• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»“တွေ့ဆုံဆွေးနွေးရေးတို့၊ အပစ်အခတ်ရပ်စဲရေးတို့က လက်ရှိအနေအထားမှာ ဘယ်လိုမှအဓိပ္ပယ်မရှိတော့ဘူး၊ အဲ့လိုဖြစ်ရပ်အကုန်လုံးရဲ့ တာဝန်အရှိဆုံးသူကတော့ စစ်ကောင်စီပဲ”

“တွေ့ဆုံဆွေးနွေးရေးတို့၊ အပစ်အခတ်ရပ်စဲရေးတို့က လက်ရှိအနေအထားမှာ ဘယ်လိုမှအဓိပ္ပယ်မရှိတော့ဘူး၊ အဲ့လိုဖြစ်ရပ်အကုန်လုံးရဲ့ တာဝန်အရှိဆုံးသူကတော့ စစ်ကောင်စီပဲ”

0
By Editor on October 15, 2021 Headline

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီမှ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်တိုင်းမှူး အပြောင်းအလဲပြုလုပ်ပြီးနောက် ချင်းပြည်နယ်အတွင်း စစ်အင်အားများ တောက်လျှောက်ဖြည့်တင်းလာသလို ချင်းပြည်နယ်အတွင်းရှိ ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် ဒေသတွင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ချေမှုန်းမည့်အသွင်ဆောင်လာသည်။

ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNA/CNF) ပြောခွင့်ရပုဂ္ဂိုလ် ပူးထက်နီအား ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြလိုက်ရပါသည်။

မေး – အခုလက်ရှိ စစ်ကောင်စီဖက်က အင်အားတွေတောက်လျှောက် ချင်းပြည်နယ်ဖက်ကို ဖြည့်တင်းလာတယ်၊ သံချပ်ကာကား ၂ စီးလည်းပါတယ်။ အဲ့လိုမျိုး စစ်အင်အားတွေဖြည့်ပြီးတော့မှ စစ်ရေးပြင်းထန်မဲ့ပုံစံ သူတို့ဖက်ကစပြီး ပြင်ဆင်လာတယ်၊ CHRO ဖက်ကလည်း CNF ကို တိုက်ခိုက်နိုင်တယ်ဆိုပြီးတော့ သူတို့ရဲ့ Twitter မှာ ပြောထားတာရှိတယ်ပေါ့နော်။ အခုလည်းစပြီးတော့ စပစ်နေပြီလို့ပြောတယ်။ အဲ့အခြေအနေလေးကို ပြောပေးလို့ရမလား။

ဖြေ – ကျွန်တော်တို့ စစ်ကောင်စီရဲ့ လှုပ်ရှားမှုအနေအထားကတော့ CNF အနေနဲ့လည်း အနီးကပ် စောင့်ကြည့်ပါတယ်၊ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒီတခါ အင်အားဖြည့်လာတာကတော့ ခါတိုင်းနဲ့မတူဘူး။ သူတို့က သံချပ်ကာကားတွေနဲ့ ဘာနဲ့ ချင်းပြည်နယ်မြောက်ပိုင်းကို သူတို့ဗျူဟာတိုးလာတာ တွေ့ရတယ်။ ပြီးတော့ အင်အားတွေ ထပ်ဖြည့်လာတယ်။ ရိက္ခာတွေ ထပ်ဖြည့်လာတာတွေ့ရတယ်။ ဆိုတော့ အဓိကတော့ ကျွန်တော်တို့ ချင်းအမျိုးသားတပ်ဦးရဲ့ ဌာနချုပ်စခန်းတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်လာတယ်၊ လုပ်နေတယ်လို့တော့ ကျွန်တော်တို့ သုံးသပ်တယ်။ နောက်တခါ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းရင်းမှုး အပြောင်းအလဲလုပ်တဲ့ထားတော့ ဒီနှစ်အတွင်းကို ခါတိုင်းနဲ့မတူပဲ အင်အားတိုးချဲ့ပြီးတော့ ကျွန်တော်တို့ ချင်းပြည်နယ်ကို စစ်ကိုင်းတိုင်းပေါ်လစီဆိုပြီးတော့ တမျိုးမျိုး လုပ်လာနိုင်တယ်လို့ သုံးသပ်မိပါတယ်။

မေး – နောက်ပိုင်း တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘယ်လိုသုံးသပ်မိလဲ။

