• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက္၀ၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ Covid-19 ေစာင့္ၾကည့္လူနာ (၄) ဦးရွိ၊ အေျခခံေဆး၀ါးမ်ားလိုအပ္

ပလက္၀ၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ Covid-19 ေစာင့္ၾကည့္လူနာ (၄) ဦးရွိ၊ အေျခခံေဆး၀ါးမ်ားလိုအပ္

0
By Editor on March 29, 2020 Headline

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္၀ၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ႏုိင္ငံျခားမွျပန္လာသည့္ Covid-19 ေစာင့္ၾကည့္လူနာ (၄) ဦးရွိၿပီး အေျခခံေဆး၀ါးမ်ားလည္းလိုအပ္ေနသည္ဟု သိရသည္။

ပလက္၀ၿမိဳ႕နယ္တြင္ တရုတ္ႏိုင္ငံမွ ျပန္လာသူ (၁၈) ေယာက္၊ စကာၤပူႏိုင္ငံမွ (၃) ေယာက္ႏွင့္ ကာတာႏုိင္ငံမွ (၁) ေယာက္ စုစုေပါင္း (၂၂) ေယက္ကို ပလက္ဝျပည္သူ႔ေဆးရံုတြင္ ေစာင့္ၾကည့္လူနာအျဖစ္ထားရွိကာ ေစာင့္ေရွာက္လ်က္ရွိသည္။

ယင္းတို႔နက္ (၁၇) ဦးမွာ ေစာင့္ၾကည့္ရက္ကာလ (၁၄) ရက္ေက်ာ္လြန္ျပီျဖစ္ျပီး ေရာဂါလဏၡာတစ္စံုတစ္ရာ မေတြ႔ရွိရသည့္အတြက္ ျပန္လႊတ္လုိက္ၿပီဟု ပလက္၀ျပည္သူ႔ေဆးရံုမွ ယာယီတာ၀န္ခံ ေဒါက္တာေအးေက်ာ္ကေျပာသည္။

ယခုလက္ရွိ ပလက္၀ျပည္သူ႔ေဆးရံုတြင္ ေစာင့္ၾကည့္လူနာ (၄) ဦးသာက်န္ရွိေတာ့ၿပီး တစ္ဦးမွာ ဆမီးၿမိဳ႕တြင္ Home Quarantine အျဖစ္ ေစာင့္ၾကည့္လ်က္ရွိကာ ၎တို႔၏ က်န္းမာေရးအေျခအေနသည္လည္း ေကာင္းမြန္သည့္အတြက္ မၾကာမီရက္ပိုင္းအတြင္း ေစာင့္ၾကည့္လူနာအျဖစ္မွ လြတ္ေျမာက္ၾကေတာ့မည္ဟု ေဒါက္တာေအးေက်ာ္ကဆက္ေျပာသည္။

“အခုေဆးရံုမွာရွိတဲ့သူေတြဟာ ဒီေန႔ဆိုရင္ အဖ်ားလံုး၀မရွိေတာ့ဘူး၊ ေခ်ာင္းဆိုတာ၊ ႏွာစီးတာမရွိဘူး၊ ေနာက္ထပ္ (၃) ရက္ေလာက္ဆိုရင္ ေစာင့္ၾကည့္လူနာအျဖစ္ကေနလြတ္ေတာ့မွာပါ’’ ဟု ေဒါက္တာေအးေက်ာ္ကေျပာသည္။

ပလက္၀ၿမိဳ႕နယ္သည္ ျမန္မာတပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႔အၾကား တိုက္ပြဲမ်ားျဖစ္ပြားေနသည့္ေဒသျဖစ္ၿပီး ယခုလက္ရွိတြင္ အင္တာနက္လိုင္းမ်ား ျဖတ္ေတာက္ခံထားရသည့္အျပင္ ညမထြက္ရအမိန္႔လည္း ထုတ္ျပန္ထားသည့္ေဒသျဖစ္သည္။

