• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ပလက္၀စစ္ေဘးေရွာင္ျပည္သူမ်ားထံ ရိကၡာဆန္မ်ားျဖန္႔ေ၀

ပလက္၀စစ္ေဘးေရွာင္ျပည္သူမ်ားထံ ရိကၡာဆန္မ်ားျဖန္႔ေ၀

0
By Editor on June 24, 2020 Khonumthung

#Zawgyi

By ႏွင္းႏွင္း – ဆက္သြယ္ေရးလမ္းေၾကာင္းမ်ား ပိတ္ဆို႔ခံထားရသည့္အတြက္ စားနပ္ရိကၡာျပတ္လပ္ေနၾကေသာ ပလက္၀ၿမိဳ႕ေပၚရွိ  စစ္ေဘးေရွာင္ျပည္သူမ်ားႏွင့္ အနီးနားပတ္၀န္းက်င္ေက်းရြာရွိ စစ္ေဘးဒဏ္ခံျပည္သူမ်ားကို ရိကၡာဆန္မ်ား ယမန္ေန႔ကစ၍ စတင္ျဖန္႔ေပးေနၿပီဟု ခ်င္းျပည္နယ္အစိုးရေျပာခြင့္ရပုဂၢိဳလ္စည္ပင္၀န္ႀကီး ဦးစိုးထက္ကေျပာသည္။

“IDP camp (စစ္ေရွာင္စခန္း) မွာ တဲ့သူေတြကုိေတာ့ တပတ္စာ စျဖန္႔တယ္၊ မနက္တစ္ဗူး ညတစ္ဗူး ၁ရက္ကုိ၂ဗူးႏွုန္းနဲ႔ လူဦးေရအခ်ဳိးစားလုိက္ျဖန္႔တယ္၊ ေက်းရြာေတြကိုက်ေတာ့ မိသားစု ၃ စုကုိဆန္တအိတ္ႏႈန္း မိသားစု တစ္စုကုိဆန္ ၈ ျပည္ႏႈန္းနဲ႔ျဖန္႔ေပးေနပါတယ္’’ ဟု ၀န္ႀကီးဦးစိုးထက္ကေျပာသည္။

ယခုျဖန္႔ေ၀သည့္ ဆန္မ်ားသည္ ျပည္ေထာင္စုအစိုးရ၊ ျပည္နယ္အစိုးရ၊ ျပည္တြင္းျပည္ပအလွဴရွင္မ်ားမွ လွဴဒါန္း၍ လံုျခံဳေရးအေျခအေနေၾကာင့္ ဆမီးၿမိဳ႕တြင္ေသာင္တင္ေနေသာ ဆန္မ်ားျဖစ္ၿပီး ၿပီးခဲ့သည့္ဇြန္လ (၂၁) ရက္ေန႔က ျမန္မာ့တပ္မေတာ္ယာဥ္တန္းျဖင့္ ပလက္၀ၿမိဳ႕သို႔ ပို႔ေဆာင္ခဲ့ၾကျခင္းျဖစ္သည္။ စုစုေပါင္း ဆန္အိတ္ (၃၅၂၈) အိတ္ျဖစ္သည္။

ပလက္၀ၿမိဳ႕သည္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) အၾကား စစ္ေရးပဋိပကၡေၾကာင့္ ဆမီးၿမိဳ႕ႏွင့္ ဆက္သြယ္ေသာ ကုန္းလမ္းႏွင့္ ရခိုင္ျပည္နယ္ေက်ာက္ေတာ္ၿမိဳ႕ႏွင့္ ဆက္သြယ္ေသာ ေရလမ္းေၾကာင္း ျပတ္ေတာက္သြားသည့္အတြက္ ၿမိဳ႕ေပၚသို႔ေရာက္ရွိေနၾကေသာ စစ္ေဘးေရွာင္ျပည္သူမ်ားအပါအ၀င္ ၿမိဳ႕ခံျပည္သူမ်ားကိုယ္၌လည္း ရိကၡာျပတ္လတ္မႈဒဏ္ ရင္ဆိုင္ေနၾကျခင္းျဖစ္သည္။

