ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဇွန်လ ၈ ရက်နေ့က ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ ၇ ဦးတွေ့ရှိကြောင်း သိရသည်။
ပလက်ဝဒေသခံတစ်ဦးက “ မနေ့ည ပိုးတွေ့တာ ၇ ဦးရှိတယ်၊ သူတို့က ပလက်ဝမြို့နယ် မြိတ်ဝရွာကပါ၊ ပြည်သူတစ်ဦးကို ဆေး ခန်းလာပို့တာ သူ့မှာပိုးတွေ့လို့ သူနဲ့ထိစပ်သူတွေကိုလည်း ဆေးစစ်တော့ အကုန်လုံးပိုးတွေ့တာ၊ ဆေး ရုံက နိုက်တင်ဂေးခန်းမမှာ ရယောက်စလုုံး သူ့အခန်းနဲ့အတူထားတယ်၊ စိုးရိမ်ရတာက ဆေးခန်း လာပြတဲ့သူက နည်းနည်းအသက်ရှုကြပ်တာတို့ရှိတယ်၊ တခြား ၆ယောက်ကတော့ ကောင်းတယ်” ဟု ပြောသည်။
မြိတ်ဝ ကျေးရွာသည် အိန္ဒိယနှင့်နီးစပ်သော ကျေးရွာ တစ်ရွာဖြစ်သည်။
ပလက်ဝမြို့နယ်၊ မြိတ်ဝကျးရွာကနေ ဆေးခန်းလာပြသူ ထံတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းကြောင့် ပလက်ဝမြို့ပေါ်တွင် စာသင်ကျောင်းများ၊ စျေးများ၊ အများနှင့် သက်ဆိုင်ရာနေရာများကိုလည်း ပိတ်ထားရကြောင်းလည်းသိရသည်။