ထို႔အျပင္ တိုက္ပြဲမ်ားေၾကာင့္ ေရလမ္း၊ ကုန္လမ္း အစရွိသည့္ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ား ျပတ္ေတာက္လ်က္ရွိသည့္အျပင္ ပလက္၀ၿမိဳ႕နယ္တြင္ ဆန္၊ ဆီ၊ ဆား စသည့္ အေျခခံစားေသာက္ကုန္မ်ားႏွင့္ ေဆး၀ါးမ်ားလည္း ျပတ္လတ္ေတာ့မည္ဟုသိရသည္။

ပလက္၀ၿမိဳ႕ျပည္သူ႔ေဆးရံုအုပ္ ေဒါက္တာစိုးသက္၀င္းက “အဓိက ကေတာ့ ကိုဗစ္ကာကြယ္ဖို႔ ႏွာေခါင္းစီး (Mask) တို႔၊ လက္ေဆးရည္ (Handgel) တို႔၊ အပူခ်ိန္တိုင္းတဲ့ သာမိုမီတာတို႔လိုအပ္တယ္၊ လတ္တေလာသံုးဖို႔ေတာ့ရွိတယ္၊ ဒါေပမယ့္ ၾကာလာရင္ ျပတ္လတ္ေတာ့မယ့္အေနအထားမွာရွိေနတယ္’’ ဟုေျပာသည္။

ပလက္၀ၿမိဳ႕နယ္သည္ အင္တာနက္လိုင္းမ်ားျဖတ္ေတာက္ခံထားသည့္အတြက္ Covid-19 နဲ႔ပတ္သက္၍ က်န္းမာေရး၀န္ႀကီးဌာနထုတ္ျပန္ေသာ အသိပညာေပးမႈမ်ား၊ ေရာဂါအေျခအေနႏွင့္ပတ္သက္ေသာ သတင္းမ်ားကို ေဒသခံျပည္သူမ်ားမွ သိရွိ၍မရႏုိင္သည့္အတြက္ လက္ကမ္းစာေစာင္မ်ား၊ အသံခ်ဲ႕စက္မ်ားျဖင့္ ၿမိဳ႕ေပၚရပ္ကြက္တြင္ လုိက္လံေဆာ္ၾသေနၾကရသည္ဟုသိရသည္။

ပလက္၀ျမိဳ႕နယ္ အင္တာနက္လိုင္းမ်ားပိတ္ထားေသာ္လည္း ျပည္နယ္အစိုးရမွ COVID-19 ႏွင့္ပတ္သက္ျပီး ဖုန္းျဖင့္ေသာ္လည္းေကာင္း၊ ျမိဳ႕နယ္မ်ားထံ တရား၀င္စာမ်ားျဖင့္ ေရာဂါကာကြယ္ေရး အသိပညာေပးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း ခ်င္းျပည္နယ္အစိုးရေျပာေရးဆိုခြင့္ရိွပုဂၢိဳလ္ စည္ပင္၀န္ၾကီး ဦးစိုးထက္ကေျပာသည္။

“အင္တာနက္မရရင္လည္း က်ေနာ္တို႔ ျပည္နယ္ကေနျပီးေတာ့ ျမိဳ႕နယ္ေတြကို တရား၀င္စာေတြနဲ႔ ပို႔တာေတြရိွတယ္၊ မတူပီကေနတဆင့္ ျပန္ျဖန္႔ေပးရမွာ အင္တာနက္မရေပမဲ့ က်ေနာ္တို႔ ဖုန္းလိုင္းေတြရိွတယ္၊ ေၾကးနန္းပို႔တဲ့လမ္းေၾကာင္းရိွတယ္၊ တယ္လီဖုန္းနဲ႔ေျပာဆိုျပီးေတာ့ ဒီလိုလမ္းညႊန္တာေတြရိွတယ္၊ အခုက တယ္လီဖုန္းလိုင္းေတြရေနတဲ့အတြက္ အဲဒီတာ၀န္ရိွတဲ့လူေတြကို ျပည္နယ္ကေန တိုက္ရိုက္ လမ္းညႊန္ခ်က္ေတြေပးေနတာေတြရိွပါတယ္၊ အင္တာနက္လိုင္းေပၚတင္လို႔မရေပမဲ့ ေၾကးနန္းလမ္းလည္းရိွပါတယ္” ဟု စည္ပင္၀န္ၾကီး ဦးစိုးထက္ကေျပာသည္။

