• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ထန်တလန်တွင် အဖမ်းခံရသည့် လူငယ်တစ်ဦး ယမန်နေ့ညတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီး အခြားမြို့များတွင် အဖမ်းခံရသူများ လွတ်မြောက်လာခြင်းမရှိသေး

ထန်တလန်တွင် အဖမ်းခံရသည့် လူငယ်တစ်ဦး ယမန်နေ့ညတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီး အခြားမြို့များတွင် အဖမ်းခံရသူများ လွတ်မြောက်လာခြင်းမရှိသေး

0
By Editor on March 12, 2021 Headline
#Unicode
မာဂရက် – ချင်းပြည်နယ် ထန်တလန်မြို့တွင် စစ်တပ်မှ ဖမ်းဆီးခံရသူ ချင်းလူငယ်တစ်ဦး ယမန်မနေ့ညက ပြန်လည်လွတ်မြောက်လာ ခဲ့ပြီးဖြစ်သော်လည်း မတူပီ၊ ဖလမ်း၊ ဟားခါး တို့တွင် အဖမ်းခံရသူ ၉ ဦးမှာ လွတ်မြောက်လာခြင်းမရှိသေး ကြောင်း သိရသည်။
ထန်တလန်မြို့မှ ချင်းလူငယ် ဆလိုင်းကျုံးဘွဲလျန်ကို မတ်လ (၁၀) ညနေပိုင်းတွင် စစ်တပ်မှ ဖမ်း ဆီးခေါ်ဆောင်ခဲ့ပြီး မတ်လ (၁၁) ရက်ညနေပိုင်းတွင် အာမခံချက်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး ဖြစ် ကြောင်း သိရသည်။
ထန်တလန်မြို့မှ လူငယ်တစ်ဦးက “မနေ့ည ၆း၂၀ ဝန်းကျင်လောက်ကထွက်လာတယ်၊ အဓိက ရဲတယောက် CDM လုပ်ထားတဲ့သူကို ထန်တလန်ကနေ ဟားခါးအထိ သူကဆိုင်ကယ်နဲ့ သယ်တယ်လို့ စွွပ်စွဲပြီး ထိန်းသိမ်းတာပေါ့၊ တညလောက်အိပ်ခိုင်းတာပေါ့ သူတို့ရဲ့ တပ်ကုန်းမှာ၊ ့ ထန်တလန်ဒုဦးစီးမှုးက အာမခံပေးတယ်” ဟု ပြောသည်။
ဆလိုင်းကျုံးဘွွဲလျန်ကို စစ်တပ်မှ “မေးစရာရှိ” ဆိုပြီိး ဖမ်းဆီးခေါ်ဆောင်သွားပြီး စကားမေးမြန်း သောအချိန်နှင့် ထိန်းသိမ်းထားချိန်တွင် ရဲနှင့်စစ်တပ်ဖက်မှ ရိုက်နှက်ခြင်းမပြုလုပ်ရန် ထန်တလန်မြို့ရှိ လူငယ်များဖက်မှ တာဝန်ရှိအထက်လူကြီးများကို ဖုန်းဆက်ပြီးတောင်းဆိုမှုများပြုလုပ်ခဲ့သည်ဟု ၎င်းကပြောပြသည်။
အလားတူ မတူပီမြို့တွင် မတ်လ (၁၀) ရက်နေ့ညပိုင်းတွင်လည်း ခရစ်ယာန်အမှုတော်ဆောင်တစ်ဦး အပါအဝင် လူငယ် (၄) ဦးကို စစ်တပ်ဖက်မှ ဖမ်းဆီးခဲ့ပြီး ပြန်လည်လွတ်ပေးခြင်းမရှိသေးသော်လည်း မိသား စုဝင်၊ ရပ်မိ၊ရပ်ဖ နှင့် ပါစတာ တို့မှ ယမန်နေ့ညနေပိုင်းတွင် ခံဝန်ချက်ထိုးခဲ့ကြပြီး အမြန်ဆုံးပြန်လည်လွတ်ပေးသွားဖြစ်ကြောင်းသိရသည်။
