• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့အနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

တီးတိန်မြို့အနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

0
By Editor on June 20, 2022 Headline

ချင်းပြည်နယ် တီးတိန်မြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယနေ့မွန်းလွဲပိုင်း ၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့မှ ဇွန်လ ၁၆ ရက်နေ့က ချင်းပြည်နယ်သို့ စစ်ကား ၁၇ စီးဖြင့်တက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့တွင် တီးတိန်မြို့မရောက်ခင် Hawp အနီးသို့ ရောက်ရှိသည့်အချိန်တွင် ၎င်းတို့၏ ရှေ့ပြေးတပ်ဖွဲ့နှင့် PDF-Zoland, CDF/CDM-Siyin တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု PDF-Zoland က ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၇ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု PDF-Zoland က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်သောကြောင့် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ဘေးကင်းစွာ ပြန်လည်ဆုတ်ခွါခဲ့ကြသည်။

ယနေ့တိုက်ပွဲကြောင့် ကလေးမြို့မှ ချင်းပြည်နယ်အမှတ် ၂ နယ်စပ်ကုန်သွယ်ရေး ရိခေါဒါရ်သို့ထွက်ခွါသော လိုင်းကားများလည်း လမ်းတဝက်မှ ပြန်လှည့်သွားခဲ့ရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.