• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် CCERR အဖွဲ့မှ ကူညီထောက်ပံ့မည်

ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် CCERR အဖွဲ့မှ ကူညီထောက်ပံ့မည်

0
By Editor on February 18, 2019 Headline

By လားနွန် – မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့ကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ပလက်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ဟားခါးမြို့အခြေစိုက် ပြည်သူ့အကျိုးပြု ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (Community Care For Emergency Response AndRehabitation – CCERR) မှ အလှူငွေများ ကောက်ခံနေကြောင်းသိရသည်။

CCERR အဖွဲ့မှ ဒေါ် Biak Mawi Sung က “ပလက်ဝဆိုတာ ကျွန်မတို့ချင်းလူမျိုးတွေပေါ့နော်၊ ချင်းလူမျိုးတွေဖြစ်တဲ့အခါကြတော့ ဒီလိုမျိုးစစ်ဘေးရှောင်တွေတွက် ကျွန်မတို့လူမျိုးတူတယ်၊ ညီအစ်ကိုတွေပေါ့၊ အဲလိုမျိုးအခြေအနေတွေရှိတယ်၊ ဒီလိုမျိုးသူတို့ဒုက္ခရောက်တဲ့အချိန်မှာ ကျွန်မတို့ဒီတိုင်းမကြည့်ပဲနဲ့ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ကျွန်မတို့အခု တတ်နိုင်တာဆိုတာ ငွေသားနှင့်ပဲ ပူးပေါင်းပါဝင်ပေးနိုင်တယ်လေ၊ ကျွန်မတို့ရဲ့လုပ်ပေးနိုင်တာက သူတို့အတွက် နေထိုင်စားသောက်မှုစားရိတ်ပဲဖြစ်ဖြစ်၊ တစ်ခြား သူတို့ရဲ့ လိုအပ်ချက်တွေပေါ့၊ ကျွန်မတို့ဖြည့်ဆည်းပေးချင်တာပါ” ဟု ပြောသည်။

စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့နိုင်ရေးအတွက် ပလက်ဝမြို့နယ်မှအပ ကျန်ရှိသည့် ချင်းပြည်နယ်မြို့နယ်များအားလုံးတွင် ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ စေတနာရှင်များထံ ယခုလအတွင်း အပြီးကောက်ခံပြီး မတ်လအတွင်း ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ရန်မျှော်လင့်ကြောင်း သူမကဆက်ပြောသည်။

ယခုလက်ရှိ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် (AA) အကြား တိုက်ပွဲများပိုမိုပြင်းထန်လာပြီး ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည်များပိုမိုတိုးလာနေသည်။

ဒုက္ခသည်တချို့မှာ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေရှ့်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပြည်သူ့အကျိုးပြု ပြန်လည်ထူထောင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း (CCERR) အနေဖြင့် ယခုကဲ့သို့ ကူညီထောက်ပံ့ပေးမှုကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်ရှိ ချင်းအနွယ်ဝင် မြို့မျိုးနွယ်စုများထံသို့ သွားရောက်ပေးအပ်ခဲ့ပြီးဖြစ်သည်ဟုသိရသည်။ (ဓာတ်ပုံ – ကိုကျော်အောင်)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.