• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ထီးလင်းမြို့နယ်တိုက်ပွဲတွင် YDF-ထီးလင်းမှ ၁၃ ဦးနှင့် CDF-မင်းတပ်မှ ၁ ဦး ကျဆုံး၊ အရပ်သားပြည်သူ ၅ ဦးကို စစ်ကောင်စီက သတ်ဖြတ်

ထီးလင်းမြို့နယ်တိုက်ပွဲတွင် YDF-ထီးလင်းမှ ၁၃ ဦးနှင့် CDF-မင်းတပ်မှ ၁ ဦး ကျဆုံး၊ အရပ်သားပြည်သူ ၅ ဦးကို စစ်ကောင်စီက သတ်ဖြတ်

0
By Editor on November 19, 2021 Headline

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာအနီးတွင် နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီနှင့် Yaw Defense Force (YDF-ထီးလင်း)၊ Chinland Defense Force (CDF-မင်းတပ်) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ YDF (ထီးလင်း) မှ ရဲဘော် ၁၃ ဦး၊ CDF (မင်းတပ်) မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်ဟု YDF က ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်လည်း သေဆုံးခဲ့ပြီး YDF (ထီးလင်း) မှ ၂ဦး၊ CDF (မင်းတပ်) မှ ၁ ဦး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ဘေးရှောင်အရပ်သား ၃ ဦးနှင့် နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်ဘေးရှောင်ရွာသား ၂ ဦး စုစုပေါင်း ၅ ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု YDF က ထုတ်ပြန်ထားသည်။

ယနေ့နိုဝင်ဘာလ ၁၉ ရက်နေ့တွင်လည်း ဆောမြို့နယ် ကျိန်ချောင်း နှင့်တောမ ရွာတို့တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရဟတ်ယာဉ်နှစ်စီးအသုံးပြုကာ ဝေဟင်မှပစ်ကူတိုက်ခိုက်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)၊ PDF-ဆော၊ CDF- မင်းတပ်/ကန်ပက်လက်ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်ခုခံတိုက်ကာ တိုက်ပွဲများပြင်းထန်လျှက်ရှိကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.