Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်၊ မြို့တွင်းတိုက်ပွဲတွင် CDF တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ယခုထိအလောင်းပြန်မရသေး

ထန်တလန်၊ မြို့တွင်းတိုက်ပွဲတွင် CDF တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ယခုထိအလောင်းပြန်မရသေး

0
By Editor on December 9, 2021 Khonumthung

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ကောင်စီတပ်နှင့် CDF- ထန်တလန်တပ်ဖွဲ့တို့အကြား ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ပိုင်း ၂ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားကာ CDF တပ်ဖွဲဝင် ၂ ဦးသေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ ၎င်းတို့၏ အလောင်းကို သယ်ယူနိုင်ခြင်းမရှိသေးကြောင်း CDF- Thantlang မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မနေ့က တိုက်ပွဲက ပစ်ခတ်တဲ့အချိန်တော့ နာရီဝက်လောက်ပဲကြာတယ်။ ၂ ယောက်ကတော့ သေချာတယ်။ ၁ ယောက်ကတော့ စုရပ်မှာ မစု၊ ရောက်လည်းမရောက်လာတော့ သူလည်း ပါကောင်းပါနိုင်တယ်ရှိတာ ဒါပေမယ့် သူက သေတာလား၊ ဖမ်းတာလားဆိုတာတော့ သိပ်မသေချာဘူး။ အခု အချိန်ထိ အလောင်းကယူလို့မရသေးဘူးပေါ့။ အလောင်းယူဖို့လည်း ကျွန်တော်တို့ ကြိုးစားနေတယ်။ အလောင်းကမရသေးတော့ အတိအကျပြောလို့မရသေးဘူး။ ဒဏ်ရာရတဲ့သူက ၅ ယောက်ရှိတယ်” ဟု CDF- Thantlang မှပြောရေးဆိုခွင့်ရှိ သူက ပြောသည်။

ယမန်နေ့က ထန်တလန်မြို့တွင်း တိုက်ပွဲဖြစ်ပွားမှုမှာ မည်ကဲ့သို့ စတင်ဖြစ်ပွားခဲ့သည်ကိုမူ အတိကျပြောဆို၍ မရသေးကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ဖက်က သေဆုံးမှုရှိမရှိကိုလည်းအတည်ပြု၍ မရသေးကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါမြို့တွင်းတိုက်ပွဲဖြစ်ပွားမှုနောက်ပိုင်း မြို့တွင်း ဇုံမွှန်ရပ်ကွက်မှ လူနေအိမ် ၁၈ အိမ်နှင့် ညနေ ၆နာရီ နောက်ပိုင်းတွင်လည်း ဘုရားကျောင်းရပ်ကွက်က ၅ အိမ်ထပ်မံမီးလောင်ကျွမ်းခဲ့ပြီး လက်ရှိ အချိန်ထိ စစ်ကောင်စီတပ်များ၏ ရှို့မီးကြောင့် ဘုရားကျောင်း ၅ ကျောင်းအပါအဝင် လူနေအိမ်စုစုပေါင်း ၅၀၀ ကျော် မီးလောင်ကျွမ်းသွားပြီဖြစ်သည်။

Zawgyi

ထန္တလန္၊ ျမိဳ႕တြင္းတုိက္ပြဲတြင္ CDF တပ္ဖြဲ႔၀င္ ၂ ဦးေသဆုံးျပီး ယခုထိအေလာင္းျပန္မရေသး

