Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်က ဒေသခံတွေကို မြန်မာ့တပ်မတော်က ပေါ်တာထမ်းခိုင်းမှုရှိနေ

ပလက်ဝမြို့နယ်က ဒေသခံတွေကို မြန်မာ့တပ်မတော်က ပေါ်တာထမ်းခိုင်းမှုရှိနေ

0
By Editor on May 20, 2019 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်က တပ်ရိက္ခာသယ်ယူရန် ဒေသခံပြည်သူများကို ပေါ်တာထမ်းခိုင်းမှုရှိနေသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က မေလ ၁၇ ရက်နေ့က သတင်းထုတ်ပြန်သည်။

ပလက်ဝမြို့နယ်၊ ခမောက်ဝကျေးရွာတွင်တပ်စွဲလျှက်ရှိသော ခလရ(၇၇) တပ်ရင်းသည် တပ်ရိက္ခာများသယ်ယူရန်ဟုဆို ကာ မီးဇာကျေးရွာသားများနှင့် မီးဇာကျေးရွာတွင် လာရောက်ခိုလုံကြသည့် စစ်ဘေးရှောင်ပြည်သူ ၃၁ ဦးကို မေ ၁၅ ရက်နေ့က ပေါ်တာထမ်းခိုင်းခဲ့သည်ဟုသည် ပေါ်တာထမ်းခဲ့ရသူများ၏ ပြောစကားကို ကိုးကား၍ CHRO က သတင်းထုတ်ပြန်ခဲ့သည်။

ပေါ်တာထမ်းခဲ့ရသည့် မီးဇာကျေးရွာမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက “ ဧပြီလအတွင်းမှာ ၃ ခေါက်သွားရတယ် မေလ ၉ ရက်နေ့ကနေ မနေ့ကထိ မီးဇာအုပ်စုတအုပ်စုလုံးအလှည့်ကျနဲ့ထမ်းရ တယ်၊ ကျနော်နောက်ဆုံးထမ်းခဲ့ရတာကတော့ မေလ ၁၅ ရက်နေ့ကပါ၊ ကျနော်တို့မသွားချင်ပါဘူး ဒါပေမယ့်သူတို့က(စစ်တပ်) အကြိမ်ကြိမ်တောင်းလို့ပေါ့နော် အကူအညီမပေးရင်လည်းမဖြစ်ပြန်ဘူးပေါ့နော်၊ အဲဒါကြောင့်မို့ ကျနော်တို့ပေးရတာဖြစ်တယ် ကျနော်တို့အနေနဲ့လိုချင်လို့တော့မဟုတ်ပါဘူး ခုတလောက နယ်မြေလည်းသိပ်အေးချမ်းတာမဟုတ်တော့ လမ်းမှာ တော်ကြာ အခက်အခဲလည်းရောက်ကောင်းရောက်နိုင်တယ် အဲလိုမျိုးစိုးရိမ်စရာလည်းရှိတယ်’’ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောပြသည်။

ယခုကဲ့သို့ပေါ်တာထမ်းရာတွင် အမျိုးသမီး သက်ကြီးရွယ်အို နှင့် ခရစ်ယာန်ဓမ္မဆရာလည်းပါဝင်ပြီး တပ်မတော်က လုပ်အားခအဖြစ် တစ်ယောက်လျင် ကျပ်ငွေ (၄၀၀၀) ပေးသည်ဟု သိရသည်။

အမည်မဖေါ်လိုသည့် မီးဇာကျေးရွာသားတစ်ဦးက “ အဓိကသူတို့ထမ်းရတာက တပ်ရဲ့ ရိက္ခာပေါ့ ဆန်တွေထမ်းရတယ်၊ အဲဒီဘက်က လမ်းပန်းဆက်သွယ်ရေးပိုခက်တော့လေ အလကားနဲ့တော့ ထမ်းခိုင်းတာမဟုတ်ဘူး အတင်းအဓမ္မခေါ်တာလည်းမဟုတ်ဘူး ကူညီပေးပါဆိုတော့ ကူညီပေးကြတဲ့သဘောပါ’’ ဟု ခိုနူမ်းသုန်သတင်းဌာနက ပြောသည်။

မြန်မာ့တပ်မတော်အနေဖြင့် တပ်ရိက္ခာများကို ပလက်ဝမြို့မှ မီးဇာကျေးရွာအထိ ရေကြောင်းအတိုင်း စက်လှေများဖြ င့်သယ်ဆောင်ပြီး မီးဇာကျေးရွာမှ ကျွန်းချောင်းဝကျေးရွာအထိ မော်တော်ဆိုင်ကယ်ကယ်ရီများဖြင့်ပြန်လည်သ ယ်ဆောင်ကာ ထိုမှတဆင့် (၁၅) မိုင်ဝေးသော ခမောက်ဝ ကျေးရွာအထိ ကုန်းလမ်းအတိုင်း ဒေသခံရွာသားများက ပေါ်တာထမ်းပေးရခြင်းဖြစ်သည်။

ကျွန်းချောင်းဝကျေးရွာနှင့် ခမောက်ဝကျေးရွာအနီးနားတွင်တည်ရှိတဲ့ ကျောက်ပလိန်ကျေးရွာ၊ သာယာကုန်းကျေးရွာနှင့် မီးဇာကျေးရွာများမှ ဒေသခံများအပါအ၀င် တိုက်ပွဲကြောင့် မီးဇာကျေးရွာတွင် သွားရောက်ခိုလုံကြသည့် စစ်ဘေးရှောင်ပြည်သူများကိုလည်း အလှည့်ကျဖြင့် တပ်မတော်က ပေါ်တာထမ်းခိုင်းနေခြင်း ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.