မတူပီမြို့ခံ တစ်ဦးက “မနေ့ည ၆ နာရီလောက်မှာ ပါစတာတွေက သွားတောင်းတော့ သူတို့က အာမခံတွေ ထိုးခိုင်းတယ်၊ သူတို့လွတ်လာရင်တော့ မိဘတွေကလည်း Complain မတက်ပါဘူး၊ ဆန္ဒပြတဲ့နေရာတွေမှာလည်း မပါဝင်ဘူးဆိုတဲ့ သူတို့ကြိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထည့်ပြီး တော့မှ လက်မှတ်ထိုးခိုင်းထားတယ်၊ ဒီနေ့မဟုတ်ရင်လည်း မနက်ဖြန်လောက် အခြေအနေကြည့်ပြီး တော့မှ သူတို့က လွတ်ပေးမယ်လို့ စစ်တပ်ဖက်ဂတိပေးထားတာပေါ့၊ ဒီနေ့တော့ လွတ်ပေးတဲ့သတင်း မကြားသေးဘူးဆိုတော့ အမြန်ဆုံးလွတ်ပေးမယ်လို့ပြောထားတဲ့အတွက် ကျွန်တော်တို့ကလည်း စောင့်ကြည့်နေတဲ့ခြေအနေမှာရှိနေတယ်” ဟုပြောသည်။
မတူပီမြို့မှ ဖမ်းဆီးခံရသော လူငယ်(၄) ဦးသည် မိသားစုကိစ္စဖြင့် အပြင်ထွက်သွားလာချိန်တွင် စစ်တပ်ဖက်မှ ဖမ်းဆီးခဲ့ကြပြီး လူငယ်ပါစတာနှင့် ကျေးလက်အင်ဂျင်နီယာမှ ဝန်ထမ်းတစ်ဦးတို့သည် ရိုက်နှက်ခံရခြင်းမရှိပေမယ့် ကျန်(၂) ဦးမှာ စစ်တပ်ဖက်မှ တားဆီးပြီးဖမ်းပေမယ့် အဖမ်းမခံသော ကြောင့် လုံခြုံရေးယူထားသော စစ်သားတစ်ဦးမှ ကန်လိုက်ရာ ဒဏ်ရာရရှိနေပြီး ကျန်တစ်ဦးမှာလည်း မည်သို့ ဒဏ်ရာများရှိနေမလဲ ဆိုပြီး သံသယဖြစ်စရာရှိနေကြောင်း ၎င်းက ပြောသည်။
#Zawgyi
မာဂရက္ – ခ်င္းျပည္နယ္ ထန္တလန္ျမဳိ႕တြင္ စစ္တပ္မွ ဖမ္းဆီးခံရသူ ခ်င္းလူငယ္တစ္ဦး ယမန္မေန႔ညက ျပန္လည္လြတ္ေျမာက္လာ ခဲ့ၿပီးျဖစ္ေသာ္လည္း မတူပီ၊ ဖလမ္း၊ ဟားခါး တို႔တြင္ အဖမ္းခံရသူ ၉ ဦးမွာ လြတ္ေျမာက္လာျခင္းမရွိေသး ေၾကာင္း သိရသည္။
ထန္တလန္ျမဳိ႕မွ ခ်င္းလူငယ္ ဆလုိင္းက်ဳံးဘြဲလ်န္ကုိ မတ္လ (၁၀) ညေနပုိင္းတြင္ စစ္တပ္မွ ဖမ္း ဆီးေခၚေဆာင္ခဲ့ျပီး မတ္လ (၁၁) ရက္ညေနပုိင္းတြင္ အာမခံခ်က္ျဖင့္ ျပန္လည္လြတ္ေျမာက္လာျပီး ျဖစ္ ေၾကာင္း သိရသည္။
ထန္တလန္ျမဳိ႕မွ လူငယ္တစ္ဦးက “မေန႔ည ၆း၂၀ ဝန္းက်င္ေလာက္ကထြက္လာတယ္၊ အဓိက ရဲတေယာက္ CDM လုပ္ထားတဲ့သူကုိ ထန္တလန္ကေန ဟားခါးအထိ သူကဆုိင္ကယ္နဲ႔ သယ္တယ္လုိ႔ စြြပ္စြဲျပီး ထိန္းသိမ္းတာေပါ့၊ တညေလာက္အိပ္ခုိင္းတာေပါ့ သူတုိ႔ရဲ႕ တပ္ကုန္းမွာ၊ ႔ ထန္တလန္ဒုဦးစီးမႈးက အာမခံေပးတယ္” ဟု ေျပာသည္။