ကမာၱတလႊားလက္ရိွျပန္႔ပြားလ်က္ရိွသည့္ COVID-19 ေရာဂါသည္ ျမန္မာႏုိင္ငံတြင္လည္း (၈) ဦးေတြ႕ထားျပီျဖစ္ျပီး (၁) ဦးမွာ ခ်င္းျပည္နယ္၊ တီးတိန္ျမိဳ႕နယ္ျပည္သူ႔ေဆးရံုတြင္ သီးသန္႔ကုသလ်က္ရွိေၾကာင္း၊ ရန္ကုန္ျမိဳ႕တြင္ (၅) ဦး၊ ေနျပည္ေတာ္တြင္ (၁) ဦး၊ မႏၱေလးျမိဳ႕တြင္ (၁) ဦး ေတြ႔ရိွထားေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ၾကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရသိရသည္။

#Unicode

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ပြည်သူ့ဆေးရုံတွင် နိုင်ငံခြားမှပြန်လာသည့် Covid-19 စောင့်ကြည့်လူနာ (၄) ဦးရှိပြီး အခြေခံဆေးဝါးများလည်းလိုအပ်နေသည်ဟု သိရသည်။

ပလက်ဝမြို့နယ်တွင် တရုတ်နိုင်ငံမှ ပြန်လာသူ (၁၈) ယောက်၊ စင်္ကာပူနိုင်ငံမှ (၃) ယောက်နှင့် ကာတာနိုင်ငံမှ (၁) ယောက် စုစုပေါင်း (၂၂) ယေက်ကို ပလက်ဝပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ်ထားရှိကာ စောင့်ရှောက်လျက်ရှိသည်။

ယင်းတို့နက် (၁၇) ဦးမှာ စောင့်ကြည့်ရက်ကာလ (၁၄) ရက်ကျော်လွန်ပြီဖြစ်ပြီး ရောဂါလဏ္ခာတစ်စုံတစ်ရာ မတွေ့ရှိရသည့်အတွက် ပြန်လွှတ်လိုက်ပြီဟု ပလက်ဝပြည်သူ့ဆေးရုံမှ ယာယီတာဝန်ခံ ဒေါက်တာအေးကျော်ကပြောသည်။

ယခုလက်ရှိ ပလက်ဝပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာ (၄) ဦးသာကျန်ရှိတော့ပြီး တစ်ဦးမှာ ဆမီးမြို့တွင် Home Quarantine အဖြစ် စောင့်ကြည့်လျက်ရှိကာ ၎င်းတို့၏ ကျန်းမာရေးအခြေအနေသည်လည်း ကောင်းမွန်သည့်အတွက် မကြာမီရက်ပိုင်းအတွင်း စောင့်ကြည့်လူနာအဖြစ်မှ လွတ်မြောက်ကြတော့မည်ဟု ဒေါက်တာအေးကျော်ကဆက်ပြောသည်။

“အခုဆေးရုံမှာရှိတဲ့သူတွေဟာ ဒီနေ့ဆိုရင် အဖျားလုံးဝမရှိတော့ဘူး၊ ချောင်းဆိုတာ၊ နှာစီးတာမရှိဘူး၊ နောက်ထပ် (၃) ရက်လောက်ဆိုရင် စောင့်ကြည့်လူနာအဖြစ်ကနေလွတ်တော့မှာပါ’’ ဟု ဒေါက်တာအေးကျော်ကပြောသည်။