ဖြေ – အခုပုံစံအတိုင်းဆိုရင်တော့ သူတို့က ရိက္ခာတွေ၊ ကားတွေ၊ စစ်ကားတွေနဲ့ အများကြီးလာတယ်ဆိုတော့ သူတို့ ရိက္ခာတွေဖြည့်တင်းတယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့လာတယ်ဆိုတော့ တိုက်ပွဲက ပိုမိုပြင်းထန်လာဖွယ်ဖို့ရှိတယ်လို့ ပြောချင်ပါတယ်။

မေး – အခု ဒီစစ်ကောင်စီကနေပြီးတော့ အပစ်အခတ်ရပ်စဲတယ်လို့ ကြေညာတဲ့နောက်ပိုင်းမှာ ကချင်၊ ကရင်၊ ချင်းအပါအဝင် စစ်အင်အားတွေကို တိုးချဲ့ပြီးတော့ အထူးသဖြင့် NCA မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ သူတို့က ထိတ်တိုက် တိုက်မဲ့ပုံစံမျိုး အသွင်ဆောင်လာတယ်။ အဲ့အပေါ်မှာရော ဆရာ့အနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ – သူတို့ရဲ့ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့ပုံစံကို ကြည့်လိုက်ရင် ကျွန်တော်တို့ တိုက်ပွဲတွေဖြစ်နေတယ်၊ လုံခြုံရေးမကောင်းတဲ့ နေရာကလွဲပြီး ကျန်တဲ့နေရာဒေသတွေမှာ အပစ်အခတ်ရပ်စဲရေးလုပ်တယ်ဆိုပြီး ကြေညာလိုက်တယ်။ အဲ့တာ အဓိပ္ပါယ်မရှိဘူး။ တည်ငြိမ်နေတဲ့ဒေသမှာ အပစ်အ ခတ်ရပ်စဲစရာမလိုဘူး။ တည်ငြိမ်ပြီးသား။ ဆိုတော့ ဒီအပစ်အခတ်ရပ်စဲတယ်ဆိုတာက ကျွန်တော်တို့အတွက် ဘာမှအဓိပ္ပယ်မရှိဘူးလို့ သုံးသပ်တယ်။ ဘာလို့လဲဆိုတော့ သူတို့က ဒေသတည်ငြိမ်အေးချမ်းရေးဆိုပြီးလုပ်တယ်။ ကျွန်တော်တို့ တိုက်ပွဲဖြစ်နေတဲ့နေရာက ဒေသတည်ငြိမ်အေးချမ်းရေးလုပ်တာ မှန်တယ်။ ဒါပေမယ့် ဘယ်သူမှ မလာနိုင်ဘူး။ မဆိုင်ပြန်ဘူး။ သူတို့ရဲ့ အပစ်အခတ်ရပ်စဲရေးပုံစံက ကျွန်တော်တို့အတွက်တော့ လုံးဝအဓိပ္ပါယ်မရှိဘူးလို့ ပြောချင်ပါတယ်။

မေး – အခုလိုမျိုး စစ်တပ်ကနေပြီးတော့ CNF ကို တိုက်ရိုက်ကြီး သိသိသာသာ စစ်ကြောင်းထိုးလာပြီဆိုတော့ NCA အပေါ်ရော ရေရှည် အကျိုးသက်ရောက်မှု တစ်စုံတရာများရှိနိုင်မလား။ ဆရာတို့ဖက်ကရော ဘယ်လိုများရှိမလဲ။

ဖြေ – ကျွန်တော်တို့ဖက်ကတော့ NCA နဲ့ပက်သက်ပြီးတော့ NCA စာချုပ်ကို စပြီးတော့ ကတိဖျက်တာက စစ်ကောင်စီဖြစ်တယ်။ NCA ဆိုတာလည်း အဓိပ္ပါယ်မရှိတော့ဘူး၊ ဘာလို့လဲဆိုတော့ NCA ဆိုတာ နိုင်ငံရေးဆွေးနွေးပွဲလုပ်တယ်ဆိုတာက အစိုးရရယ်၊ လွတ်တော်ရယ်၊ တပ်မတော်ရယ်၊ ကျွန်တော်တို့ တိုင်းရင်းသာအင်အားစုတွေနဲ့ လုပ်မှဖြစ်တယ်။ အခုက အစိုးရကမရှိတော့ဘူးဆိုတော့ လွတ်တော်မရှိတော့ဘူးဆိုတော့ NCA က ဘယ်လိုမျိုးပုံစံနဲ့ ပြန်ပြီးတော့ နိုင်ငံရေးကိစ္စတွေကို လုပ်မလဲ။ သူတို့က ချိုးဖောက်တဲ့အတွက် NCA က အဓိပ္ပါယ်မရှိတော့ဘူး၊ ဆက်သွားလို့မရတော့ဘူး။

