• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝတွင် အကန့်အသတ်ဖြင့် ဆန်သယ်ယူခွင့်ပြန်ပြု

ပလက်ဝတွင် အကန့်အသတ်ဖြင့် ဆန်သယ်ယူခွင့်ပြန်ပြု

0
By Editor on May 22, 2019 Headline

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်သို့ ရခိုင်ပြည်နယ်မှ ဆန်များသယ်ယူခွင့်ကို တပ်မတော်က အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုလိုက်ပြီဟု စုံစမ်းသိရှိရသည်။

ပလက်ဝမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသည် ရပ်ကွက်အုပ်ချူပ်ရေးမှူးများ၏ အသိမှတ်ပြုထောက်ခံစာနှင့် တစ်ခေါက်လျင် ဆန်အိတ် ၂၀ နှုန်းဖြင့် သယ်ဆောင်ခွင့်ရရှိပြီဟု ပလက်ဝမြို့ပေါ်မှ ဆန်ဆိုင်ဖွင့်ထားသူတစ်ဦး ထံမှ သိရသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးလုပ်ပြီးမှ ထောက်ခံစာပေးတယ် သယ်ယူခွင့်ထောက်ခံစာပေါ့ အများကြီးတော့ သယ်လို့တော့မရသေးဘူး အိတ် ၂၀ လောက်ပဲသယ်ခွင့်ပေးတယ် လိုချင်သလောက် တော့မရသေးဘူး ရခိုင်ပြည်နယ် ကျောက်တော်ကနေ စက်လှေနဲ့တင်လာရတယ် ဆိုင်တွေလည်းဖွင့်လာကြပြီ” ဟု ၎င်းကပြောသည်။

ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်မှ ဆန်များကို အဓိကအားထားနေရပြီး ကျောက်တော်မှတဆင့် စက်လှေဖြင့် ပလက်ဝမြို့သို့ သယ်ဆောင်လေ့ရှိကြသည်။ သို့သော်လည်း ပလက်ဝမြို့နယ်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(အေအေ) လှုပ်ရှားမှုရှိနေသည့်အတွက် ရိက္ခာဖြတ်တောက်သည့်အနေဖြင့် မြန်မာ့တပ်မတော်က မေလဆန်းပိုင်းကစ၍ ပလက်ဝသို့ ဆန်သယ်ယူခွင့်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပလက်ဝမြို့နယ်တွင် ဆန်ပြတ်လတ်မှု ကြုံတွေ့နေခဲ့ကြရပြီး ရောင်းစရာဆန်မရှိတော့သည့်အတွက် ဆန်ဆိုင်များသည်လည်း ဆိုင်ပိတ်ထားရသည့်အခြေအနေဖြစ်ခဲ့ရသည်။ ယခုကဲ့သို့ တပ်မတော်ဘက်မှ အကန့် အသတ်ဖြင့် ဆန်သယ်ယူခွင့်ပြုလိုက်သည့်အတွက် ဆန်ပြတ်လပ်မှု ပြသာနာ ကို အနည်းအကျဉ်းသက်သာ လာနိုင်သည်ဟု သိရသည်။

ပလက်ဝလူမှုကူညီရေးအသင်း ပရဟိတအဖွဲ့ ဦးဝေတန်းက “ အခုဆန်သယ်လို့တော့ရပြီိ ရခိုင်ပြည်နယ် ကျောက်တော်ကနေ ပလက်ဝကိုစက်လှေနဲ့သယ်လို့ရပြီ ဆန်ရောင်းတဲ့ဆိုင်ပိုင်ရှင်တွေကလေ တစ်ခါသယ်ရင်တော့ အိတ် ၂၀ လောက်ဆီတော့ရတယ် ဖြေးဖြေးတော့ကောင်းလာမယ်လို့တော့ ထင်တာပဲ တစ်လကိုဘယ်နခေါက်ဆိုတာတော့မသိဘူး တစ်ခေါက်သယ်ရင် အိတ် ၂၀ ဆိုတဲ့သဘောပေါ့ ကိုယ်လိုချင်သလောက်တော့ သယ်လို့မရဘူး” ဟု ဦးဝေတန်းကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.