Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့တိုက်ပွဲ စစ်ကောင်စီဘက် ၅ ဦးသေဆုံး၊ ထန်တလန်မှာ မီးလောင်မှုထပ်ဖြစ် အိမ်ခြေ ၉၀ ကျော် လောင်ကျွမ်းပြာကျ

ထန်တလန်မြို့တိုက်ပွဲ စစ်ကောင်စီဘက် ၅ ဦးသေဆုံး၊ ထန်တလန်မှာ မီးလောင်မှုထပ်ဖြစ် အိမ်ခြေ ၉၀ ကျော် လောင်ကျွမ်းပြာကျ

0
By Editor on February 2, 2022 Headline

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုတစ်နှစ်ပြည့်မြောက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထန်တလန်မြ်ို့မှာ စစ်ကောင်စီတပ် နဲ့ ချင်းအမျိုးသားတပ်မတော် CNA/CDF-Thantlang ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က အနည်း ဆုံး ၅ ဦးသေဆုံးခဲ့တယ်လို့ CDF-Thantlang ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

“၁ ရက်နေ့ ၉ နာရီလောက်မှာ စစ်ကောင်စီတွေက တပ်ကုန်းကနေလာပြီးတော့ မြို့အလယ်ထိလောက်လာတယ် လူအင်အားနည်းနည်းတော့များတယ် ရဲစခန်းအောက်ဘက်ထိလာတယ် သူတို့ကလက်နက်ကြီးတွေအကြိမ် ၅၀ လောက်ပစ်တယ် ၁၂ နာရီတော့ ကျနော်တို့က မပစ်သေးဘူး ဒီတိုင်းပဲနေနေတယ် Silence Strike ဆိုတော့လေ ညနေပိုင်းလောက်မှာ သူတို့နားတဲ့အချိ်န်မှာပေါ့ ကျနော်တို့ကအခွင့်ကောင်းယူပြီးတော့ စနိုက်ပါနဲ့အဝေးကနေပစ်တာပေါ့ ၅ ယောက်တော့ သေတယ်လို့ယူဆရတယ် ချက်ချင်းလဲကျတာကိုး တစ်ယောက်ကတော့ ခြေထောက်ကတော့ ခြေထောက် ထိတယ် ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာမရှိဘူး’’

ယခုလက်ရှိထန်တလန်မြို့မှာ စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ၂၆၉၊ ၂၂၂ နဲ့ ၆၆ တပ်တွေ အခြေချတပ်စွဲထားကြပြီး အင်အား ၁၀၀ ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ မနေ့ကဖြစ်တဲ့တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က Drone နဲ့ ဗုံးကြဲတာတွေရှိခဲ့တယ်လို့လည်း CDF-Thantlang ဘက်ကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တပ်တွေဟာ မီးလောင်မှုအကြိမ်ကြိမ်ဖြစ်ပွားခဲ့တဲ့ ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၃၀၊ ၃၁ ရက် နဲ့ ဖေဖော် ဝါရီလ ၁ ရက်နေ့တွေမှာလည်း လူနေအိမ်တွေကို ထပ်မံမီးရခဲ့တာကြောင့် ဘုရားကျောင်းတစ်ကျောင်းအပါအဝင် အိမ်ခြေ ၉၄ လုံး ထပ်မံလောင်ကျွမ်းပြာကျခဲ့ရတယ်လို့သိရပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့ကဖြစ်ပွားတဲ့ မီးလောင်မှုတွေကြောင့် ထန်တလန်မြို့ပေါ်က ဇုန်မှုန် နဲ့ ဘုရားကျောင်းရပ်ကွက်မှာရှိ တဲ့ အိ်မ်ခြေ ၃၈ လုံးလောင်ကျွမ်းခဲ့ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ TABC ရပ်ကွက်မှာရှိတဲ့ အိမ်ခြေ ၅၅ အိမ်လောင်ကွ ျမ်းခဲ့ရသလို ယမန်နေ့ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ကျောင်းရပ်ကွက်မှာရှိတဲ့ အိမ်တစ်အိမ်မီးလောင်ပြာကျခဲ့ရတာလို့ ထန်တလန်မြို့နယ်စစ်ဘေးရှောင်အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ Thantlang Placement Affairs Committee က ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဲဒီမီးလောင်မှုနဲ့ပတ်သက်ပြီး CDF-Thantlang ပြောရေးဆိုခွင့်ရှိသူက ခုလိုပြောဆိုပါတယ်။

“၃၀ ရက်မနက် ၁၁ နာရီလောက်မှာ ကျနော်တို့က စနိုက်ပါနဲ့တစ်ယောက်ပစ်တာပေါ့နော် တစ်ယောက်လဲကျသွားတာပေါ့ နော် ညနေပိုင်း ၁ နာရီဝန်းကျင်လောက်မှာ မီးကရတာပေါ့ သူတို့ဘက်က ၃၁ ရက်မနက်ပိုင်း ၉ နာရီလောက်မှာ ကျနော်တို့က စနိုက်ပါနဲ့ထပ်ပစ်တယ် တစ်ယောက်လဲကျသွားတယ် ညနေပိုင်း ၅ နာရီဝန်းကျင်လောက်ကနေ မီးကစလောင်တာပေါ့နော် ၁ ရက်နေ့မှာတော့အိမ်တစ်အိမ်ထပ်လောင်တယ် အဲဒါကတော့ လက်နက်ကြီးနဲ့ပစ်လို့လောင် တာပေါ့ စစ်ကောင်စီဘက်က တစ်ယောက်ကျတိုင်း သေတဲ့သူရှိတိုင်း မီးရှို့တော့တာပေါ့ ကျနော်တို့ယူဆတာပေါ့’’

အိမ်ခြေ နှစ်ထောင်ခန့်ရှိပြီး လူဦးရေတစ်သောင်းဝန်းကျင်နေထိုင်တဲ့ ထန်တလန်မြို့မှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က လူနေအိမ်တွေစတင်မီးရခဲ့တာဖြစ်ပြီး စက်တင်ဘာလကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ မီးလောင်မှုအနည်းဆုံး ၂၃ ကြိမ်လောက်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီမီးလောင်မှုတွေကြောင့် ထန်တလန်မြ်ို့ပေါ်က ဘုရားကျောင်း ၈ ကျောင်းအပါအဝင် အိမ်ခြေတစ်ထောင်နီးပါး လောင်ကျွမ်းပြာကျခဲ့ရပြီး ဒါဟာ ထန်တလန်မြို့တစ်မြို့လုံးရဲ့ ထက်ဝက်လောက်ပျက်စီးသွားတာလည်းဖြစ်ပါတယ်။

ထန်တလန်မြို့ကပြည်သူအားလုံးကတော့ မီးစတင်လောင်ကျွမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်စက်တင်ဘာလကုန်ပိုင်းကတည်းက မြို့ကို စွန့်ခွါပြီး နယ်စပ်ဘက်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတာဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.