သို့သော် NCA စာချုပ်လက်မှတ်ကို ဖြတ်တာတော့မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ NCA စာချုပ်အနှစ်သာရက ဘာလဲ။ ပြည်တွင်းငြိမ်းချမ်းရေး ဖယ်ရယ်ဒီမိုကရေးစီတည်ထောင်ရေးဆိုတဲ့ အရသာက ကောင်းပါတယ်၊ ဒါပေမယ့် လက်တွေ့ပိုင်းကတော့ NCA က အဓိပ္ပါယ်တော့ မရှိတော့ဘူး၊ သူတို့ စစ်အာဏာရှင်သိမ်းပြီး မပြန်ကြသေးဘူးဆိုရင်တော့ ယုံကြည်မှုတည်ဆောက်ပြီး ပြီးတော့ ကျွန်တော်တို့ နိုင်ငံရေးတောင်းဆိုချက်နဲ့ အမျိုးသားပြန်လည်ညီညွတ်ရင်ကြားစေ့ရေးဆိုတာ ပြန်ပြီးတော့ နောက်ဆုတ်သွားတယ်လို့။ အဲ့တာကြောင့် လက်ရှိမှာ ကျွန်တော်တို့ NCA ကတော့ ဘာမှလက်တွေ့မကျဘူး၊ အရာအထင်ဘူးလို့ ပြောချင်ပါတယ်။

မေး – ဆရာ့အနေနဲ့ လက်ရှိအခြေအနေနဲ့ပက်သက်ပြီး ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။ ပြည်သူတွေကိုရော ဆရာတို့ CNF အနေနဲ့ ဘာများမှာကြားချင်တာရှိသလဲ။

ဖြေ – အဓိက, ကတော့ ကျွန်တော်တို့ လက်ရှိမှာ တွေ့ဆုံဆွေးနွေးရေးတို့ သူတို့နဲ့ အပစ်အခတ်ရပ်စဲရေးတို့က လက်ရှိအနေအထားမှာ ဘယ်လိုမှအဓိပ္ပယ်မရှိတော့ဘူး၊ အဲ့ဒါကြောင့် အဲ့လိုဖြစ်ရပ်အကုန်လုံးရဲ့ တာဝန်အရှိဆုံးသူကတော့ စစ်ကောင်စီပဲဖြစ်တယ်၊ အခု ပြည်တွင်းမှာ ဒေသအသီးသီးမှာ စစ်ဆင်ရေးကို ပိုပြီးတော့ တရက်ထက်တရက် ကြီးမားလာနေတယ်၊ တိုင်းပြည်ရဲ့ အုပ်ချုပ်မှုယန္တာရား အကုန်လုံးနီးပါးက ပျက်လုနီးပါးဖြစ်သွားတယ်။ အဲ့ဒီအနေအထားမှာ အဓိကတာဝန်ရှိသူက စစ်ကောင်စီပဲ။

ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ PDF၊ CNF တိုင်းရင်းသားလက်နက်ကိုင်တွေရယ် ကျွန်တော်တို့ ရည်မှန်းချက် အတူတူသွားတဲ့နေရာမှာ အားလုံးပူးပေါင်းပါဝင်ပြီးတော့ အတူတကွ တိုက်ပွဲအစီအစဉ်လုပ်ကြပြီးတော့၊ ကျွန်တော်တို့ တိုက်ပွဲဖြစ်ပြီဆိုရင်တော့ လူသေထိခိုက်ကတော့ အနည်းနဲ့အများတော့ ရှိလာမှာပဲ။ အဲ့တော့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင််တွေကတော့ ပြည်သူတွင်းက ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးဖြစ်အောင် တိုက်ပွဲကတော့ ဖော်ဆောင်သွားဖို့ ပြင်ဆင်ထားပါတယ်။ အထိအခိုက်များလာတဲ့ ပြည်သူလူထုတွေ ဒီကိစ္စနဲ့ပက်သက်ပြီးတော့ စစ်ဘေးတွေဖြစ်လာလို့ရှိရင် စစ်ဘေးရှောင်တွေ ပိုပြီးတော့များလာနိုင်တဲ့ အနေအထားမှာရှိတယ်။ ချင်းပြည်သူအပါအဝင် လူသားချင်းစာနာထောက်ထားမှုအားလုံးကို ကျွန်တော်တို့ နိုင်ငံတကာကရော ပြည်တွင်း/ပြည်ပနဲ့ ဒေသတွင်းအားလုံး ဝိုင်းဝန်းပြီးတော့ ပံ့ပိုးကူညီပေးကြဖို့ တချက်တောင်းဆိုချင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.