Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်အတွက် CDF-Mindat ကလက်တု့ံပြန်၊ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၈ ဦးခန့်ဒဏ်ရာရ

ထန်တလန်အတွက် CDF-Mindat ကလက်တု့ံပြန်၊ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၈ ဦးခန့်ဒဏ်ရာရ

0
By Editor on November 1, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် အောက်တိုဘာလ ၃၁ ရက်နေ့က CDF-Mindat ၏ ချူံခိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး ယင်းသည် စစ်ကောင်စီမှ ထန်တလန်မြို့အား မီးရှို့ဖျက်ဆီးမှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု CDF-Mindat ကထုတ်ပြန်သည်။

အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်က မင်းတပ်မြို့‌ပေါ် စိချဲ့လမ်းဆုံအနီးတွင် ကင်းလှည့်လာသော စကစတပ်များကို CDF-MINDAT က ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ ၈ ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူကိုယောမာန်ကပြောသည်။

“အစကတော့ အရှိန်ယူမယ် စီမံခန့်ခွဲမယ် တိုက်ခိုက်မယ်ပေါ့နော် ထန်တလန်ကိစ္စလည်းပေါ်လာတော့ ချက်ချင်း တစ်ခုခုတုံ့ပြန်ရင်ကောင်းမယ် ဆိုပြီးမှပေါ့နော် အချိန်မနှောင်းခင်ပေါ့လေ လုပ်ဖြစ်သွားတာပေါ့ ကျနော်တို့ အပြန်အလှန်ပ စ်ကြတာ နာရီဝက်လောက်ကြာမယ် ကျနော်တို့ဘက်ကတော့ တစ်ယောက်က ကျည်ဆံယှက်ထိသွားတာပေါ့နော် ပွန်းပဲ့ ဒဏ်ရာလောက်ပါပဲ၊ ဟိုဘက်(စကစ)ကတော့ အနည်းဆုံး ၈ ယောက်လောက် ဒဏ်ရာရတယ်၊ ၃ ယောက်လောက်က သေဆုံးသွားတယ် အလောင်းတွေဆွဲထုတ်သွားတယ်” ဟု ကိုယောမာန်ကပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် စိချဲ့လမ်းဆုံ အနီးရှိ ဘုရားကျောင်တစ်ကျောင်းနှင့် လူနေအိမ်တစ်လုံးထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၂၉ ရက်နေ့က ထန်တလန်မြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က မီးရှို့မှုကြောင့် ဘုရားကျောင်း ၂ ကျောင်းအပါအဝင် လူနေအိမ် ၁၆၄ အိမ်လောင်ကျွမ်းပြာကျခဲ့ပြီး ယင်းကိစ္စအတွက် စစ်ကောင်စီကို CDF-Mindat က ပထမဆုံး လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.