Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့အနီးတွင် တပ်မတော်နှင့် (အေအေ) တိုက်ပွဲဖြစ်ပွား အသက် (၆၀) ကျော်အရွယ်နှင့် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်

ပလက်ဝမြို့အနီးတွင် တပ်မတော်နှင့် (အေအေ) တိုက်ပွဲဖြစ်ပွား အသက် (၆၀) ကျော်အရွယ်နှင့် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်

0
By Editor on May 27, 2019 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့မှ (၁၀) မိုင်ခန့်ဝေးသော ငဒက်အုပ်စု၊ မောင်နှမကျေးရွာတွင် မေလ (၂၆) ရက်၊ တနင်္ဂနွေနေ့က မြန်မာ့တပ်မတော်နှင့် ရခိုင်လိုက်နက်ကိုင်တပ်ဖွဲ့ (အေအေ) တို့ တိုက်ပွဲဖြစ်ပွားပြီး အသက် (၆၀) ကျော်အရွယ်နှင့် အသက် (၇) နှစ်အရွယ် ကလေးငယ်တို့ လက်​နက်​ကြီးကျည်​ဆံထိမှန်​၍ ဒဏ်ရာအသီးသီးရရှိခဲ့သည်ဟု သိရသည်။

မေလ ၂၆ ရက်နေ့ နံနက်ပိုင်း ၈ နာရီခွဲခန့်တွင် မောင်နှမကျေးရွာအနီးနားတွင် ခြေကုပ်ယူလှုပ်ရှားနေသည့် အေအေတပ်ဖွဲ့က ကုလားတန်မြစ်အတိုင်းစက်လေဖြင့် တက်လာသော မြန်မာ့တပ်မတော်ကို စတင်ပစ်ခတ်ခဲ့ပြီး တပ်မတော်မှ ကုလာတန်း မြစ်ကမ်းနှဘေးမှ လက်နက်ကြီးဖြင့် လှမ်းပစ်သည့်အတွက် ရွာသားများ ပြေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရာတွင် ယခုကဲ့သို့ လက်နက်ကြီးကျည်ဆံထိမှန်ခြင်းဖြစ်သည်ဟု လက်နက်ကြီးထိမှန်သည့် အသက် (၆၈) နှစ်အရွယ် ဦးရန်ဒိုး၏သား ဦးဘ၀င်းက ခိုနူမ်းသုန်သတင်းဌာနကိုပြောပြသည်။

“အစမှာ (အေအေ) က ရွာထဲမှာမရှိဘူး ရွာဘေးပတ်ဝန်းကျင်မှာရှိနေကြတာ ကျနော်တို့ကလည်းမသိဘူး စစ်တပ်တွေတက်လာတယ်ဆိုတာ ဘယ်ကနေသတင်းရလဲမသိဘူး စစ်တပ်မတော် မောင်နှမရွာကမ်းနားမှာရှိနေတဲ့အချိန် သူတို့က ၀င်တိုက်တာ စစ်တပ်တွေကလည်း ပြန်ပစ်တော့ အေအေတွေက ကျနော်တို့ရွာထဲကိုပဲ ပုန်းတာ မောင်နှမရွာထဲမှာ ၀င်ပုန်းတော့ စစ်တပ်ကလည်း ရွာထဲကို လက်နက်ကြီးနဲ့ပစ်တော့ အဲဒါကြောင့် ရွာသားတွေလည်း ထိမှန်တာ’’ ဟု မောင်နှမရွာသားဦးဘ၀င်းကပြောသည်။

အဆိုပါလက်နက်ကြီးကျည်ဆံကြောင့် ဦးရန်ဒိုးသည် ဒိုးခေါင်းအထက်နားတွင် ဒဏ်ရာရရှိပြီး ပလက်ဝပြည်သူ့ဆေးရုံးသို့ လည်းကောင်း၊ ကလေးငယ်သည် မျက်နှာတွင် ဒဏ်ရာရရှိသည့်အတွက် ကျေးသီကျေးရွာတွင် ဆေးကုသမှုခံယူနေကြ ရသည်ဟု ၎င်းကဆက်ပြောသည်။

မြန်မာ့တပ်မတော်နှင့် အေအေ တပ်ဖွဲ့တို့သည် နံနက်ပိုင်း ၈ နာရီခွဲမှ ၁၁ နာရီ နှင့် ၁၂ နာရီခွဲမှ ညနေပိုင်း ၆ နာရီအထိ တနေကုန်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး တပ်မတော်မှအသုံးပြုသည့် စက်လှေတစ်စီး ကုလားတန်မြစ်ထဲသို့ နှစ်မြုပ်သွားသည်ဟု သိရဥည်။ တိုက်ပွဲကြောင့် နှစ်ဘက်ကျဆုံးမှုရှိမရှိကိုမူ မသိရသေးပေ။

မောင်နှမကျေးရွာသည် အိမ်ခြေ ၃၁ အိမ်၊ လူဦးရေ ၁၅၀ ကျော်ရှိပြီး ယခုလက်ရှိတွင် ရွာသားအားလုံးသည် ပလက်ဝမြို့ပေါ်နှင့် ဘေးချောင်းဝကျေးရွသို့ ထွက်ပြေးခိုလုံနေကြရသည်ဟု သိရသည်။

ယနေ့နံနက်ပိုင်းတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားသည်ဟု ယူဆရပြီး မြန်မာ့တပ်မတော်က ပလက်ဝမြို့ကနေ လက်နက်ကြီးဖြင့် သုံးလေး ချက်ပစ်ခတ်သည်ကို ကြားနေရသည်ဟု ပလက်ဝ လူမှုကူညီရေး ပရဟိတအဖွဲ့ထံမှ သိရသည်။

ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် အေအေ တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးဒုက္ခသည် ၂၆၀၀ ကျော်ရှိနေပြီး ယခုအခြေအနေကြောင့် စစ်ဘေးဒုက္ခသည်များ ပိုမိုတိုးလာဖွယ်ရှိသည်။

(ပုံစာ- ဒဏ်​ရာရရှိသည့်​ ဦးရန်​ဒိုး)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.