• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းကဏ္ဍများအတွက်အသုံးပြုရန် အိန္ဒိယက တစ်နှစ်လျင် ကန်ဒေါ်လာ (၅) သန်းထောက်ပံ့မည်
Photo - Hakha IPRD

ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းကဏ္ဍများအတွက်အသုံးပြုရန် အိန္ဒိယက တစ်နှစ်လျင် ကန်ဒေါ်လာ (၅) သန်းထောက်ပံ့မည်

0
By Editor on November 21, 2018 Headline

By လားနွန် – ချင်းပြည်နယ်၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရန် အိန္ဒိယအစိုးရက တစ်နှစ်ကို အမေရိကန်ဒေါ်လာ (၅) သန်း ကူညီထောက်ပံ့မည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Vickram Misri နှင့် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Dr. Kumar Praveen တို့သည့် နိုဝင်ဘာလ (၂၀) ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ရောက်ရှိလာပြီး ယနေ့မနက်က ချင်းပြည်နယ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အချိန်တွင် ချင်းပြည်နယ်၏ ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်များတွင် အသုံးပြုနိုင်ရန် တစ်နှစ်လျင် အမေရိကန်ဒေါ်လာ (၅) သန်းကို သုံးနှစ်ဆက်တိုက် ကူညီထောက်ပံ့မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကျွန်တော်တို့လိုချင်တဲ့ လမ်းတွေကိုအဆင့်မြှင့်ဖို့၊ ပညာရေးနဲ့ ကျန်းမာရေးမှာ ကူညီပေးဖို့၊ ပညာရေးကျောင်းတွေကိုဆောက်ဖို့၊ နောက်ပြီးတော့ ပညာရေးနဲ့ ကျန်းမာရေးနဲ့ဆိုင်တာ အဓိက ကတော့ သူတို့ကတော့ ဒီအလုပ်အကိုင်အခွင့်အလမ်းအတွက်ကို ကျောင်းတွေကိုကူညီပေးနိုင်တယ်၊ သုံးနှစ်ဆက်တိုက်ပေးဖို့ သူတို့စီစဉ်ထားတယ် အဲဒီအတွက်ကို ဒီကလိုအပ်တဲ့နေရာတွေကိုပြောပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ကူညီပေးမယ်” ဟု ပြောသည်။

ထို့အပြင် ချင်းပြည်နယ်၏ နယ်စပ်ဂိတ်များဖြစ်သည့် ရိဒ်ခေါဒါရ်နှင့် ကျီခါး  နယ်စပ်ကုန်သွယ်ရေး စခန်းများမှတဆင့် ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုအရှိန်ကောင်းလာရန်နှင့် ပလက်ဝမြို့မှ ရေနက်ဆိပ်ကမ်းကိုလည်း နှစ်နှစ်ခွဲအတွင်း အပြီးဆောင်ရွက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း အိန္ဒိယသံအမတ်က ပြောဆိုခဲ့ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.