• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက္ဝျမဳိ႕တြင္ ကုိဗစ္လူနာအသစ္(၃)ဦးထပ္မံေတြ႔ရွိျပီး စုစုေပါင္း (၈)ဦးအထိရွိလာ

ပလက္ဝျမဳိ႕တြင္ ကုိဗစ္လူနာအသစ္(၃)ဦးထပ္မံေတြ႔ရွိျပီး စုစုေပါင္း (၈)ဦးအထိရွိလာ

0
By Editor on November 30, 2020 Headline

#Unicode

နှင်းနှင်း – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင်ကွာရန်တင်းဝင်နေသူ(၃)ဦးထံတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိ သောကြောင့် စုစုပေါင်းကိုဗစ်လူနာ(၈)ဦးထိရှိသွားပြီဖြစ်ကြောင်း ပလက်ဝမြို့နယ်၊ကျန်းမာရေးဦးစီး ဌာနမှ ဒေါက်တာ စိုးသက်ဝင်းကပြောသည်။

“သူတို့က ရခိုင်ပြည်နယ်ဖက်ကပြန်လာတယ်ဆိုတော့ ကွာရန်တင်းထားလိုက်တာ (၃) ရက်မြောက်နေ့ မှာ ညွှန်ကြားတဲ့အတိုင်းစစ်လိုက်တာမနေ့က (၂၉) ရက်နေ့မှာတွေ့တာပါ။ ပလက်ဝမှာကစုစုပေါင်း (၈) ယောက်ရှိသွားပြီ၊နိုဝင်ဘာ (၁၉) ရက်နေ့ကတွေ့တဲ့ကိုဗစ်လူနာ (၄) ယောက်ကတော့ဒီနေ့ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီခုဆေးရုံမှာ (၄) ယောက်ပဲကျန်တာပေါ့ ” ဟု ဒေါက်တာ စိုးသက်ဝင်းကပြောသည်။

အဆိုပါပိုးတွေ့လူနာအသစ် (၃) ဦးမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဓနိတောင်ကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး နိုဝင်ဘာ (၂၆) ရက်နေ့တွင်လည်း ကျောက်တော်ဖက်မှ ဝင်လာသောသူ တစ်ဦးထံတွင်လည်း ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့သည်ဟုသိရသည်။

ပလက်ဝမြို့တွင် ပိုးတွေ့လူနာများနှင့်ကွာရန်တင်းဝင်သူများသည် မိမိနေရပ်ကိုပြန်လာသူများဖြစ်ကြပြီး အများစုမှာရခိုင်ပြည်နယ်၊ ကျောက် တော်၊ စစ်တွေမြို့နှင့် ရန်ကုန်မြို့မှပြန်လာသူများ ဖြစ်ကြသည်ဟု သိရသည်။

ပလက်ဝမြို့နယ်ပြည်သူ့ဆေးရုံ၏ နိုက်တင်ဂေးလ်ခန်းမအဆောင်တွင်ကုသမှုခံယူနေကြသောကိုဗစ်အ တည်ပြုလူနာ (၄) ဦးသည် ကျန်းမာရေးကောင်းမွန်သောကြောင့်ယနေ့မနက်ပိုင်းအချိန်တွင်ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပလက်ဝမြို့နယ်၊ကျန်းမာရေးဦးစီးဌာနမှဒေါက်တာစိုးသက်ဝင်းထံ တွင်သိရှိရသည်။

ပလက်ဝမြို့တွင် ကိုဗစ်ပိုးတွေ့ရှိမှုတိုးများလာသောကြောင့် ကွာရန်တင်းစင်တာများနှင့်ကွာရန်တင်း ဝင်နေသူများအတွက်နေထိုင်၊ စားသောက်ရေးအပိုင်းတွင်အခက်အခဲရှိလာနိုင်သည့်အပြင်ပြည်သူများအနေဖြင့်ကျန်းမာရေးဌာနမှထုတ်ပြန်ချက်များကိုလိုက်နာရန်နှင့်မည်သည့်ဒေသမှပြန်လာသည်ဖြစ် စေကျန်းမာရေးဌာနကိုသတင်းပေးပို့ကြရန်လိုအပ်သည်ဟု ဆက်ပြောသည်။

လက်ရှိပလက်ဝမြို့ပြည်သူ့ဆေးရုံတွင်ကိုဗစ်ပိုးတွေ့လူနာ (၄) ဦးသည် ဆေးကုသမှုခံယူနေပြီး ကွာရန်တင်းဝင်နေသူ (၃၇) ဦးရှိသည်ဟု သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူအမြောက်အများ ခိုလုံကြရသည့် ပလက်ဝ မြို့ပေါ်တွင် ယခုကဲ့သို့ ကိုဗစ်-၁၉ ပိုးတွေ့လူနာတိုးလာနေသည့်အတွက် ကိုဗစ်ကာကွယ်ရေးအသုံးအဆောင် လိုအပ်ချ က်မြင့်မားနေသောစစ်ဘေးရှောင်ပြည်သူများအတွင်း ကိုဗစ်ပိုးကူးစက်လာမည်ကို စိုးရိမ်နေကြရကြောင်း သိရသည်။

