန်မြို့မှာ ပစ်ခတ်ခဲ့ကြပါတယ်။

ချင်းပြည်နယ်အတွင်း ZRA အဖွဲ့ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ချင်းကာကွယ်စုပေါင်းတပ်ဖွဲ့ဖြစ်တဲ့ Chinland Join Defense Force ကလည်းပြင်းပြင်းထန်ထန်ပြစ်တင်ရှှုတ်ချကာ ပြန်လည်တိုက်ခိုက်မယ်ဆိုပြီး သတိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီမှ ဖွင့်လှစ်သောကျောင်းတွင် ကျောင်းအပ်နှံခြင်းမပြုရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပန်ကြား

ထန်တလန်မြို့တွင် CDF များက နေအိမ်များအား ထပ်မံမီးရှို့ဆိုတဲ့သတင်း

ပလက်ဝမြို့အနီးတွင် လက်နက်ကြီးပစ်ခတ်သံများကြားနေရ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.