• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက္ဝၿမိဳ႕နယ္တြင္ ဆန္ေထာက္ပံ့မႈရွိေနေသာ္လည္း အခက္အခဲဆက္လက္ၾကဳံေနရ

ပလက္ဝၿမိဳ႕နယ္တြင္ ဆန္ေထာက္ပံ့မႈရွိေနေသာ္လည္း အခက္အခဲဆက္လက္ၾကဳံေနရ

0
By Editor on October 30, 2020 Headline

#Unicode

By Benezer – ချင်းပြည်နယ် ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အစိုးရနှင့် ကမ႓ာ့စားနပ်ရိက္ခာအစီစဉ် (WFP) တို့မှ ဆန်ထောက်ပံ့မှုများရှိနေသော်လည်း အကန့်အသတ်ဖြစ်သာရရှိသဖြင့် အခက်အခဲဆက်လက်ကြုံနေရကြောင်း စစ်ဘေးရှောင်ပြည်သူများအား အကူအညီပေးနေသူများထံမှ သိရသည်။

“လက်ရှိအခြေအနေကတော့ ဆန်ခက်ခဲတာပေါ့၊ လက်ရှိကတော့ အစိုးရကနေပြီးတော့ ၁၄ ရက်နေမှာပေးထားတဲ့ ဆန် ၁၀ ရက်စာလောက်တော့ ပေးထားတယ်၊ အဲဒီအပြင် WFP ကနေပြီးတော့ ၁၉ ရက်နေ့မှာ ၄ ရက်စာထပ်ပေးတယ်၊ အဲဒီတော့ သူတို့ရဲ့ ရိက္ခာဖူလှုံမှုက ၂၈ ရက်နေ့ထိတော့လုံလောက်တယ်၊ ခုတော့ကုန်နေပြီ၊ WFP ကနေပေးထားတဲ့ ၃သောင်းစီက ပိုက်ဆံတော့ရှိတယ်၊ ဒါပေမယ့် ပလက်ဝမြို့ပေါ်မှာ ဆန်က အများကြီးမရှိဘူး၊ အဲဒီတော့ လောလောဆယ် ဆန်အခက်အခဲရှိနေတယ်” ဟု စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ပေးနေသူတစ်ဉီးကပြောသည်။

ပလက်ဝမြို့စစ်ဘေးရှောင်စန်းတွင်ရောက်ရှိနေကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် WFP မှ ဆန်အစား ဒုက္ခသည်တစ်ဉီးကို ကျပ်ငွေ ၃ သောင်းစီလှူဒါန်း ပေးထားသော်လည်း ပလက်ဝမြို့ပေါ်တွင် ဆန်တစ်အိတ် ၇ သောင်းခွဲအထိ ဈေးရှိနေသည့်အပြင် ဝယ်ယူရန်လည်း လုံလုံလောက်လောက်မရှိသဖြင့် အခက်အခဲရှိနေကြောင်းသိရသည်။

“အခုလက်ရှိမှာတော့ ဆန်ထောက်ပံပေးထားတာအချို့ရှိတယ်၊ WFP ကနေ တစ်ယောက်ကို သုံးသောင်းစီပေးပေမယ့်၊ ဒီမှာက ဝယ်စရာမရှိဘူးလေ၊ အစိုးရကနေပြီးတော့ ဒီရက်ပိုင်းအတွင်းမှာ ကားငါးစီးနဲ့ ဆန်သယ်ဖို့ရှိတယ်လို့တော့ ကြားရတယ်၊ အတိအကျတော့မသိသေးဘူး၊ ပြီးတော့ နေရေးထိုင်ရေးပိုင်းမှာ တဲတွေက ကျဉ်းကျဉ်းလေးဆိုတော့ မိသားစုများတဲ့သူတွေဆိုအဆင်မပြေဘူး၊ ပြီးရင် တာလပတ်နဲ့ဘဲ ကားထားတာဆိုတော့ နောက်ပိုင်းအခက်အခဲရှိလာနိုင်တယ်”ဟု ပလက်ဝချင်းအမျိုးသမီးအဖွဲ့မှ ဆရာမ အောင်မဖြူကပြောသည်။

ပလက်ဝမြို့နယ်တွင် မြန့်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ စစ်ဖြစ်ပွားနေမှုကြောင့် လမ်းကြောင်းများ ပိတ်ဆို့ထားမှုကြောင့် ကုန်အဝင်အထွက်လည်းမရှိဘဲ လက်ရှိတွင် ဆန်အပြင် တစ်ခြား စားနပ်ရိက္ခာများလည်း ပြတ်လတ်နေကြောင်း သိရသည်။

ယခုလက်ရှိ ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်အိမ်ထောင်စုပေါင်း (၁၀၇၂) စု၊ လူဦးရေ (၄၈၉၁) ဦးရှိသည်ဟု သိရသည်။

