Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် ဇန်နဝါရီလတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံး

ပလက်ဝမြို့နယ်တွင် ဇန်နဝါရီလတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံး

0
By Editor on February 7, 2023 Headline

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့အကြား ဇန်နဝါရီလအတွင်းက တိုက်ပွဲပေါင်းအနည်းဆုံး ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၆ ယောက် သေဆုံး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု CDF-Paletwa က ထုတ်ပြန်သည်။

ပလက်ဝမြို့နယ် CDF-Paletwa တပ်ရင်း-၂ ထိန်းချုပ်နယ်မြေနယ်အတွင်းရှိ ရှင်းလက်ဝဂိတ်၊ ခုံရွာ၊ ရှင်းလက်ဝနှင့် ခုံရွာကြားတို့တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် CDF-Paletwa, CNA, CJDC -Special Force စသည့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲခဲ့ကြပြီး စစ်ကောင်စီဘက်က ၁၆ ယောက်သေ ဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Paletwa က ယနေ့ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များမှ MA-1 (၁) လက် သိမ်းဆည်းရမိပြီး ရဲဘော် (၂) ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။

ယင်း စစ်ဆင်ရေး နယ်မြေများတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က အချိန်မရွေး စစ်ကြောင်းထိုးနိုင်သဖြင့် ပြည်သူများ သတိရှိစွာဖြင့် သွားလာ လှုပ်ရှားရန် CDF-Paletwa က အသိပေးထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.