ယခုပလက္၀ၿမိဳ႕သို႔ေရာက္ရွိ ဆန္အိတ္ (၃၅၂၈) အိတ္သည္ ပလက္၀ၿမိဳ႕ေပၚရွိ စစ္ေဘးေရွာင္ျပည္သူမ်ားႏွင့္ အနီးနားပတ္၀န္းက်င္ေက်းရြာ (၃၀) ခန္႔တို႔၏ တစ္လစာအတြက္သာ ဖူလံုႏုိင္မည္ျဖစ္ၿပီး အကူအညီမ်ားဆက္လက္လိုအပ္ ဦးမည္ဟု ၀န္ႀကီးဦးစိုးထက္ကေျပာသည္။

“ပလက္၀တစ္နယ္လံုးအတြက္ဆိုရင္ ဆန္အိတ္က တစ္လကို အနည္းဆံုး ဆန္အိတ္ ၈၀၀၀/ ၁၀၀၀၀ ေလာက္လိုတယ္၊ အခု (၃၅၀၀) ဆိုတာက ပလက္၀မွာရွိတဲ့ ဒုကၡသည္နဲ႔ ပလက္၀အေရွ႕ေနာက္မွာရွိတဲ့ ေက်းရြာေပါင္း (၃၀) စာေလာက္ရဲ့ တစ္လစာေလာက္ဘဲရွိတယ္’’ ဟု ၀န္ႀကီးကေျပာသည္။

မတူပီ-ဆမီး-ပလက္၀အၾကား ကားလမ္းသည္ မိုးတြင္းကာလေရာက္ရွိလာၿပီျဖစ္၍ သယ္ယူပို႔ေဆာင္ေရးပိုင္းတြင္ ခက္ခဲမႈရွိလာပါက ရခိုင္ျပည္နယ္ စစ္ေတြ၊ ေက်ာက္ေတာ္ဘက္မွ ရိကၡာမ်ားပို႔ေဆာင္ႏုိင္ရန္လည္း စီစဥ္ထားသည္ဟု ၎ကဆက္ေျပာသည္။

ယခုလက္ရွိ ပလက္၀ၿမိဳ႕တြင္ ဆန္တအိတ္လွ်င္  ၆ေသာင္းခြဲ ၊ ၇ေသာင္းခန္႔အထိ ျမင့္တက္ေနၿပီး ခ်င္းျပည္နယ္အစိုးရအဖြဲ႔မွ ၿမိဳ႕နယ္အလိုက္ ဆန္အိတ္ (၅၀၀) စီအေရးေပၚခ်ထားသည့္ ဆန္အိတ္မ်ားကို ေဒသခံျပည္သူမ်ား သက္သက္သာသာ၀ယ္ယူႏုိင္ရန္အတြက္ တစ္အိတ္ကို (၃၀၀၀၀) က်ပ္ႏႈန္းျဖင့္ ေရာင္းခ်ေပးရန္လည္း စီစဥ္ထားသည္ဟု ၀န္ႀကီးဦးစိုးထက္ကေျပာသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) အၾကား တုိက္ပြဲျဖစ္ပြားမႈေၾကာင့္ ပလက္၀ၿမိဳ႕ေပၚတြင္ စစ္ေဘးေရွာင္ လူဦးေရ (၅၀၀၀) ေက်ာ္ႏွင့္ ဆမီးၿမိဳ႕တြင္ စစ္ေဘးေရွာင္လူဦးေရ (၃၀၀၀) ခန္႔ တိမ္းေရွာင္လ်က္ရွိၾကသည္။

#Unicode

By နှင်းနှင်း – ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံထားရသည့်အတွက် စားနပ်ရိက္ခာပြတ်လပ်နေကြသော ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများနှင့် အနီးနားပတ်ဝန်းကျင်ကျေးရွာရှိ စစ်ဘေးဒဏ်ခံပြည်သူများကို ရိက္ခာဆန်များ ယမန်နေ့ကစ၍ စတင်ဖြန့်ပေးနေပြီဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“IDP camp (စစ်ရှောင်စခန်း) မှာ တဲ့သူတွေကိုတော့ တပတ်စာ စဖြန့်တယ်၊ မနက်တစ်ဗူး ညတစ်ဗူး ၁ရက်ကို၂ဗူးနှုန်းနဲ့ လူဦးရေအချိုးစားလိုက်ဖြန့်တယ်၊ ကျေးရွာတွေကိုကျတော့ မိသားစု ၃ စုကိုဆန်တအိတ်နှုန်း မိသားစု တစ်စုကိုဆန် ၈ ပြည်နှုန်းနဲ့ဖြန့်ပေးနေပါတယ်’’ ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ယခုဖြန့်ဝေသည့် ဆန်များသည် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ ပြည်တွင်းပြည်ပအလှူရှင်များမှ လှူဒါန်း၍ လုံခြုံရေးအခြေအနေကြောင့် ဆမီးမြို့တွင်သောင်တင်နေသော ဆန်များဖြစ်ပြီး ပြီးခဲ့သည့်ဇွန်လ (၂၁) ရက်နေ့က မြန်မာ့တပ်မတော်ယာဉ်တန်းဖြင့် ပလက်ဝမြို့သို့ ပို့ဆောင်ခဲ့ကြခြင်းဖြစ်သည်။ စုစုပေါင်း ဆန်အိတ် (၃၅၂၈) အိတ်ဖြစ်သည်။