#Zawgyi

ခ်င္းျပည္နယ္ေတာင္ပုိင္း၊ ပလက္ဝျမဳိ႕တြင္ကြာရန္တင္းဝင္ေနသူ (၃) ဦးထံတြင္ ကုိဗစ္ပုိးထပ္မံေတြ႔ရွိ ေသာေၾကာင့္ စုစုေပါင္းကိုဗစ္လူနာ (၈) ဦးထိရွိသြားျပီျဖစ္ေၾကာင္း ပလက္ဝျမဳိ႕နယ္၊က်န္းမာေရးဦးစီး ဌာနမွ ေဒါက္တာ စုိးသက္ဝင္းကေျပာသည္။

“သူတုိ႔က ရခုိင္ျပည္နယ္ဖက္ကျပန္လာတယ္ဆုိေတာ့ ကြာရန္တင္းထားလုိက္တာ (၃) ရက္ေျမာက္ေန႔ မွာ ညႊန္ၾကားတဲ့အတုိင္းစစ္လုိက္တာမေန႔က (၂၉) ရက္ေန႔မွာေတြ႔တာပါ။ ပလက္ဝမွာကစုစုေပါင္း (၈) ေယာက္ရွိသြားျပီ၊ႏုိဝင္ဘာ(၁၉)ရက္ေန႔ကေတြ႔တဲ့ကုိဗစ္လူနာ (၄)ေယာက္ကေတာ့ဒီေန႔ေဆးရုံကေန ဆင္းခြင့္ျပဳလုိက္ျပီခုေဆးရုံမွာ (၄)ေယာက္ပဲက်န္တာေပါ့ ” ဟု ေဒါက္တာ စုိးသက္ဝင္းကေျပာသည္။

အဆုိပါပုိးေတြ႔လူနာအသစ္ (၃) ဦးမွာ ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ျမဳိ႕နယ္၊ ဓနိေတာင္ေက်းရြာတြင္ ေနထုိင္သူမ်ားျဖစ္ၿပီး ႏုိဝင္ဘာ (၂၆) ရက္ေန႔တြင္လည္း ေက်ာက္ေတာ္ဖက္မွ ဝင္လာေသာသူ တစ္ဦးထံတြင္လည္း ကိုဗစ္ပုိးထပ္မံေတြ႔ရွိခဲ့သည္ဟုသိရသည္။

ပလက္ဝျမဳိ႕တြင္ ပုိးေတြ႔လူနာမ်ားႏွင့္ကြာရန္တင္းဝင္သူမ်ားသည္ မိမိေနရပ္ကုိျပန္လာသူမ်ားျဖစ္ၾကျပီး အမ်ားစုမွာရခုိင္ျပည္နယ္၊ ေက်ာက္ ေတာ္၊ စစ္ေတြျမဳိ႕ႏွင့္ ရန္ကုန္ျမဳိ႕မွျပန္လာသူမ်ား ျဖစ္ၾကသည္ဟု သိရသည္။

ပလက္ဝျမဳိ႕နယ္ျပည္သူ႔ေဆးရုံ၏ ႏုိက္တင္ေဂးလ္ခန္းမအေဆာင္တြင္ကုသမႈခံယူေနၾကေသာကုိဗစ္အ တည္ျပဳလူနာ (၄) ဦးသည္ က်န္းမာေရးေကာင္းမြန္ေသာေၾကာင့္ယေန႔မနက္ပုိင္းအခ်ိန္တြင္ေဆးရုံမွ ဆင္းခြင့္ျပဳလုိက္ျပီျဖစ္ေၾကာင္း ပလက္ဝျမဳိ႕နယ္၊က်န္းမာေရးဦးစီးဌာနမွေဒါက္တာစုိးသက္ဝင္းထံ တြင္သိရွိရသည္။   

ပလက္ဝျမဳိ႕တြင္ ကုိဗစ္ပုိးေတြ႔ရွိမႈတုိးမ်ားလာေသာေၾကာင့္ ကြာရန္တင္းစင္တာမ်ားႏွင့္ကြာရန္တင္း ဝင္ေနသူမ်ားအတြက္ေနထုိင္၊စားေသာက္ေရးအပုိင္းတြင္အခက္အခဲရွိလာႏုိင္သည့္အျပင္ျပည္သူမ်ားအေနျဖင့္က်န္းမာေရးဌာနမွထုတ္ျပန္ခ်က္မ်ားကုိလုိက္နာရန္ႏွင့္မည္သည့္ေဒသမွျပန္လာသည္ျဖစ္ ေစက်န္းမာေရးဌာနကိုသတင္းေပးပို႔ၾကရန္လုိအပ္သည္ဟု ဆက္ေျပာသည္။

လက္ရွိပလက္ဝျမဳိ႕ျပည္သူ႔ေဆးရုံတြင္ကုိဗစ္ပုိးေတြ႔လူနာ (၄) ဦးသည္ ေဆးကုသမႈခံယူေနျပီး ကြာရန္တင္းဝင္ေနသူ (၃၇) ဦးရွိသည္ဟု သိရသည္။ 

တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္ျပည္သူအေျမာက္အမ်ား ခိုလံုၾကရသည့္  ပလက္၀ ၿမိဳ႕ေပၚတြင္ ယခုကဲ့သို႔ ကိုဗစ္-၁၉ ပိုးေတြ႕လူနာတိုးလာေနသည့္အတြက္ ကိုဗစ္ကာကြယ္ေရးအသံုးအေဆာင္ လိုအပ္ခ် က္ျမင့္မားေနေသာစစ္ေဘးေရွာင္ျပည္သူမ်ားအတြင္း ကိုဗစ္ပိုးကူးစက္လာမည္ကို စိုးရိမ္ေနၾကရေၾကာင္း သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.