ဆလုိင္းက်ဳံးဘြြဲလ်န္ကုိ စစ္တပ္မွ “ေမးစရာရွိ” ဆုိျပီိး ဖမ္းဆီးေခၚေဆာင္သြားျပီး စကားေမးျမန္း ေသာအခ်ိန္ႏွင့္ ထိန္းသိမ္းထားခ်ိန္တြင္ ရဲႏွင့္စစ္တပ္ဖက္မွ ရုိက္နွက္ျခင္းမျပဳလုပ္ရန္ ထန္တလန္ျမဳိ႕ရွိ လူငယ္မ်ားဖက္မွ တာဝန္ရွိအထက္လူၾကီးမ်ားကုိ ဖုန္းဆက္ျပီးေတာင္းဆုိမႈမ်ားျပဳလုပ္ခဲ့သည္ဟု ၎ကေျပာျပသည္။
အလားတူ မတူပီျမဳိ႕တြင္ မတ္လ (၁၀) ရက္ေန႔ညပုိင္းတြင္လည္း ခရစ္ယာန္အမႈေတာ္ေဆာင္တစ္ဦး အပါအဝင္ လူငယ္(၄) ဦးကုိ စစ္တပ္ဖက္မွ ဖမ္းဆီးခဲ့ျပီး ျပန္လည္လြတ္ေပးျခင္းမရွိေသးေသာ္လည္း မိသား စုဝင္၊ ရပ္မိ၊ရပ္ဖ ႏွင့္ ပါစတာ တုိ႔မွ ယမန္ေန႔ညေနပိုင္းတြင္ ခံဝန္ခ်က္ထုိးခဲ့ၾကျပီး အျမန္ဆုံးျပန္လည္လြတ္ေပးသြားျဖစ္ေၾကာင္းသိရသည္။
မတူပီျမဳိ႕ခံ တစ္ဦးက “မေန႔ည ၆ နာရီေလာက္မွာ ပါစတာေတြက သြားေတာင္းေတာ့ သူတုိ႔က အာမခံေတြ ထုိးခုိင္းတယ္၊ သူတုိ႔လြတ္လာရင္ေတာ့ မိဘေတြကလည္း Complain မတက္ပါဘူး၊ ဆႏၵျပတဲ့ေနရာေတြမွာလည္း မပါဝင္ဘူးဆုိတဲ့ သူတုိ႔ၾကဳိက္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို ထည့္ျပီး ေတာ့မွ လက္မွတ္ထုိးခုိင္းထားတယ္၊ ဒီေန႔မဟုတ္ရင္လည္း မနက္ျဖန္ေလာက္ အေျခအေနၾကည့္ျပီး ေတာ့မွ သူတုိ႔က လြတ္ေပးမယ္လုိ႔ စစ္တပ္ဖက္ဂတိေပးထားတာေပါ့၊ ဒီေန႔ေတာ့ လြတ္ေပးတဲ့သတင္း မၾကားေသးဘူးဆုိေတာ့ အျမန္ဆုံးလြတ္ေပးမယ္လုိ႔ေျပာထားတဲ့အတြက္ ကြ်န္ေတာ္တုိ႔ကလည္း ေစာင့္ၾကည့္ေနတဲ့ေျခအေနမွာရွိေနတယ္” ဟုေျပာသည္။
မတူပီျမဳိ႕မွ ဖမ္းဆီးခံရေသာ လူငယ္(၄) ဦးသည္ မိသားစုကိစၥျဖင့္ အျပင္ထြက္သြားလာခ်ိန္တြင္ စစ္တပ္ဖက္မွ ဖမ္းဆီးခဲ့ၾကျပီး လူငယ္ပါစတာႏွင့္ ေက်းလက္အင္ဂ်င္နီယာမွ ဝန္ထမ္းတစ္ဦးတုိ႔သည္ ရုိက္ႏွက္ခံရျခင္းမရွိေပမယ့္ က်န္(၂) ဦးမွာ စစ္တပ္ဖက္မွ တားဆီးျပီးဖမ္းေပမယ့္ အဖမ္းမခံေသာ ေၾကာင့္ လုံျခဳံေရးယူထားေသာ စစ္သားတစ္ဦးမွ ကန္လုိက္ရာ ဒဏ္ရာရရွိေနျပီး က်န္တစ္ဦးမွာလည္း မည္သုိ႔ ဒဏ္ရာမ်ားရွိေနမလဲ ဆုိျပီး သံသယျဖစ္စရာရွိေနေၾကာင္း ၎က ေျပာသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ဦးစီးအရာရှိအဆင့် ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်က ကလေးငယ်တစ်ဦး ခြေတဖက်ပြတ်သွား

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.