ပလက်ဝမြို့နယ်သည် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားနေသည့်ဒေသဖြစ်ပြီး ယခုလက်ရှိတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့်အပြင် ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားသည့်ဒေသဖြစ်သည်။

ထို့အပြင် တိုက်ပွဲများကြောင့် ရေလမ်း၊ ကုန်လမ်း အစရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်လျက်ရှိသည့်အပြင် ပလက်ဝမြို့နယ်တွင် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများလည်း ပြတ်လတ်တော့မည်ဟုသိရသည်။

ပလက်ဝမြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစိုးသက်ဝင်းက “အဓိက ကတော့ ကိုဗစ်ကာကွယ်ဖို့ နှာခေါင်းစီး (Mask) တို့၊ လက်ဆေးရည် (Handgel) တို့၊ အပူချိန်တိုင်းတဲ့ သာမိုမီတာတို့လိုအပ်တယ်၊ လတ်တလောသုံးဖို့တော့ရှိတယ်၊ ဒါပေမယ့် ကြာလာရင် ပြတ်လတ်တော့မယ့်အနေအထားမှာရှိနေတယ်’’ ဟုပြောသည်။

ပလက်ဝမြို့နယ်သည် အင်တာနက်လိုင်းများဖြတ်တောက်ခံထားသည့်အတွက် Covid-19 နဲ့ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်သော အသိပညာပေးမှုများ၊ ရောဂါအခြေအနေနှင့်ပတ်သက်သော သတင်းများကို ဒေသခံပြည်သူများမှ သိရှိ၍မရနိုင်သည့်အတွက် လက်ကမ်းစာစောင်များ၊ အသံချဲ့စက်များဖြင့် မြို့ပေါ်ရပ်ကွက်တွင် လိုက်လံဆော်သြနေကြရသည်ဟုသိရသည်။

ပလက်ဝမြို့နယ် အင်တာနက်လိုင်းများပိတ်ထားသော်လည်း ပြည်နယ်အစိုးရမှ COVID-19 နှင့်ပတ်သက်ပြီး ဖုန်းဖြင့်သော်လည်းကောင်း၊ မြို့နယ်များထံ တရားဝင်စာများဖြင့် ရောဂါကာကွယ်ရေး အသိပညာပေးမှုများ လုပ်ဆောင်နေကြောင်း ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“အင်တာနက်မရရင်လည်း ကျနော်တို့ ပြည်နယ်ကနေပြီးတော့ မြို့နယ်တွေကို တရားဝင်စာတွေနဲ့ ပို့တာတွေရှိတယ်၊ မတူပီကနေတဆင့် ပြန်ဖြန့်ပေးရမှာ အင်တာနက်မရပေမဲ့ ကျနော်တို့ ဖုန်းလိုင်းတွေရှိတယ်၊ ကြေးနန်းပို့တဲ့လမ်းကြောင်းရှိတယ်၊ တယ်လီဖုန်းနဲ့ပြောဆိုပြီးတော့ ဒီလိုလမ်းညွှန်တာတွေရှိတယ်၊ အခုက တယ်လီဖုန်းလိုင်းတွေရနေတဲ့အတွက် အဲဒီတာဝန်ရှိတဲ့လူတွေကို ပြည်နယ်ကနေ တိုက်ရိုက် လမ်းညွှန်ချက်တွေပေးနေတာတွေရှိပါတယ်၊ အင်တာနက်လိုင်းပေါ်တင်လို့မရပေမဲ့ ကြေးနန်းလမ်းလည်းရှိပါတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ကမ္တာတလွှားလက်ရှိပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါသည် မြန်မာနိုင်ငံတွင်လည်း (၈) ဦးတွေ့ထားပြီဖြစ်ပြီး (၁) ဦးမှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံတွင် သီးသန့်ကုသလျက်ရှိကြောင်း၊ ရန်ကုန်မြို့တွင် (၅) ဦး၊ နေပြည်တော်တွင် (၁) ဦး၊ မန္တလေးမြို့တွင် (၁) ဦး တွေ့ရှိထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.