Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့ပေါ်တွင် စစ်ကောင်စီက စစ်မှုထမ်းရန် လူစာရင်းများလိုက်ကောက်နေ

တီးတိန်မြို့ပေါ်တွင် စစ်ကောင်စီက စစ်မှုထမ်းရန် လူစာရင်းများလိုက်ကောက်နေ

0
By Editor on March 21, 2024 Headline

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်မှုထမ်းရန် လူငယ်များအား ဖမ်းဆီးကာ စာရင်းဖြည့်သွင်းနေသည်ဟု သိရသည်။

ပြီးခဲ့သည့်မတ်လ ၁၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတာ၀◌န်ရှိသူများသည် တီးတိန်မြိုပေါ် ၃ နေရာတွင် အဖွဲ့ခွဲပြီး လူငယ်များအားဖမ်းဆီးကာ စစ်မှုထမ်းရန်ဆင့်ခေါ်သည့် ပုံစံစာရွက်များဖြည့်ခိုင်းကာ ပြန်လွှတ်ပေးခဲ့ သည်ဟု တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၀◌င်တစ်ဦးကပြောသည်။

“သူတို့က ၃ ဖွဲ့ခွဲပြီးမှ လူငယ်တွေကို ဖမ်း၊ ဒီလူငယ်တွေကို ဖောင်ဖြည့်ခိုင်း၊ သူတို့က အချက်အလက်တွေ အကုန်လုံး ယူလိုက်တာပေါ့နော်။ အချက်အလက်တွေ ယူပြီးတော့မှ ပြန်လွှတ်ပါတယ်။ ပြန်ခေါ်မယ်လို့တော့ ပြောတယ်။ ၃ နေရာ မှာ အဖွဲ့ခွဲပြီးမှ ဖမ်းတာပါ၊ တဖွဲ့ကက မီးသတ်ရုံးနားမှာပါ၊ တချို့က လိုင်ပြန်လမ်းခွဲမှာပါ။ တချို့က နာရီစင်မှာပါ။ အဲဒီ နေရာတွေကနေ ဖမ်းခေါ်သွားပြီးမှ မြို့မရပ်ကွက်ထဲက ခန်းမတစ်ခုမှာ ဖောင်ဖြည့်ခိုင်းတယ်။ ဌာနဆိုင်ရာအကြီးအကဲ တွေ ပါတယ်။ တီးတိန်မြို့ အာ/ကာမှူးလည်း ပါတယ်။ သူသိတဲ့ အိမ်တွေက လူငယ်တွေ ဘယ်နှစ်ဦး ရှိသလဲဆိုတာ ပြောလိုက်တယ်။ လူငယ်တော်တော်များများက ကြောက်ပြီးတော့ တီးတိန်ကနေ ရှောင်နေတဲ့ လူငယ်‌တွေ အများကြီးရှိတယ်” ဟု တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၀င်ကပြောသည်။

စစ်ကောင်စီသည် တီးတိန်မြို့ပေါ်အပြင် ကျေးလက်ဒေသများအထိလည်း ၎င်းတို့ယုံကြည်ရသောလူပုဂ္ဂိုလ်များစေလွှတ် ကာ စစ်မှုထမ်းရန်စာရင်းကောက်ယူခိုင်းနေသည်ဟုလည်းသိရသည်။

အလားတူ တွန်းဇံမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများက စစ်မှုထမ်းဖို့စာရင်းကောက်ယူ ရန် ပြင်ဆင်ဆောင်ရွက်နေသည်ဟု တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