ခိုႏူမ္းသုန္သတင္း၊ ၉ ဒီဇင္ဘာ ၂၀၂၁

ခ်င္းျပည္နယ္၊ ထန္တလန္ျမိဳ႕တြင္ စစ္ေကာင္စီတပ္ႏွင့္ CDF- ထန္တလန္တပ္ဖြဲ႔တုိ႔အၾကား ဒီဇင္ဘာလ ၈ ရက္ေန႔ မြန္းလြဲ ပိုင္း ၂ နာရီဝန္းက်င္က တုိက္ပြဲျဖစ္ပြားကာ CDF တပ္ဖြဲဝင္ ၂ ဦးေသဆုံးခဲ့ျပီး လက္ရွိအခ်ိန္ထိ ၎တုိ႔၏ အေလာင္းကုိ သယ္ယူႏုိင္ျခင္းမရွိေသးေၾကာင္း CDF- Thantlang မွေျပာေရးဆုိခြင့္ရွိ သူက ေျပာသည္။

“မေန႔က တုိက္ပြဲက ပစ္ခတ္တဲ့အခ်ိန္ေတာ့ နာရီဝက္ေလာက္ပဲၾကာတယ္။ ၂ ေယာက္ကေတာ့ ေသခ်ာတယ္။ ၁ေယာက္ကေတာ့ စုရပ္မွာ မစု၊ ေရာက္လည္းမေရာက္လာေတာ့ သူလည္း ပါေကာင္းပါႏုိင္တယ္ရွိတာ ဒါေပမယ့္ သူက ေသတာလား၊ ဖမ္းတာလားဆုိတာေတာ့ သိပ္မေသခ်ာဘူး။ အခု အခ်ိန္ထိ အေလာင္းကယူလုိ႔မရေသးဘူးေပါ့။ အေလာင္းယူဖုိ႔လည္း ကြ်န္ေတာ္တို႔ ၾကိဳးစားေနတယ္။ အေလာင္းကမရေသးေတာ့ အတိအက်ေျပာလို႔မရေသးဘူး။ ဒဏ္ရာရတဲ့သူက ၅ ေယာက္ ရွိတယ္” ဟု CDF- Thantlang မွေျပာေရးဆုိခြင့္ရွိ သူက ေျပာသည္။

ယမန္ေန႔က ထန္တလန္ျမိဳ႕တြင္း တုိက္ပြဲျဖစ္ပြားမႈမွာ မည္ကဲ့သုိ႔ စတင္ျဖစ္ပြားခဲ့သည္ကုိမူ အတိက်ေျပာဆို၍ မရေသးေၾကာင္း စစ္ေကာင္စီတပ္ဖြဲ႔ဝင္ဖက္က ေသဆုံးမႈရွိမရွိကိုလည္းအတည္ျပဳ၍ မရေသးေၾကာင္း ၎ကဆက္ေျပာသည္။

အဆိုပါျမိဳ႕တြင္းတုိက္ပြဲျဖစ္ပြားမႈေနာက္ပုိင္း ျမိဳ႕တြင္း ဇုံမႊန္ရပ္ကြက္မွ လူေနအိမ္ ၁၈ အိမ္ႏွင့္ ညေန ၆နာရီ ေနာက္ပုိင္းတြင္လည္း ဘုရားေက်ာင္းရပ္ကြက္က ၅ အိမ္ထပ္မံမီးေလာင္ကြ်မ္းခဲ့ျပီး လက္ရွိ အခ်ိန္ထိ စစ္ေကာင္စီတပ္မ်ား၏ ရႈိ႕မီးေၾကာင့္ ဘုရားေက်ာင္း ၅ ေက်ာင္းအပါအ၀င္ လူေနအိမ္စုစုေပါင္း ၅၀၀ ေက်ာ္ မီးေလာင္ကြ်မ္းသြားျပီျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားသွားရာလမ်း၌ ကွယ်လွန်ခဲ့သူ Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး ကလေးမြို့သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

ချင်းပြည်နယ်တွင် စစ်အစိုးရလက်အောက်ခံအခြေခံကျောင်းများဖွင့်လှစ်၊ ကျောင်းတက်ရောက်သူ လူဦးရေ နှစ်သောင်းကျော်ရှိဟု ဆို

မင်းတပ်နှင့် ကန်ပက်လက်ကို စစ်တပ်က အင်အား ၂၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေဟု CPU ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.