• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့တွင် CDF များက နေအိမ်များအား ထပ်မံမီးရှို့ဆိုတဲ့သတင်း

ထန်တလန်မြို့တွင် CDF များက နေအိမ်များအား ထပ်မံမီးရှို့ဆိုတဲ့သတင်း

0
By Editor on May 26, 2022 Headline

ဒီသတင်းအမှားကို Fifty Two News ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့်လူမှုကွန်ယက်စာမျက်နှာကနေ မေလ ၂၄ ရက်နေ့က ရေးသားထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

Fifty Two News လူမှုကွန်ယက်စာမျက်နှာမှာ “ထန်တလန်မြို့တွင် လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းစဉ် CDF အကြမ်းဖက်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲ့များထိခိုက်မှုမရှိဘဲ အကြမ်းဖက် CDF-Thantlang လက်မောင်းတံဆိတ်ပါ ကျား ၂ လောင်းနှင့်အတူ အိန္ဒိယနိုင်ငံထုတ်ပြောင်းချောသေနတ် ၁ လက်၊ ကျည် ၅ တောင့်၊ လက်လုပ်မိုင်း ၄ လုံးတို့အား သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက် CDF များထွက်ပြေးရာလမ်းကြောင်းရှိ ပြည်သူပိုင်နေအိမ်များမီးရှို့ဖျက်ဆီးသွားကြောင်းသိရပါသည်’’ ဟု ဖော်ပြထားတာဖြစ်ပါတယ်။

ထန်တလန်မြို့မှာ မေလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် CDF-Thantlang တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုမှာ မှန်ကန်ပေမယ့် CDF-Thantlang ဘက်က အကျဆုံးမရှိခဲ့သလို စစ်ကောင်စီဘက်ကသာ ၆ ယောက်သေဆုံးခဲ့တာဖြစ်တယ်လို့ CDF-Thantlang က တရားဝင်ထုတ်ပြန်ထားပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်ကို အောက်ပါလင့်မှာကြည့်ရှုနိုင်ပါတယ်။

Link https://www.facebook.com/100491915475960/posts/375929524598863/

အဲဒီတိုက်ပွဲဖြစ်စဉ်မှာ CDF-Thantlang ဘက်က ကျဆုံးမှုမရှိဘဲ သူတို့ရဲဘော် ၄ ဦး မပြင်းထန်သောဒဏ်ရာအနည်း ငယ်ရရှိခဲ့ကြတယ်လို့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထန်တလန်မြို့အမှတ် ၁ ရက်ကွက်က မီးမလောင်သေးတဲ့နေအိမ်တွေကို အိမ်တိုင်း လိုလိုမီးရှိုခဲ့တာကြောင့် အိမ်အတော်များများလောင်ကျွမ်းပြာကျခဲ့ရတယ်လို့ CDF-Thantlang ရဲ့ထုတ်ပြန်ချ က်မှာဖော်ပြထားပါတယ်။

ဒါကြောင့် Fifty Two News မှာတင်ထားတဲ့ “ ထန်တလန်မြို့ကို CDF တွေက ထပ်မံမီးရှို့’’ ဆိုတဲ့ပိုစ့်ဟာ သတင်းအမှား သာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေကိုတိုင်က မီးရှိှုခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ထန်တလန်မြို့ကို လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်စက်တင်ဘာလကစလို့ ယခုချိန်ထိ အနည်းဆုံး ၂၈ ကြိမ်ခန့် မီးရှို့ခဲ့ကြပြီး ထန်တလန်မြို့ပေါ်က ဘုရားကျောင်း ၈ ကျောင်းအပါအဝင် လူနေအိမ်ခြေ တစ်ထောင်ကျော် မီးလောင်ပြာကျခဲ့ရပြီးဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်ကို Thantlang Placement Affairs Committee- IDPs Help လူမှုကွန်ယက်စာမျက်နှာမှာလည်း သွားရောက်ကြည့်ရှု့နိုင်ပါတယ်။

Link https://www.facebook.com/108100014858517/posts/255112670157250/

နိုင်ငံရေးမတည်ငြိမ်မှုများကြားမှာ သတင်းတုသတင်းအမှားများဟာနေ့စဉ်လိုလို ထွက်ပေါ်လျက်ရှိပါတယ်။ စာဖတ်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနများမှ သတင်းတွေကိုသာဖတ်ရှုဖို့တိုက်တွန်း လိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.