Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နယူးဒေလီမြို့က အဆင့်မြင့်တက္ကသိုလ် ၁၀ ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူလက်မှတ်ရေးထိုးပြီး တက်ရောက်ချင်သော မြန်မာကျောင်းသားများကို ကူညီပေးမည်ဟု CSU ပြော

နယူးဒေလီမြို့က အဆင့်မြင့်တက္ကသိုလ် ၁၀ ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူလက်မှတ်ရေးထိုးပြီး တက်ရောက်ချင်သော မြန်မာကျောင်းသားများကို ကူညီပေးမည်ဟု CSU ပြော

0
By Editor on May 6, 2025 Khonumthung

(004SS)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က အဆင့်မြင့်တက္ကသိုလ် ၁၀ ခုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အောင် မြင် စွာလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး၊ တက်ရောက်လိုသော ကျောင်းသူ၊ကျောင်းသားများကိုလည်း ကူညီပေးသွားမည်ဟု Chin Students Union-Delhi က ထုတ်ပြန်သည်။

CSU နှင့် ပူးပေါင်းသည့် ကျောင်းများမှာ နယူးဒေလီမြို့က အကောင်းဆုံး Top Ten စာရင်းဝင်သော အဆင့်မြင့်တက္ကသိုလ် များဖြစ်ပြီး မြန်မာနိုင်ငံမှ ၁၀ တန်းအောင်မြင်ပြီးမြောက်သူများ လျှောက်ထားနိုင်ပြီး ယင်းအတွက် ကူညီဆောင်ရွက်ပေး နိုင် သည်ဟုဆိုသည်။

မြန်မာနိုင်ငံ‌မှာ နိုင်ငံရေးအခြေအနေ ပိုမိုဆိုးရွားလာခြင်းကြောင့် ပညာဆက်လက်သင်ကြားခွင့်မရသည့် လူငယ်များ၊ ကမ္ဘာ့ အဆင်‌မီ ပညာသင်ယူနိုင်ရန် ရည်ရွယ်ချက်ဖြင့် တတ်နိုင်သည့်ဘက်မှ ယခုကဲ့သို့ ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း CSU-Delhi မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“မြန်မာပြည်ကနေ ၁၀ တန်းအောင်တဲ့ ကျောင်းသားတွေကို ကျွန်တော်တို့ တင်ထားတဲ့ တက္ကသိုလ် ၁၀ ခုထဲက သူတို့ တက်ချင်တဲ့ကျောင်းမှာ ‌Admission သွားလုပ်ပေးလို့ရတယ်။ ကျွန်တော်တို့က Volunteer ပေါ့နော်၊ အဲဒီအတွက် ဘာမှ မရပါဘူး၊ ကျောင်းသားတွေဆီကနေ ဘာအခကြေးငွေမှ မ‌တောင်းဘူး။ ဥပမာ CSU ကျောင်းသား တစ်ယောက် ယောက်က ‌Admission လိုက်သွားတယ်ဆိုရင် အတူတူသွားတဲ့ လမ်းစရိတ်၊ ဗိုက်ဆာရင် ထမင်းကျွေးတာလောက်ပဲရှိတာ။ ကျနော်တို့ မြန်မာပြည်ကလဲ အခြေအနေက တကယ့်ကိုဆိုးဝါးလားတော့ ကျွန်တော်တို့လဲ အတတ်နိုင်ဆုံး ကိုယ့်ပိုက်ဆံကုန်ခံပြီးမှ အဲဒီ University တွေကို သွားရှာကြတာဖြစ်တယ်“ ဟု ၎င်းကပြောသည်။

အဆိုပါတက္ကသိုလ်ကျောင်းများသို့ တက်ရောက်ရန်စိတ်ပါဝင်စားသော မည်သူမဆို ဝင်ခွင့်စာရွက်စာတမ်းများ၊ ပညာ သင် နှစ်နဲ့ သက်ဆိုင်သော ကိစ္စရပ်အားလုံးကို အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးနေပြီးဖြစ်ကြောင်း CSU က အသိပေးဖော်ပြထားသည်။

မိမိသင်ယူလိုသည့် အထူးပြုဘာသာရပ်အလိုက် နေစရိတ်၊ စားစရိတ်၊ ကျောင်းစရိတ်များအတွက် တစ်နှစ်လျင် အမေရိကန် ဒေါ်လာ ၁၅၀၀ မှ ၃၅၀၀ ဝန်းကျင် ကုန်ကျနိုင်သည်ဟုသိရသည်။

နယူးဒေလီမြို့ရှိ အဆင့်မြင့်တက္ကသိုလ်များတွင် တက်ရောက်လိုသူများအနေဖြင့် မြန်မာနိုင်ငံမှ ၁၀ တန်းအောင်လက်မှတ်၊ Transfer Certificate နှင့် Character Certificate များလိုအပ်ပြီး ဒေလီရောက် ဒုက္ခသည်များအတွက် ဒုက္ခသည် ဖြစ်ကြောင်း အသိအမှတ်ပြုကဒ်ပြနိုင်ရမည်ဟု ဆိုသည်။

“Dehli Private University မှာ Top Ten ပါတဲ့ ကျောင်းတွေပဲ ကျွန်တော်တို့ contact လုပ်တာ။ ဒီကျောင်းတွေက ပြီးတယ်ဆိုရင်တော့ global Pathway ကို ကျောင်းကနေပဲ လုပ်ပေးကြတယ်။ တကယ်ထူးချွန်တဲ့ကျောင်းသူ ကျောင်းသာတွေအတွက်ဆိုရင်တော့ သူတို့ CGBA ကိုကြည့်ပြီး သူတို့နိုင်ငံခြားမှာ Master ဆက်တက်ချင်တယ်ဆိုရင်လဲ တက်ခွင့်ရမဲ့ အခွင့်အရေးတွေ ရှိနေပါတယ်။ တစ်ချို့ ကျောင်းသားတွေဆို full scholarship ရတဲ့သူတွေလဲရှိတယ်။ ကျောင်းသားအပေါ် မူတည်တာပေါ့နော်။ ဆိုတော့ ကျမ်းစာကျောင်းကို ဘုရားသခင်အခေါ်မခံရရင် သွားသွားမတက်ပါနဲ့ ဒီမှာ လုံလုံခြုံခြုံနဲ့ UN card ကိုင်ပြီးမှ ကျောင်းတက်လို့ရပါတယ်။” ဟု CSU တာဝန်ရှိသူတစ်ဦးက ပြောသည်။

Chin Student Union-Dehli သည် ၁၉၉၅ ခုနှစ်တွင် နယူးဒေလီရောက် ချင်းတက္ကသိုလ်ကျောင်းသားများက ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်ပြီး UNHCR ၏ အသိအမှတ်ပြုခံရသော အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ လက်ရှိတွင် CSU အဖွဲ့ဝင်ထဲက ကျောင်းသားများသည် နယူးဒေလီမြို့ရှိ အဆင့်မြင့် တက္ကသိုလ် ၅ ခုတွင် တက်ရောက်လျှက်ရှိကြောင်းသိရသည်။

အသေးစိတ်ကို CSU page မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ 👇👇👇
https://www.facebook.com/profile.php?id=100088632936908

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.