ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၂၅ နဲ့ ၂၇ ရက်နေ့တုန်းက လူနေအိမ်တွေကို ထပ်မံမီးရှို့ပြီး အိမ်ခြေ ၁၀၁ အိမ်လောင်ကျွမ်းပြာကျခဲ့တယ်လို့ Thantlang Placement Affairs Committee က ယနေ့ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ထန်တလန်မြို့ပေါ်က ဇုန်မွန်၊ စျေး၊ ဘုရားကျောင်း နဲ့ TABC ရပ်ကွက်က လူနေအိမ်ခြေ ၉၃ အိမ်မီးရခဲ့ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ကျောင်းရပ်ကွက်က လူနေအိမ် ၈ အိမ် မီးရှို့ခဲ့ကြတာဖြစ်ပါတယ်။
ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ ၂၆ ကြိ်မ် မီးရှို့ခဲ့ပြီး ဘုရားကျောင်း ၈ ကျောင်းအပါအဝင် လူနေအိမ်ခြေ တစ်ထောင်ကျော်လောင်ကျွမ်း ပြာကျခဲ့ရပြီးဖြစ်ပါတယ်။