Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္၀ျမိဳ႕နယ္ နန္းေခ်ာင္း၀ေက်းရြာသားတစ္ဦး အမည္မသိလက္နက္ကိုင္တစ္စုမွ ပစ္သတ္ခံရ

ပလက္၀ျမိဳ႕နယ္ နန္းေခ်ာင္း၀ေက်းရြာသားတစ္ဦး အမည္မသိလက္နက္ကိုင္တစ္စုမွ ပစ္သတ္ခံရ

0
By Editor on June 10, 2020 Headline

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္၊ ပလက္၀ျမိဳ႕နယ္ စိမ္းစင္းစစ္ေဘးေရွာင္စခန္းမွ နန္းေခ်ာင္း၀ေက်းရြာသားတစ္ဦး နန္းေခ်ာင္း၀ေက်းရြာသို႔အသြား လမ္းခုလတ္တစ္ေနရာတြင္ ယေန႔မနက္ (၉) နာရီ၀န္းက်င္ လက္နက္ကိုင္တစ္စု ပစ္ခတ္ခံရျပီး ပြဲခ်င္းျပီးေသဆံုးခဲ့ေၾကာင္းသိရသည္။

ေသဆံုးသူသည္ စိမ္းစင္းစစ္ေဘးေရွာင္စခန္းတြင္ ခိုလွံဳေနသည့္ နန္းေခ်ာင္း၀ေက်းရြာသား ဦးမ်ိဳးသန္႔ျဖစ္ျပီး အသက္ (၄၆) ႏွစ္ရိွကာ ရြာအသြား သူေဌးကုန္းႏွင့္ လယ္လွရြာၾကားတြင္ပစ္သတ္ခံခဲ့ရေၾကာင္း ခ်င္းေနရပ္စြန္႔ခြာတိမ္းေရွာင္သူမ်ား အေထာက္အကူျပဳေကာ္မတီမွ အတြင္းေရးမွဴး ဦးေက်ာ္ေအာင္ကေျပာသည္။

“သူတို႔ခိုလွံဳတာကေတာ့ စိမ္းစင္းမွာ ဒီမနက္စီးစမ္းကေနသူတို႔ (၉) နာရီ၀န္းက်င္ သူတုိ႔ထြက္တာျဖစ္တယ္၊ ဒီရြာကိုသြားတာေပါ့ ပစၥည္းေတြဘာေတြသြားယူဖို႔ သူရြာကိုအဲလိုသြားတာ၊ အဲဒီေနရာမွာပစ္ခံရတယ္၊ အဲမွာပြဲျခင္းပဲ ဦးမ်ိဳးသန္႔ကေတာ့ အဲမွာဆံုးသြားတယ္၊ က်န္တဲ့လူေတြကေတာ့ ဘယ္လိုမ်ိဳး ဒဏ္ရာရတာေတြရိွသလဲ၊ ဘယ္လိုျဖစ္ေသးသလဲဆိုတဲ့ဟာ က်ေနာ္တို႔ အတည္မျပဳႏိုင္ေသးဘူး၊ သူနဲ႔ အတူကားသမားအပါအ၀င္ (၂၀) ဦးေလာက္ရိွတယ္” ဟု ဦးေက်ာ္ေအာင္ကေျပာသည္။

နန္းေခ်ာင္း၀၊ သူေဌးကုန္းႏွင့္ လယ္လွရြာတို႔သည္ စိမ္းစင္းရြာႏွင့္ (၃) မိုင္ေက်ာ္ေလာက္သာကြာေ၀းျပီးသည့္ ေနရာတြင္တည္ရိွၾကသည္။

ေသဆံုးသူ ဦးမ်ိဳးသန္႔မွာ သားသမီးႏွစ္ေယာက္ႏွင့္ ဇနီးက်န္ရစ္ခဲ့ေၾကာင္း ၎တို႔သြားရာလမ္းတြင္ ပစ္ခတ္သည့္အဖြဲ႕မွာလည္း လက္ရိွခ်ိန္ထိ အတည္မျပဳႏို္င္ေသးေၾကာင္းသိရသည္။

စိမ္းစင္းႏွင့္ နန္းေခ်ာင္း၀၊ သူေဌးကုန္းႏွင့္ လယ္လွရြာတို႔ အနီးနားပတ္၀န္က်င္တြင္ စစ္တပ္မွ ေနရာယူထားျပီး ရကၡိဳင့္တပ္ေတာ္ (AA) အဖြဲ႕လုပ္ရွားမႈမရိွေၾကာင္းသိရျပီး ေသဆံုးသူဦးမ်ိဳးသန္႔၏ အေလာင္းမွွာ ပလက္၀ျမိဳ႕သို႔ေခၚေဆာင္မသြားပဲ စီးစမ္းမွာ ျပန္ေခၚေဆာင္သြားႏိုင္ေခ်ရိွသည္ဟု ဦးေက်ာ္ေအာင္ဟုဆက္ေျပာသည္။

