• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်-ရိခေါဒါရ်မြို့ကြား ကားလမ်းပြန်ဖွင့်

တီးတိန်-ရိခေါဒါရ်မြို့ကြား ကားလမ်းပြန်ဖွင့်

0
By Editor on September 26, 2023 Khonumthung

(003PT)

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ချင်းပြည်နယ် တီးတိန်နှင့် ရိခေါဒါရ်မြို့ကြားကားလမ်း ပြုပြင်မှု မပြီးသေးသော်လည်း ကားများပြန်လည်သွားလာ၍ရပြီဖြစ်ကြောင်း CDF-Hualngoram လက်အောက် Public Work Department (PWD) အဖွဲ့ဝင်တစ်ဦးကပြောသည်။

“အခုတော့ ပြင်တော့ပြင်နေဆဲပဲ၊ သို့သော် ခရီးအသွားလာတော့ ရတယ်။ ဒါပေမဲ့ လမ်းပြုပြင်နေတုန်းတော့ လမ်းခန တားတာမျိုးတော့ရှိလိမ့်မယ်” ဟု PWD အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

တီးတိန်-ရိခေါဒါရ်ကြား ကားလမ်းသည် မိုးများပြီးပျက်စီးမှုကြောင့် ကားများသွားလာရန်ခက်ခဲနေသည့် အတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ကစပြီး ခေတ္တ ကားလမ်းပိတ်ထားပြီး PWD အဖွဲ့မှ ဦးစီးကာ ပြုပြင်မှု လုပ်ဆော င်ခဲ့ခြင်း ဖြစ်သည်။ 

အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး တီးတိန်-ရိခေါ်ဒါရ်ကြားလမ်းသည် ယခင် စစ်အာဏာမသိမ်းခင်ထက် ပိုမိုပျက်စီးမှုကြုံတွေ့နေရတာဖြစ်ပြီး လက်ရှိမှာ လမ်းဦးစီးဌာနအပါဝင် ပြင်ထိန်းသူမရှိတာကြေင့် ကားလမ်းများ ပိုမိုပျက်စီးမှုနှင့်ရင်ဆိုင် ကြုံတွေ့နေရသည့်အတွက် CDF-Hualngoram တပ်ဖွဲ့လက်အောက် PWD နှင့် ကုန်သွယ်ရေး အဖွဲ့တို့ပူးပေါင်းကာ ကိုယ်ထူကိုယ်ထဖြင့် ပြုပြင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

ကုန်တင်ကားအသွားလာပိုများသည့် အဆိုပါလမ်းကြောင်းသည် အမြဲတမ်းပြင်ထိန်း ပြုပြင်မှုလိုအပ်နေသည့်အပြင် ယခုမိုးတွင်းကာလမှာ ကုန်တင်ကားအပါဝင် ကားအများစုသည် ကားဘီးတွင် ချိန်းကြိုးပတ်ကာ သွားလာနေသည့်အတွက် ကားလမ်းအုံပပျောက်ရုံမက ၁ ပေခွဲ့ခန့် ရွှံ့နွံထူထပ်နေသည်ဟု ဆိုသည်။  

ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ကားလမ်းပျက်စီးမှုကြောင့် ကုန်တင်းကားအပါဝင် လိုင်းပြေးဆွဲသည့် ကားများ စုစုပေါင်း အစီး ၄၀ ကျော် ပိတ်ဆို့ကာ ခရီးသွားသူများမှာ ယင်းနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် တစ်ညခန့် အိပ်ခဲ့ကြရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့မရဲစခန်းက တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် တမိသားစုလုံး အလင်းဝင်လာ

ပလက်ဝမြို့နယ် “နှုံးဘူး” နှင့် “ထရွန်အိုင်” ဗျူဟာကုန်းများကို အပြီးသိမ်းပိုက်နိုင်ရေး တိုက်ပွဲပြင်းထန်နေ

ကလေးမြို့တွင် တိုက်ပွဲပြင်းထန်လာမည်ဟု စိုးရိမ်မူကြောင့် မြို့ပေါ်နေပြည်သူများ နေရပ်စွန့်ခွါသူများလာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.