Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နယူးဒေလီရောက် မြန်မာဒုက္ခသည်များ တတိယနိုင်ငံထွက်ခွာရန် အိန္ဒိယပြည်ထဲရေးက ရူပီး ၅ သိန်း တောင်းခံမှုကြောင့် အကျပ်အတည်းကြုံနေကြ

နယူးဒေလီရောက် မြန်မာဒုက္ခသည်များ တတိယနိုင်ငံထွက်ခွာရန် အိန္ဒိယပြည်ထဲရေးက ရူပီး ၅ သိန်း တောင်းခံမှုကြောင့် အကျပ်အတည်းကြုံနေကြ

0
By Editor on November 25, 2025 Headline

(004SS)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိနေကြသော မြန်မာဒုက္ခသည်များသည် တတိယနိုင်ငံသို့ ထွက်ခွါခွင့် ဗီဇာရရှိပြီးနောက် Exit Permit အတွက် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန (Home Affairs) မှ လူတစ်ဦးလျှင် အိန္ဒိယရူပီး (၅) သိန်း တောင်းခံခြင်းကြောင့် ကြီးမားသော စိန်ခေါ်မှုနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရင်မဟာမင်းကြီးရုံး(UNHCR) ကတဆင့် တတိယနိုင်ငံ ထွက်ခွါခွင့်ဗီဇာရပြီးသား အသက် ၁၈ နှစ်နဲ့ အထက်လူတစ်ဦးမှာ ရူပီးငွေ ၅ သိန်းနှင့် အသက် ၁၈ နှစ်အောက်လူတစ်ဦးမှာ ရူပီးငွေ ၃ သိန်းအထိပေးဆောင် ရန် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက တောင်းခံနေခြင်းဖြစ်သည်။

ယခင်က ဒုက္ခသည်များသည် သတ်မှတ်ကာလထက် ကျော်လွန်နေထိုင်မှု (Overstay) အတွက်သာ ဒဏ်ကြေးပေး ဆောင်ရသော်လည်း ယခုအခါတွင် “Illegal Boarding Pass”လျော်ကြေးအဖြစ် တစ်ဦးလျှင် ရူပီး တစ်သိန်းမှ ၁၀ သိန်း အထိ တောင်းခံနိုင်သည့် ယခင်ရှိနှင့်ပြီးသား ဥပဒေကို ယခု ၂၀၂၅ ခုနှစ် စက်တင်ဘာလ မှ စတင်ကာ ပြန်လည်အသက် ဝင်စေခြင်းဖြစ်သည်ဟု ချင်းဒုက္ခသည်များကော်မတီ CRC အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အထူးသဖြင့် ဒေလီရောက် မြန်မာနိုင်ငံသားတွေက သူတို့နိုင်ငံထဲကို တရားမဝင်တဲ့နည်းနဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်ရောက်လာတယ် ဆိုပြီးတော့ လူတစ်ယောက်ရူပီ ၅ သိန်းတောင်းတာဖြစ်တယ်။ India Home Affairs ကနေ တရားဝင်တောင်းတာ ဖြစ်တယ်။ အာဖ္ဖဂန်တို့၊ ဆူမာလီတို့၊ ဆီးရီးယားတို့ဆိုရင် သူတို့က လေယာဉ်နဲ့ နိုင်ငံကူးလက် မှတ်နဲ့ လာကြတာပေါ့။ ဘာလို့ ၅ သိန်းတောင်းတာလဲ ဆိုတော့ သူတို့က ကျွန်တော်တို့ကို refugees လို့သဘောမထား ဘဲ နိုင်ငံခြားသားလို့ သဘောထားပြီးတော့ foreign case နဲ့ အရေးယူတဲ့သဘောသက်ရောက်သွားတာပေါ့နော်။” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ငွေကြေးတောင်းခံမှုများကြောင့် တတိယနိုင်ငံ ထွက်ခွါမည့် ချင်းဒုက္ခသည်အချို့မှာ ငွေကြေးပေးဆောင်ရန် မရှိခြင်းကြောင့် တတိယ နိုင်ငံသို့ ထွက်ခွါနိုင်ရန်အခက်ကြုံနေကြရသည်။ အချို့မှာ သတ်မှတ်ငွေကြေးပေးဆောင်ကာ ထွက်ခွါနေသူများလည်း ရှိနေပြီဟု သိရသည်။

နယူးဒေလီရောက် ကလေးနှစ်ဦးမိခင် ချင်းအမျိုးသမီးတစ်ဦးက “ဘာမှမရှိလို့ ဒီလောက်ငွေကြေးပမာဏ ပေးရမယ်ဆို တော့ မတတ်နိုင်ဘူးပါ့။ သူတို့ကမိသားစု ၅ ယောက်။ အဖေကြီးက အသက် ၈၀ ကျော်ပြီ၊ ဩစတီးလျသွားဖို့ကို exit permit အတွက် တစ်ယောက် ရူပီ ၅ သိန်းပေးရမယ်ဆိုတော့ သူတို့မိသားစုအတွက် ရူပီး ၂၅ သိန်းလေ၊ အဲဒီပမာဏ ဆိုတာ အတော်ကိုများတာကိုး။ အဲလိုနဲ့ မတတ်နိုင်လို့ ၂ လလောက်လား သူတို့စောင့်တာ။ ဒီမှာ နေတော့လဲ ဘာထူး မှာလဲ။ ဘာဖြစ်ဖြစ် နိုင်ငံခြားရောက်ပြီးမှ ပြန်ဆပ်လို့ရမယ် ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ နိုင်ငံခြားဘက်ကနေ အဆင်ပြေသလို စီစဉ်ပြီးတော့ ငွေပေးချေလိုက်ကြပြီ။ ဒီဇင်ဘာလထဲ သွားမယ်လို့ သိရပါတယ်။ ဒီလိုသာဆက် ဖြစ်နေရင်တော့ မလွယ်ဘူး။” ဟု ပြောသည်။

လက်ရှိတွင် နိုဝင်ဘာလ နှင့် ဒီဇင်ဘာလများအတွင်း ဩစတြေးလျသို့ ထွက်ခွာမည့် ချင်းဒုက္ခသည် မိသားစု ၄ စု၊ ၅ စုခန့်ရှိနေပြီး အိန္ဒိယ ပြည်ထဲရေးဌာန၏ တောင်းဆိုချက်ကို တတိယနိုင်ငံသို့ ရောက်ရှိပြီးသည့်အခါ အကြွေးပြန်ဆပ် နိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် ငွေကြေးပေးချေကာ အမြန်ဆုံး ထွက်ခွာရန် ကြိုးပမ်းနေကြသည်ဟုသိရသည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနမှ တတိယနိုင်ငံ ထွက်ခွာမည့် မြန်မာဒုက္ခသည်များအား လူတစ်ဦးလျှင် ရူပီး (၅) သိန်း သတ်မှတ်ကောက်ခံခြင်းကိစ္စနှင့် ပတ်သက်၍ ချင်းဒုက္ခသည်ကော်မတီ (CRC) က အဖြေရှာ ဖြေရှင်းရမည့်နည်းလမ်း ရှာဖွေသွားမည်ဟု CRC ဥက္ကဌကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.