ပလက္၀ျမိဳ႕နယ္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကိၡဳင့္တပ္ေတာ္ (AA) တို႔တိုက္ပြဲေၾကာင့္ ယခုႏွစ္ ၂၀၂၀ ခုႏွစ္တြင္  (၄၀) ရိွျပီျဖစ္ဟု ခ်င္းေနရပ္စြန္႔ခြာတိမ္းေရွာင္သူမ်ား အေထာက္အကူျပဳေကာ္မတီမွ ၂၀၂၀ ဇြန္လ (၉) ရက္ေန႔ကထုတ္ျပန္ထားျပီး ယခုေသဆံုးမႈ နန္းေခ်ာင္း၀ေက်းရြာသား ဦးမ်ိဳးသန္႔ႏွင့္အတူ (၄၁) ပလက္၀ျမိဳ႕နယ္တြင္ ေသဆံုးေနျပီျဖစ္ေၾကာင္း သိရသည္။

#Unicode

By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် စိမ်းစင်းစစ်ဘေးရှောင်စခန်းမှ နန်းချောင်းဝကျေးရွာသားတစ်ဦး နန်းချောင်းဝကျေးရွာသို့အသွား လမ်းခုလတ်တစ်နေရာတွင် ယနေ့မနက် (၉) နာရီဝန်းကျင် လက်နက်ကိုင်တစ်စု ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသူသည် စိမ်းစင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် နန်းချောင်းဝကျေးရွာသား ဦးမျိုးသန့်ဖြစ်ပြီး အသက် (၄၆) နှစ်ရှိကာ ရွာအသွား သူဌေးကုန်းနှင့် လယ်လှရွာကြားတွင်ပစ်သတ်ခံခဲ့ရကြောင်း ချင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ အထောက်အကူပြုကော်မတီမှ အတွင်းရေးမှူး ဦးကျော်အောင်ကပြောသည်။

“သူတို့ခိုလှုံတာကတော့ စိမ်းစင်းမှာ ဒီမနက်စီးစမ်းကနေသူတို့ (၉) နာရီဝန်းကျင် သူတို့ထွက်တာဖြစ်တယ်၊ ဒီရွာကိုသွားတာပေါ့ ပစ္စည်းတွေဘာတွေသွားယူဖို့ သူရွာကိုအဲလိုသွားတာ၊ အဲဒီနေရာမှာပစ်ခံရတယ်၊ အဲမှာပွဲခြင်းပဲ ဦးမျိုးသန့်ကတော့ အဲမှာဆုံးသွားတယ်၊ ကျန်တဲ့လူတွေကတော့ ဘယ်လိုမျိုး ဒဏ်ရာရတာတွေရှိသလဲ၊ ဘယ်လိုဖြစ်သေးသလဲဆိုတဲ့ဟာ ကျနော်တို့ အတည်မပြုနိုင်သေးဘူး၊ သူနဲ့ အတူကားသမားအပါအဝင် (၂၀) ဦးလောက်ရှိတယ်” ဟု ဦးကျော်အောင်ကပြောသည်။

နန်းချောင်းဝ၊ သူဌေးကုန်းနှင့် လယ်လှရွာတို့သည် စိမ်းစင်းရွာနှင့် (၃) မိုင်ကျော်လောက်သာကွာဝေးပြီးသည့် နေရာတွင်တည်ရှိကြသည်။

သေဆုံးသူ ဦးမျိုးသန့်မှာ သားသမီးနှစ်ယောက်နှင့် ဇနီးကျန်ရစ်ခဲ့ကြောင်း ၎င်းတို့သွားရာလမ်းတွင် ပစ်ခတ်သည့်အဖွဲ့မှာလည်း လက်ရှိချိန်ထိ အတည်မပြုနိ်ုင်သေးကြောင်းသိရသည်။

စိမ်းစင်းနှင့် နန်းချောင်းဝ၊ သူဌေးကုန်းနှင့် လယ်လှရွာတို့ အနီးနားပတ်ဝန်ကျင်တွင် စစ်တပ်မှ နေရာယူထားပြီး ရက္ခိုင့်တပ်တော် (AA) အဖွဲ့လုပ်ရှားမှုမရှိကြောင်းသိရပြီး သေဆုံးသူဦးမျိုးသန့်၏ အလောင်းမှာ ပလက်ဝမြို့သို့ခေါ်ဆောင်မသွားပဲ စီးစမ်းမှာ ပြန်ခေါ်ဆောင်သွားနိုင်ချေရှိသည်ဟု ဦးကျော်အောင်ဟုဆက်ပြောသည်။

ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲကြောင့် ယခုနှစ် ၂၀၂၀ ခုနှစ်တွင် (၄၀) ရှိပြီဖြစ်ဟု ချင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ အထောက်အကူပြုကော်မတီမှ ၂၀၂၀ ဇွန်လ (၉) ရက်နေ့ကထုတ်ပြန်ထားပြီး ယခုသေဆုံးမှု နန်းချောင်းဝကျေးရွာသား ဦးမျိုးသန့်နှင့်အတူ (၄၁) ပလက်ဝမြို့နယ်တွင် သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.