ပလက်ဝမြို့သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား စစ်ရေးပဋိပက္ခကြောင့် ဆမီးမြို့နှင့် ဆက်သွယ်သော ကုန်းလမ်းနှင့် ရခိုင်ပြည်နယ်ကျောက်တော်မြို့နှင့် ဆက်သွယ်သော ရေလမ်းကြောင်း ပြတ်တောက်သွားသည့်အတွက် မြို့ပေါ်သို့ရောက်ရှိနေကြသော စစ်ဘေးရှောင်ပြည်သူများအပါအဝင် မြို့ခံပြည်သူများကိုယ်၌လည်း ရိက္ခာပြတ်လတ်မှုဒဏ် ရင်ဆိုင်နေကြခြင်းဖြစ်သည်။

ယခုပလက်ဝမြို့သို့ရောက်ရှိ ဆန်အိတ် (၃၅၂၈) အိတ်သည် ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများနှင့် အနီးနားပတ်ဝန်းကျင်ကျေးရွာ (၃၀) ခန့်တို့၏ တစ်လစာအတွက်သာ ဖူလုံနိုင်မည်ဖြစ်ပြီး အကူအညီများဆက်လက်လိုအပ် ဦးမည်ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

“ပလက်ဝတစ်နယ်လုံးအတွက်ဆိုရင် ဆန်အိတ်က တစ်လကို အနည်းဆုံး ဆန်အိတ် ၈၀ဝ၀/ ၁၀ဝ၀ဝ လောက်လိုတယ်၊ အခု (၃၅၀ဝ) ဆိုတာက ပလက်ဝမှာရှိတဲ့ ဒုက္ခသည်နဲ့ ပလက်ဝအရှေ့နောက်မှာရှိတဲ့ ကျေးရွာပေါင်း (၃၀) စာလောက်ရဲ့ တစ်လစာလောက်ဘဲရှိတယ်’’ ဟု ဝန်ကြီးကပြောသည်။

မတူပီ-ဆမီး-ပလက်ဝအကြား ကားလမ်းသည် မိုးတွင်းကာလရောက်ရှိလာပြီဖြစ်၍ သယ်ယူပို့ဆောင်ရေးပိုင်းတွင် ခက်ခဲမှုရှိလာပါက ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်တော်ဘက်မှ ရိက္ခာများပို့ဆောင်နိုင်ရန်လည်း စီစဉ်ထားသည်ဟု ၎င်းကဆက်ပြောသည်။

ယခုလက်ရှိ ပလက်ဝမြို့တွင် ဆန်တအိတ်လျှင်  ၆သောင်းခွဲ ၊ ၇သောင်းခန့်အထိ မြင့်တက်နေပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ မြို့နယ်အလိုက် ဆန်အိတ် (၅၀ဝ) စီအရေးပေါ်ချထားသည့် ဆန်အိတ်များကို ဒေသခံပြည်သူများ သက်သက်သာသာဝယ်ယူနိုင်ရန်အတွက် တစ်အိတ်ကို (၃၀ဝ၀ဝ) ကျပ်နှုန်းဖြင့် ရောင်းချပေးရန်လည်း စီစဉ်ထားသည်ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင် လူဦးရေ (၅၀ဝ၀) ကျော်နှင့် ဆမီးမြို့တွင် စစ်ဘေးရှောင်လူဦးရေ (၃၀ဝ၀) ခန့် တိမ်းရှောင်လျက်ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.