“သူတို့က ပြီးခဲ့တဲ့ ၂ ရက်က မြို့ပေါ်မှာ ပေါ်ပေါ်တင်တင် လုပ်လာတာပါ။ သူတို့က ကော်မတီတွေပါ ဖွဲ့ထားတာပါ။ ရဲတပ်ဖွဲ့၊ စစ်တပ်က ဦးဆောင်လုပ်နေတယ်လို့ ကြားသိရပါတယ်။ အဓိက က ထွေအုပ်ရုံးကနေ လုပ်နေတာပါ။ မြို့ပေါ် က ခန်းမမှာ လုပ်ဖို့ စီစဉ်ထားတယ်။ လမ်းသွားလမ်းလာတွေကို မေးမြန်းပြီးတော့ ဖောင်ဖြည့်ခိုင်းတယ်လို့ သိရပါတယ်” ဟု တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာ၀◌န်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေသည် အများပြည်သူ အေးချမ်းစွာ နေထိုင်ရေးအား အနှောက်အယှက်ဖြစ်ရုံသာမက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန် လုပ်ထားခြင်းဖြစ်သည့်အတွက်လက်မခံနိုင်ကြောင်း၊ အများပြည်သူအား အတင်းအဓ္ဓမ ခြိမ်းခြောက်ကာ စစ်မှုထမ်း ဥပဒေ အား ပြုလုပ်‌ဖော်ဆောင်သော မည်သူမဆို ပြင်းပြင်းထန်ထန် အရေးယူ သွားမည်ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်၏ မြို့ကြီးများဖြစ်သော ဟားခါးနှင့် ဖလမ်းမြို့ပေါ်ရပ်ကွက်တချို့တွင်လည်း စစ်မှုထမ်း ရန်ဆင့်ခေါ်သည့် စာရင်းကောက်ယူမှုများကို မတ်လ ၁၈ ရက်နေ့ကစတင်ဆောင်ရွက်ခဲ့ပြီး အခြားမြို့များတွင် ဆက်လက်ဆောင်ရွက်လာဖွယ်ရှိသည်ဟုသိရသည်။

စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ စစ်မှုမထမ်းမနေရ ဥပဒေအား အလျင်စလိုအကောင်အထည်ဖော်ဆောင်ခြင်းသည် နွေဦးတော်လှန်ရေးမှာ ဆုံးရှုံးနေပြီဖြစ်ကြောင်း ပြသလိုက်ခြင်းသာြဖစ်သည်ဟု တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောသည်။

“သူတို့က ဒီလိုလုပ်တဲ့ဟာက ကျနော်တို့ နိုင်ဖို့ လက်တကမ်းတောင် မလိုတော့ဘူး ဆိုတာကို ပြသနေတယ်။ ပြောချင် တာက သူတို့ဘက်ကဆုံးရှုံးမှုတွေ များတယ်။ လူအင်အားလည်း နည်းနေတဲ့အတွက် လူအင်အားအရမ်းလိုအပ်နေလို့ အာဏာနဲ့ ဒီလို လုပ်ထားတာ ဖြစ်တယ်။ ကျနော်တို့ တော်လှန်ရေးအင်အားစုဘက်က အောင်မြင်မှုက မဝေးတော့ဘူး ဆိုတာ ပြောလို့ရပါတယ်။ နောက် သူတို့ဘက်က ဒီလိုမျိုး မလုပ်ရင်လည်း စစ်မှုထမ်းဖို့ ဝင်မယ့်သူက မရှိသလောက် ဖြစ်နေပြီ။ သူတို့ ဘာပဲ လုပ်လုပ် ပါဝင်ပတ်သက်နေတဲ့ ဌာနဆိုင်ရာအကြီးအကဲတွေရဲ့ နာမည်နဲ့ နေရပ်လိပ်စာနဲ့ အတိအကျ သိထားတယ်။ အဲလို ဆက်မလုပ်ဖို့လည်း ပြောချင်တယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီသည် အသက်ပြည့်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်က အတည်ပြုကြေညာပြီးတဲ့နောက် လာမည့် ဧပြီလကုန်မှာ အပတ်စဉ် ၁ ခေါ်ယူရန် စီစဉ်လျှက်ရှိကာ နိုင်ငံတ၀န်းလုံး၌ စစ်မှုထမ်းဆင့်ခေါ်မှုများ စတင်ဆောင်ရွက်လျှက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်က ချင်းတောင်ပိုင်း ထိုးစစ်ဆင်မှုမှာ မြို့များကို လေကြာင်းဗုံးကြဲမှု ၁၀ ရက်အတွင်း ၂၅ ကြိမ် ပြုလုပ်

မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် တိမ်းရှောင်ခဲ့ကြသည့် တီးတိန်မြို့ခံ ပြည်သူများ နေရပ်ပြန်

မလေးရှားသို့သွားရာလမ်းခုလတ်တွင် ကွယ်လွန်ခဲ့သည့် Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး အချုပ်မှလွတ်မြောက်လာပြီးနောက် မြန်မာသို့ပြန်ပို့

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.