Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်မြို့နယ်တွင် ခွင့်ပြုချက်မရှိဘဲ လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ ကိုင်ဆောင်၊ ရောင်းချပါက အရေးယူမည်ဟု TPC ထုတ်ပြန်

ထန်တလန်မြို့နယ်တွင် ခွင့်ပြုချက်မရှိဘဲ လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ ကိုင်ဆောင်၊ ရောင်းချပါက အရေးယူမည်ဟု TPC ထုတ်ပြန်

0
By Editor on August 11, 2026 Khonumthung

(004SS)

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲရေး ပစ္စည်းများ သိုလှောင်၊ သယ်ယူ၊ ရောင်းချခြင်းများကို လုံးဝခွင့်မပြုဘဲ လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း Thantlang Peng Council (TPC) / Chinland Defense Force-Thantlang က ဩဂုတ်လ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးတို့အတွက် မည်သည့် တော်လှန်ရေးအဖွဲ့အစည်း သို့မဟုတ် မည်သူမဆို တရားဝင် ထုတ်ပေးထားသော အမိန့် သို့မဟုတ် ခွင့်ပြုချက် စာရွက်စာ တမ်း မရှိဘဲ စစ်ရေးအတွက် အသုံးပြုသည့် လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ပုဂ္ဂလိက ပိုင်အဖြစ် သိမ်းဆည်းခြင်း၊ သယ်ယူခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် အခြားနေရာသို့ ပေးပို့ခြင်းများ လုံးဝမပြုလုပ်ရန် တားမြစ်ထားခြင်း ဖြစ်သည်။

“CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်းမှာ ပြည်သူအချင်းချင်းကြား မဖြစ်သင့်တာ မဖြစ်အောင် ရပ်ရွာငြိမ်းချမ်းရေး၊ လုံခြုံရေးအတွက်ရယ်၊ နောက် ပြည်သူတွေအနေနဲ့ ဥပဒေအောက်မှာ ရှိနေပါတယ်ဆိုတဲ့ အသိကိုလဲ ပေးချင်တာဖြစ်ပါတယ်။ အရင်ကဆို လွတ်လွတ်လပ်လပ်နဲ့ ပေါက်ကွဲတတ်တဲ့ လက်နက်ခဲယမ်းတွေကို ကိုယ်ပိုင်ရောင်းချတာ၊ သိမ်းဆည်းထားတာမျိုးတွေ ရှိနေနိုင်တယ်။ ဒီလို ဥပဒေမဲ့ ဆက်လုပ်သွားမယ်ဆိုရင် နောက်နောင်မှာ အချင်းချင်းကြား လက်နက်သုံးပြီး မလိုလားတဲ့ ပြဿနာတွေ ကြိုတင်ရှောင်ရှားလို့ရအောင် ဆိုပြီး ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်” ဟု CDF-Thantlangပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထို့အပြင် ပြည်သူလူထု သာမက တော်လှန်ရေး ရဲဘော်များ အနေဖြင့်လည်း တာဝန်အရ သယ်ယူဆောင်ရွက်စရာ ရှိပါက တရားဝင် စာရွက်စာတမ်း ပါရှိမှသာ လက်နက် သယ်ယူခွင့် ရှိမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်း မဟုတ်ဘဲ တရားမဝင် ဆောင်ရွက်မှုများနှင့် မှောင်ခို လုပ်ငန်းများကို ကြိုတင် တားဆီးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

အလားတူ သစ်တောများအတွင်း သို့မဟုတ် ကျေးရွာတစ်ရွာနှင့်တစ်ရွာအကြား ဒရုန်း၊ သေနတ်၊ ဗုံး အပါအဝင် စစ်ရေးသုံး လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများ ပျောက်ဆုံးကျန်ရှိနေသည်ကို တွေ့ရှိပါက တာဝန်ရှိသူများထံ အမြန်ဆုံး အသိပေးအကြောင်းကြားရမည်ဖြစ်ပြီး မိမိကိုယ်ကျိုးအမြတ်အတွက် ရောင်းချခြင်း မပြုလုပ်ရန်လည်း သတိပေးထားသည်။

“လက်ရှိမှာ အရေးယူခံရတဲ့သူတွေ မရှိသေးပါဘူး။ ဒါပေမဲ့ လက်ရှိမှာလည်း စကမနဲ့ တော်လှန်ရေးအကြား ပစ်ခတ်မှုတွေ ရှိနေဆဲ။ အဲလိုကနေ တော်လှန်ရေးဘက်ကနေဖြစ်စေ၊ စစ်တပ်ဘက်ကနေဖြစ်စေ ကျန်ရစ်ခဲ့တဲ့ လက်နက်ခဲယမ်းတွေ ရှိနေနိုင်တယ်။ စစ်တပ်တွေ ဝှက်ထားတဲ့ လက်နက်ခဲယမ်းတွေ စသဖြင့် ရှိနေနိုင်တာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ လက်နက်ခဲယမ်းတွေ တွေ့ရင် ကိုယ်ပိုင်အမြတ်မယူဘဲ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်တဲ့အနေနဲ့ တာဝန်ရှိသူတွေထံ အကြောင်းကြား အပ်နှံဖို့ အသိပေးပါတယ်။ ” ဟု ၎င်းက ပြောသည်။

TPC အနေဖြင့် ယခုထုတ်ပြန်ထားသော စည်းမျဉ်းများကို ပြည်သူလူထုအနေဖြင့် လုံးဝလိုက်နာရမည်ဖြစ်ပြီး၊ လိုက်နာရန် ပျက်ကွက်သူ မည်သူ့ကိုမဆို Chinland Council မှ ပြဋ္ဌာန်းထားသည့် လက်နက်ခဲယမ်းဆိုင်ရာ ဥပဒေများ၊ CDF-Thantlang ၏ Control Act များနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်သည် တော်လှန်ရေးကာလအတွင်း CDF-Thantlang အနေဖြင့် ပြန်လည်ပြင်ဆင် ထုတ်ပြန်ခြင်း မရှိသမျှ ကာလပတ်လုံး အတည်ဖြစ်ကြောင်း သတင်းရရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.