Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံး ၅၀ ကျော်ဒဏ်ရာရ

ထန်တလန်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံး ၅၀ ကျော်ဒဏ်ရာရ

0
By Editor on September 2, 2023 Khonumthung

(03PT)

ချင်းပြည်နယ် ထန်တလန်မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး အယောက် ၅၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Thantlang က ယနေ့ထုတ်ပြန်သည်။ 

ချင်းအမျိုးသားတပ်ဦး CNF/ CNA၊ CDF ထန်တလန် ၊ CDF ဟားခါး နှင့် CDF ဇိုဖေ စသည့် ချင်းပူးပေါင်းတပ်ဖွဲ့များသည် Tilim Operation 3 ဟုအမည်ပေးထားသော စစ်ဆင်ရေးကို ဩဂုတ်လ ၂၇ နှင့် ၂၈ ရက်တို့တွင် ဖော်ဆောင်ခဲ့ကြပြီး ထန်တလန်မြို့ပေါ် တပ်ကုန်းနှင့်အနီးပတ်၀◌န်းကျင်တွင် ခြေကုပ်ယူထားသော စစ်ကောင်စီတပ်စခန်း ၅ ခုအပြင် အခြားသော မြို့တွင်းရှိ စခန်းငယ် ၂ နှင့် ဟားခါး-ထန်တလန်ကြား Auto Tower တောင်တို့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြ သည်ဟု CDF-Thantlang ၏ထုတ်ပြန်ချက်မှာဖော်ြပထားသည်။ 

ယင်း Tilim Operation 3 စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြသည့်အပြင် လက်နက် ၅ လက်နဲ့ ကျည်ဆံများသိမ်းဆည်းရမိသည်ဟု CDF-Thantlang က ဆိုသည်။ 

အဆိုပါ ၂ ရက်ကြာစစ်ဆင်ရေးအတွင်းမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CNA မှ ရဲဘော် ၅ ဦး၊ CDF-Thangtlang မှ ရဲဘော် ၄ ဦး၊ CDF-Hakha မှ ရဲဘော် ၁ ဦး နှင့် CDF-Zophei မှ ရဲဘော် ၅ ဦး စုစုပေါင်း ရဲဘော် ၁၅ ဦးတို့သည် ချင်းအမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့ကြသည်ဟု CDF-Thantlang ၏ ထုတ်ပြန်ချက်မှာ ဖော်ြပထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.