• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက္၀ၿမိဳ႕တဖက္ကမ္း ရြာတြင္ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲၿပီး (၆) တန္းေက်ာင္းသားတစ္ဦး ဒဏ္ရာရရွိ

ပလက္၀ၿမိဳ႕တဖက္ကမ္း ရြာတြင္ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲၿပီး (၆) တန္းေက်ာင္းသားတစ္ဦး ဒဏ္ရာရရွိ

0
By Editor on February 19, 2020 Headline

Zawgyi

ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕၏ တဖက္ကမ္းတြင္တည္ရွိသည့္ ေအာက္မီးလက္၀ေက်းရြာတြင္ ယမန္ေန႔ည (၈) နာရီေက်ာ္ေက်ာ္ခန္႔က လက္နက္ႀကီးက်ည္ဆံ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ အသက္ (၁၄) ႏွစ္အရြယ္ (၆) တန္းေက်ာင္းသားတစ္ဦး ထိိခိုက္ဒဏ္ရရွိၿပီး ပလက္၀ၿမိဳ႕ ျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈခံယူေနသည္ဟု သိရသည္။

လက္နက္ႀကီးက်ည္ထိမွန္သူမွာ ေအာက္မီးလက္၀ေက်းရြာေန ဦးေဟြ႔ေဟာ၏သား ေမာင္ေက်ာ္ေဌးဦးျဖစ္ၿပီး ည ၈ နာရီေက်ာ္ေက်ာ္ေလာက္တြင္ ေနအိမ္အတြင္းေနေနစဥ္ ေက်းရြာအတြင္းသို႔ လက္နက္ႀကီးက်ည္က်ေရာက္ ေပါက္ကြဲမႈေၾကာင့္ ဦးေခါင္းထိမွန္ခဲ့ျခင္းျဖစ္သည္ဟု ပလက္၀ေဒသခံတစ္ဦးကေျပာသည္။

“မေန႔ည ၈ နာရီေက်ာ္ေက်ာ္ေလာက္ကျဖစ္တာ ရြာထဲမွာလက္နက္ႀကီးက်ည္က်လာတာလို႔ ေျပာတယ္၊ တျခားလူေတြေတာ့ ဒဏ္ရာမရဘူး ခုေဆးရံုမွာကုသမႈခံယူေနတယ္ သူတို႔မွာလည္း စား၀တ္ေနေရးအဆင္ေျပတာမဟုတ္ဘူး ေဆးဖိုး၀ါးခေတြလိုအပ္လိမ့္မယ္ လူမႈကြန္ယက္ဘက္ကေနလည္း ကူညီေပးႏုိင္ရင္ေတာ့ ပိုေကာင္းတာေပါ့ဗ်ာ၊ သူ႔အေျခေနက ေခါင္းမွာဒဏ္ရာရထားတယ္ဆိုေတာ့ ခုေလာေလာဆယ္မွာေတာ့ စကားေျပာလို႔ရေပမယ့္ စိုးရိမ္ရတာေပါ့ ’’ဟု အဆိုပါေဒသခံကေျပာသည္။

အဆိုပါလက္နက္ႀကီးက်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေအာက္သဲမ၀ေက်းရြာသားမ်ားသည္ ေၾကာက္လန္႔ၾကၿပီး ယမန္ေန႔ညကတည္းက ပလက္၀ၿမိဳ႕ေပၚသို႔ ရြာလံုးကြ်တ္ထြက္ေျပးခဲ့ၾကသည္ဟု သူကဆက္ေျပာသည္။

ယခုလက္ရွိတြင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းႏွင့္ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္တို႔တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကိၡဳင့္တပ္ေတာ္ (AA) တို႔ ေနစဥ္လိုလိုတိုက္ပြဲျဖစ္ပြားလ်က္ရွိသည္။

ၿပီးခဲ့သည့္ ေဖေဖာ္၀ါရီလ (၁၃) ရက္ေန႔ကလည္း ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ ခေမြေခ်ာင္းေက်း႐ြာ မူလတန္းလြန္ေက်ာင္းတြင္ လက္နက္ႀကီးက်ည္တစ္လုံး က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေက်ာင္းသား (၂၁) ဦးဒဏ္ရာရရွိခဲ့ၿပီး ျဖစ္သည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔တိုက္ပြဲေၾကာင့္ ပလက္၀- ေက်ာက္ေတာ္အၾကားေျပးဆြဲသည့္ လိုင္းဆြဲစက္ေလွမ်ားရပ္တန္႔ေနသည့္အတြက္ ပလက္၀ၿမိဳ႕နယ္သို႔ ကုန္စည္စီးဆင္းမႈမရွိေသာေၾကာင့္ ရိကၡာျပတ္လပ္လုနီးပါးျဖစ္ေနသည္။

Unicode

ချင်းပြည်နယ်၊ ပလက်ဝမြို့၏ တဖက်ကမ်းတွင်တည်ရှိသည့် အောက်မီးလက်ဝကျေးရွာတွင် ယမန်နေ့ည (၈) နာရီကျော်ကျော်ခန့်က လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၄) နှစ်အရွယ် (၆) တန်းကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရရှိပြီး ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု သိရသည်။

လက်နက်ကြီးကျည်ထိမှန်သူမှာ အောက်မီးလက်ဝကျေးရွာနေ ဦးဟွေ့ဟော၏သား မောင်ကျော်ဌေးဦးဖြစ်ပြီး ည ၈ နာရီကျော်ကျော်လောက်တွင် နေအိမ်အတွင်းနေနေစဉ် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဦးခေါင်းထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။

“မနေ့ည ၈ နာရီကျော်ကျော်လောက်ကဖြစ်တာ ရွာထဲမှာလက်နက်ကြီးကျည်ကျလာတာလို့ ပြောတယ်၊ တခြားလူတွေတော့ ဒဏ်ရာမရဘူး ခုဆေးရုံမှာကုသမှုခံယူနေတယ် သူတို့မှာလည်း စားဝတ်နေရေးအဆင်ပြေတာမဟုတ်ဘူး ဆေးဖိုးဝါးခတွေလိုအပ်လိမ့်မယ် လူမှုကွန်ယက်ဘက်ကနေလည်း ကူညီပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ၊ သူ့အခြေနေက ခေါင်းမှာဒဏ်ရာရထားတယ်ဆိုတော့ ခုလောလောဆယ်မှာတော့ စကားပြောလို့ရပေမယ့် စိုးရိမ်ရတာပေါ့ ’’ဟု အဆိုပါဒေသခံကပြောသည်။

အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အောက်သဲမဝကျေးရွာသားများသည် ကြောက်လန့်ကြပြီး ယမန်နေ့ညကတည်းက ပလက်ဝမြို့ပေါ်သို့ ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြသည်ဟု သူကဆက်ပြောသည်။

ယခုလက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နေစဉ်လိုလိုတိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ခမွေချောင်းကျေးရွာ မူလတန်းလွန်ကျောင်းတွင် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား (၂၁) ဦးဒဏ်ရာရရှိခဲ့ပြီး ဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲကြောင့် ပလက်ဝ- ကျောက်တော်အကြားပြေးဆွဲသည့် လိုင်းဆွဲစက်လှေများရပ်တန့်နေသည့်အတွက် ပလက်ဝမြို့နယ်သို့ ကုန်စည်စီးဆင်းမှုမရှိသောကြောင့် ရိက္ခာပြတ်လပ်လုနီးပါးဖြစ်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.