#Zawgyi

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ေပၚရွိ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ အစိုးရႏွင့္ ကမ႓ာ့စားနပ္ရိကၡာအစီစဥ္(WFP) တို႔မွ ဆန္ ေထာက္ပံ့မႈမ်ားရွိေနေသာ္လည္း အကန႔္အသတ္ျဖစ္သာရရွိသျဖင့္ အခက္အခဲဆက္လက္ၾကဳံေနရေၾကာင္း စစ္ေဘး ေရွာင္ျပည္သူမ်ားအား အကူအညီေပးေနသူမ်ားထံမွ သိရသည္။

“လက္ရွိအေျခအေနကေတာ့ ဆန္ခက္ခဲတာေပါ့၊ လက္ရွိကေတာ့ အစိုးရကေနၿပီးေတာ့ ၁၄ ရက္ေနမွာေပးထားတဲ့ ဆန္ ၁၀ ရက္စာေလာက္ေတာ့ ေပးထားတယ္၊ အဲဒီအျပင္ WFP ကေနၿပီးေတာ့ ၁၉ ရက္ေန႔မွာ ၄ ရက္စာထပ္ေပးတယ္၊ အဲဒီေတာ့ သူတို႔ရဲ့ ရိကၡာဖူလႈံမႈက ၂၈ ရက္ေန႔ထိေတာ့လုံေလာက္တယ္၊ ခုေတာ့ကုန္ေနၿပီ၊ WFP ကေနေပးထားတဲ့  ၃ေသာင္းစီက ပိုက္ဆံေတာ့ရွိတယ္၊ ဒါေပမယ့္ ပလက္ဝၿမိဳ႕ေပၚမွာ ဆန္ကအမ်ားႀကီးမရွိဘူး၊ အဲဒီေတာ့ ေလာေလာဆယ္ ဆန္အခက္အခဲရွိေနတယ္” ဟု စစ္ေဘးေရွာင္မ်ားအား ကူညီေထာက္ပံ့ေပးေနသူ တစ္ဉီးကေျပာသည္။ 

ပလက္ဝၿမိဳ႕စစ္ေဘးေရွာင္စန္းတြင္ေရာက္ရွိေနၾကသည့္ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ WFP မွ ဆန္အစား ဒုကၡသည္တစ္ဉီးကို က်ပ္ေငြ  ၃ ေသာင္းစီလႉဒါန္း ေပးထားေသာ္လည္း ပလက္ဝၿမိဳ႕ေပၚတြင္ ဆန္တစ္အိတ္ ၇ ေသာင္းခြဲအထိ ေဈးရွိေနသည့္အျပင္ ဝယ္ယူရန္လည္း လုံလုံေလာက္ေလာက္မရွိသျဖင့္ အခက္အခဲရွိေနေၾကာင္းသိရသည္။ 

“အခုလက္ရွိမွာေတာ့ ဆန္ေထာက္ပံေပးထားတာအခ်ိဳ႕ရွိတယ္၊ WFP ကေန တစ္ေယာက္ကို သုံးေသာင္းစီေပးေပမယ့္၊ ဒီမွာက ဝယ္စရာမရွိဘူးေလ၊ အစိုးရကေနၿပီးေတာ့ ဒီရက္ပိုင္းအတြင္းမွာ ကားငါးစီးနဲ႔ ဆန္သယ္ဖို႔ရွိတယ္လို႔ေတာ့ ၾကားရတယ္၊ အတိအက်ေတာ့မသိေသးဘူး၊ ၿပီးေတာ့ ေနေရးထိုင္ေရးပိုင္းမွာ တဲေတြက က်ဥ္းက်ဥ္းေလးဆိုေတာ့ မိသားစုမ်ားတဲ့သူေတြဆိုအဆင္မေျပဘူး၊ ၿပီးရင္ တာလပတ္နဲ႔ဘဲ ကားထားတာဆိုေတာ့ ေနာက္ပိုင္းအခက္အခဲရွိလာနိုင္တယ္”ဟု ပလက္ဝခ်င္းအမ်ိဳးသမီးအဖြဲ႕မွ ဆရာမ ေအာင္မျဖဴကေျပာသည္။ 

ပလက္ဝၿမိဳ႕နယ္တြင္ ျမန႔္မာတပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္ (AA) တို႔ စစ္ျဖစ္ပြားေနမႈေၾကာင့္ လမ္းေၾကာင္းမ်ား ပိတ္ဆို႔ထားမႈေၾကာင့္ ကုန္အဝင္အထြက္လည္းမရွိဘဲ လက္ရွိတြင္ ဆန္အျပင္ တစ္ျခား စားနပ္ရိကၡာမ်ားလည္း ျပတ္လတ္ေနေၾကာင္း သိရသည္။

ယခုလက္ရွိ ပလက္၀ၿမိဳ႕ေပၚရွိ စစ္ေဘးေရွာင္စခန္းတြင္ စစ္ေဘးေရွာင္အိမ္ေထာင္စုေပါင္း (၁၀၇၂) စု၊ လူဦးေရ (၄၈၉၁) ဦးရွိသည္ဟု သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.